တရုတ်မြန်မာ တိုင်းရင်းဆေးစင်တာ ဆိုင်းပုဒ်ဖွင့်ပွဲမန္တလေးတွင်းကျင်းပ
2019-09-07 00:00 source:



တရုတ် မြန်မာတိုင်းရင်းဆေးစင်တာ ဆိုင်းပုဒ်ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၇ရက်နေ့တွင် မန္တလေး၌ကျင်းပခဲ့သည်ဟု တရုတ်သတင်းဌာန မှ သတင်းထောက် ကျန်းသန်းနှင့် ဟွန်ကျိန့်ရှင်းတို့၏ သတင်းပေးပို့ချက်အရ သိရပါသည်။ ဤစင်တာ ဖွင့်ခြင်းအားဖြင့် တရုတ်မြန်မာနှစ်နိုင်ငံ၏ တိုင်းရင်းဆေးကဏ္ဍ အတူတကွဖွံ့ဖြိုးရေးကိုတွန်းအားပေးခြင်းနှင့် တရုတ်တိုင်းရင်းဆေးကိုထွန်းကားစွာသုံးစွဲလာနိုင်ပြီး ရောဂါရှိသူတွေအတွက် လည်း ရောဂါများသက်သာစေပါသည်။

 

 blob.png

ကြွရောက်လာကြသောဧည့်သည်တော်များ တရုတ်-ြမြန်မာတိုင်းရင်းဆေးစင်တာ ဆိုင်းပုဒ်အားဖွင့်လှစ်ပေးခဲ့သည်။ ဓာတ်ပုံ-တရုတ်-ြမြန်မာတိုင်းရင်းဆေးစင်တာ။

 

တရုတ်မြန်မာ တိုင်းရင်းဆေးစင်တာသည် ၂၀၁၈ခုနှစ်တွင် ဖွင့်လှစ် တည်ထောင်ရန် ခွင့်ပြုမိန့်ရရှိခဲ့သည်။ တရုတ်ယူနန်တိုင်းရင်းဆေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေး ပညာဦးစီးဌာနနှင့် မြန်မာရိုးရာတိုင်းရင်းဆေးတက္ကသိုလ်တို့ အတူတကွထူထောင်ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ တိုင်းရင်းဆေးစင်တာ၏ တရုတ်ပိုင်းဆိုင်ရာ တာဝန်ရှိသူ ဝေနင်ရီက စင်တာသည်တရုတ်မြန်မာ နှစ်နိုင်ငံတိုင်းရင်းဆေးပညာကဏ္ဍတွင်နှစ်ဦးနှစ်ဖက် အပြန်အလှန်လေ့လာ သင်ယူခြင်းကိုတစ်ဆင့်တိုးစေခြင်း၊ တိုင်းရင်းဆေးပညာကျွမ်းကျင်မှု သင်တန်းပေးပို့ခြင်း၊ တိုင်းရင်းဆေးပညာ နိုင်ငံတကာတွင် ဝန်ဆောင်မှုပေးခြင်း၊ တိုင်းရင်းဆေးပညာ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် တိုင်းရင်းဆေးပညာပူူးတွဲ သုတေသနဝန်ဆောင်မှုစသည့် နယ်ပယ်များကိုတိုးမြှင့်သွားမည် ဟုပြောကြား ခဲ့ပါသည်။


တရုတ်မြန်မာ တိုင်းရင်းဆေးစင်တာ ဆိုင်းပုဒ်ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့ အခြေစိုက်တရုတ်နိုင်ငံကောင်စစ်ဝန်ရုံး  ကောင်စစ်ဝန်ချုပ် ဝမ်ကျုံရင်၊ တရုတ်နိုင်ငံ ယူနန်တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် လီစစ်ဟွေ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမိုးဆွေ၊ မန္တလေး တိုင်းရင်းဆေးပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိန်းဇော်လင်းတို့က ဖွင့်လှစ်ပေးခဲ့ပါသည်။

 

