ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် ပထမဦးဆုံးရုပ်ရှင် 《တူညီသောကံကြမ္မာ》 မကြာမီပြသမည်
2019-09-08 00:00 source:ပြည်သူ့နေ့စဉ်သတင်းစာ ပြည်ပပိုင်း



ပြည်သူ့နေ့စဉ်သတင်းစာ ပြည်ပပိုင်း 


图片1.png

မှတ်တမ်းရုပ်ရှင်တူညီသောကံကြမ္မာ


တူညီသောကံကြမ္မာရုပ်ရှင်သည်ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် ခေါင်းစဉ် ဖြင့်ရိုက်ကူးထားသော ကမ္ဘာလုံးဆိုင်ရာ ပထမဆုံးရုပ်ရှင်ဖြစ်ပါသည်။ အဝေးပြေး ကုန်တင်ကားတစ်စင်းသည်ရှေးဟောင်းပိုးလမ်းမ ပေါ်တွင်မောင်းနှင်နေပြီး လမ်းတစ်လျှောက်တွင် မတူညီသော ရှုခင်းနှင့် ပုံပြင်များ၏ပြောင်းလဲမှုများဖြင့်ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် တစ်လျှောက်ရှိနိုင်ငံများ၏ ဇာတ်ကောင် ပုံပြင်များကို သရုပ်ဖော်ထားပြီး ပရိသတ်များကိုရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် မှ ကမ္ဘာနိုင်ငံအသီးသီးအတွက် ပြောင်းလဲမှုများ သယ်ဆောင်လာခြင်းကို သိရှိစေပါသည်။


အာဖရိက က မိန်းကလေး GeLuSi သည် တရုတ်နှင့်ပူးပေါင်းတည်ဆောက်ထားသော ရထားလမ်းပေါ်တွင် ခုတ်မောင်းနေသောရထားမှတစ်ဆင့် ကျေးလက်ဒေသ မှထွက်ခွာခဲ့သည်၊ စပိန်နိုင်ငံမှ အသက် ၇၀ရှိသော  လက်မှုစက္ကူတီထွင်သော လက်သမား SangTuoSiသည် စက္ကူပထထမဦးဆုံး တီထွင်သောဇာတိမြို့အန်းဟွေးမြို့သို့ သွားရောက်လေ့လာ ခဲ့သည်၊ ယော်ဒန်ရှိသူဌေးတစ်ယောက်သည် ၁၉ကြိမ်မြောက် အင်တာဗျူးပြီးနောက် တရုတ်နိုင်ငံလျှပ်စစ်စီးပွားရေးလုပ်ငန်းတွင် အလုပ်ရရှိခဲ့ပါသည်၊ တရုတ်စင်းကျန်း ပြည်နယ် ဝီဂါလူမျိုး(Uyghur) ဘတ်စကတ်ဘောလူငယ်တစ်ဦးသည် အပတ်တကုတ်ကြိုးစားပြီး ဘတ်စကတ်ဘောကစားသမား YaoMing နှင့်တွေ့ခွင့်ရခဲ့ပါသည်၊ ကုန်တင်ကားဆရာ WuYingHuaသည် ကွမ်ကျိုးမှ ကာဇက်စတန်သို့ ပို့ဆောင်မှုများတွင် ကုန်ပစ္စည်းများသာမက မျှော်လင့်ချက်များစွာ လည်း ပါဝင်ပါသည်။


ဤရုပ်ရှင်ကားကို ရိုက်ကူးသောဒါရိုက်တာအဖွဲ့သည် နိုင်ငံအသီးသီးမှပါဝင်ပြီး တီထွင်မှုသည်လည်း အာရှ၊ အာဖရိက၊ ဥရောပ၊ တောင်အမေရိကစသည့် ခရီးလမ်း အကွာအဝေး ကီလိုမီတာ ၃သိန်းကိုဖြတ်ကျော်ခဲ့ပြီးဖြစ်ပါသည်။ ရုပ်ရှင်ကားသည် နိုင်ငံအသီးသီးရှိနေရာအနှံ့မှ ခန့်ညားထည်ဝါတင့်တယ်လှပသောရှုခင်းကို ပြသထားပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်  အေးအတူပူအမျှ ခက်ခဲမှုများကို အတူလက်တွဲဖြေ ရှင်းပြီး ချမ်းသာမှုများကိုလည်း အတူမျှဝေခံစားမည်ဟု သာမန်လူတစ်ဦး၏ ရှုထောင့်မှ ကြည့်ရှုပြီး ပုံဖော်ပြထားသောရုပ်ရှင်ဖြစ်သည်။ ရုပ်ရှင်သည် သြဂုတ်လ ၃၀ရက်နေ့တွင် တရုတ်နိုင်ငံတွင် ရုံတင်ပြသခဲ့ပါသည်။