ယူနန်နှင့် မြန်မာနိုင်ငံသည်တောတောင်ရေမြေချင်းထိစပ်နေပြီး ရောဂါအမျိုး အစား နှင့်ဆေးဝါးကုန်ကြမ်းများသည်လည်းတူညီနေပြီး တိုင်းရင်းဆေးဖလှယ်မှု သည်လည်း ရှည်လျားသည့်သမိုင်းအစဉ်အလာရှိနေပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံရှိတိုင်းရင်းဆေးရုံအချို့တွင် အပ်စိုက်ခြင်းဌာနဖွင့်လှစ်ထားပြီး ဆေးကုသ ရာတွင်လည်း တိုင်းရင်းဆေးအပ်စိုက်ခြင်းပညာကိုအသုံးပြုနေပါသည်။


မန္တလေးမြို့အခြေစိုက်တရုတ်နိုင်ငံကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် ဝမ်ကျုံရင် သည် တိုင်းရင်းဆေးပညာတတ်ကျွမ်းသော မိသားစုမှဆင်းသက်လာပြီး သူ၏ အမြင်အနေနဲ့ တိုင်းရင်းဆေးပညာသည် ယဉ်ကျေးမှုတစ်ခုဖြစ်သည် ထို့ကြောင့် အခြား ဆေးပညာ ယဉ်ကျေးမှုနှင့် ပူးပေါင်းမှုကို နက်ရှိုင်းစွာဖလှယ်သင့်ပြီး တိုင်းရင်းဆေးပညာဆိုင်ရာထူးချွန်သူများကို ပိုမိုမွေးထုတ်သင့်သည် ဟုပြောကြားခဲ့ သည်။


မြန်မာတိုင်းရင်းဆေးပညာသည် ရှေးခေတ်မင်းဆက်မှ ယနေ့တိုင် နှစ်ပေါင်းထောင်ချီရှိသောရှည်လျားသည့်သမိုင်းကြောင်းရှိပြီး ယနေ့တိုင် တိုင်းရင်းဆေးကို အသုံးပြုနေသော မြန်မာလူမျိုးမှာ ၇၀%ရှိပါသည်။


တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ က အမှာစကားပြောကြားရာတွင် မြန်မာတိုင်းရင်းဆေးပညာတက္ကသိုလ်၏အစမှုလမြန်မာတိုင်းရင်းဆေးပညာ သုတေသနဌာန သည် အယူမတူသည့် ကွဲပြားခြား နားသောအုပ်စုမှ တိုင်းရင်းဆေးဆရာဝန်တို့ထူထောင်ထားခြင်းဖြစ်ပါသည်။ ထိုမှတစ်ဆင့် တိုင်းရင်းဆေးပညာ၏တိုးတက်မှုလမ်းစဉ်တွင် အားလုံးပါဝင်ခြင်းကို လိုလားပါသည်။ မြန်မာနိုင်ငံသာမက ပြည်ပတိုင်းရင်းဆေးပညာကိုလည်းသွင်းယူရမည် ဖြစ်ပါသည်။ မြန်မာတိုင်းရင်းဆေးပညာသည် ဆေးဝါးစပ်ခြင်းကဏ္ဍတွင် လေ့လာမှုများ ရှိသော်လည်း ဆေးဝါးထုတ်လုပ်မှုအပိုင်းတွင် တိုးမြှင့်ရန်လိုအပ်နေပါသည် ထို့ကြောင့် တရုတ်နိုင်ငံမှ ကူညီအားပေးမှုကိုပြုလုပ်ပေးရန် မျှော်လင့်ပါကြောင်းပြောကြား ခဲ့ပါသည်။


တရုတ်နိုင်ငံ ယူနန်တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် လီစစ်ဟွေက နှစ်နိုင်ငံပြည်သူလူထု၏ကျန်းမာရေးဖူလုံမှုအပိုင်းတွင် တိုင်းရင်းဆေး စိုက်ပျိုးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းစသည့် နိုင်ငံတကာနှင့် ပူးပေါင်းသုတေသနပြုလုပ်ခြင်းမှတစ်ဆင့် ဒေသတွင်း ဆေးဝါးအရင်း အမြစ်အားကာကွယ်ခြင်းနှင့် ဂေဟစနစ်သဟဇာသဖြစ်မှုတို့တွင်ပူးပေါင်းပြီး တိုင်းရင်းဆေးပညာ၏ ရေရှည်ဖွံ့ဖြိုးခြင်းကို အကောင်အထည်ဖော်ရမည်ဟု အကြံပြု ပြောကြားခဲ့ပါသည်။