နိုင်ငံနှင့် ဒေသပေါင်း၄၀ကျော်မှ ပုဂ္ဂိုလ်များ “ဒီဂျစ်တယ်ပိုးလမ်းမကြီး” တိုးတက်မှုလမ်းစဉ်အကြောင်း ဆွေးနွေး
2019-09-09 00:00 source: ဆင်ဟွာကွန်ရက်



သတင်းအရင်းအမြစ် ဆင်ဟွာကွန်ရက်


၂၀၁၉ တရုတ် အပြည်ပြည်ဆိုင်ရာစမတ်စက်မှုလုပ်ငန်း ကုန်စည်ပြပွဲ၏ အဓိကလှုပ်ရှားမှုများ ထဲမှ တစ်ခုအဖြစ် သြဂုတ်လ ၂၆ရက်မှ ၂၇ရက်အထိကျင်းပခဲ့သော ဒီဂျစ်တယ်ပိုးလမ်းမကြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတွင်ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ် တစ်လျှောက်ရှိနိုင်ငံနှင့် ဒေသပေါင်း၄၀ကျော်မှ ကဏ္ဍအသီးသီးရှိပုဂ္ဂိုလ်များသည်ဒီဂျစ်တယ်ပိုးလမ်းမကြီး ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုများ  ပြုလုပ်ခဲ့ပါသည်။


ဒီဂျစ်တယ်ပိုးလမ်းမကြီး သည် ဒီဂျစ်တယ်အသွင်စီးပွားရေးအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းခြင်းကို အခြေခံအချက်အလက်အဖြစ်ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ် တစ်လျှောက်ရှိနိုင်ငံနှင့်ဒေသများအကြား သတင်းအချက်အလက် အခြေခံအဆောက်အဦအတူတကွတည်ဆောက်ခြင်း၊ သတင်းအချက်အလက်အတူဝေမျှ ခြင်းကိုတွန်းအားပေးခြင်း၊ သတင်းအချက်အလက်နည်းပညာပူးပေါင်းမှုကို မြှင့်တင်ရန်၊ အင်တာနက်ကုန်သွယ်စီးပွားဝန်ဆောင်မှုနှင့် ယဉ်ကျေးမှုကူးလူးဆက်ဆံရေးကိုတစ်ဆင့် တိုးခြင်း၊ ပိုမိုကျယ်ပြန့်သောဧရိယာ၊ ကျယ်ပြန့်သောကဏ္ဍ၊ ပိုမိုနက်ရှိုင်းသော သတင်းအချက်အလက်စီးပွားရေးကို အတူတကွတိုးတက်အောင်ပြုလုပ်ခြင်း၊ အပြန်အလှန် ယုံကြည်ရသောဥပဒေကိုတည်ဆောက်ခြင်း၊ စီးပွားရေးပေါင်းစည်းခြင်း၊ ယဉ်ကျေးမှုအား ပါဝင်စေသော အင်တာနက် Space “တူညီသောကံကြမ္မာ စသည်တို့ကို လက်တွဲ လုပ်ဆောင်သွားမည်။


ယခုအကြိမ်အစည်းအဝေးတွင် အာဂျင်တီးနား၊ ဥရုကွေး၊ စင်ကာပူ စသည့်ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ် တစ်လျှောက်ရှိနိုင်ငံနှင့်ဒေသပေါင်း ၄၀ကျော်မှ ဝန်ကြီး၊ သံအမတ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ နာမည်ကျော်ကြားသောပညာရှင်၊ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းရှင်စသည့် တရုတ်နှင့် ပြည်ပကိုယ်စားလှယ် ၄၀၀ကျော် တက်ရောက်ခဲ့ပါသည်။


စင်ကာပူသည်ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ် အဆိုပြုချက်တွင် အဓိက ပါဝင်သောနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ တစ်ချိန်တည်းမှာပင် စမတ်မြို့ တည်ဆောက် ခြင်းဆိုင်ရာလုပ်ငန်းလည်ပတ်မှုအပိုင်းတွင် အတွေ့အကြုံအပြည့်အဝရှိပါသည်။ စင်ကာပူ နိုင်ငံသတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ချုပ် အုပ်ချုပ်ရေးမှူး ချိန်ကျဲဟောင်က စင်ကာပူနိုင်ငံ၏စမတ်အတွေ့အကြုံ ကိုတရုတ်နိုင်ငံနှင့်ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ် တစ်လျှောက်ရှိနိုင်ငံများသို့ တိုးချဲ့ရန်မျှော်လင့်သည်ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ် အဆိုပြုချက်၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးသွားမည်။


ချိန်ကျဲဟောင်ကဒီဂျစ်တယ်ပိုးလမ်းမကြီး တည်ဆောက်ရာတွင် နိုင်ငံအသီးသီး၏ ဒေတာအချက်အလက်၊ ဉာဏပစ္စည်းဥစ္စာပိုင်ဆိုင်မှုကာကွယ်စောင့်ရှောက်ခြင်း ဥပဒေရေး ဆွဲခြင်းကိုအလေးပေးရမည်ဖြစ်ပြီး ကျိုးကြောင်းဆီလျော်သော ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း၏ စံချိန်စံညွှန်းနှင့် စည်းမျဉ်းစည်းကမ်းကို ချမှတ်ရမည်။


ဆားဘီးယားကုန်သွယ်ရေး၊ ခရီးသွားနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီအတွင်းရေးမှူး TaJiNa MaDiQi က ဆားဘီးယားတွင် စမတ်မြို့စသည့်ကဏ္ဍတွင် အရေးကြီးသောဖွံ့ဖြိုးတိုးတက်မှုအချက်ကိုပြုစုထားပြီး တရုတ်နိုင်ငံအမျိုးသားဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်စသည့် သက်ဆိုင်ရာ ဝန်ကြီးများနှင့် ကော်မရှင်တို့နှင့် ပူးပေါင်းမိတ်ဖက်ဆက်ဆံရေး အဖြစ်တည်ထောင်ထား ပါသည်။ ဒါ့အပြင် ဆားဘီးယားသည် အာလီဘာဘာစသည့် တရုတ်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဒီဂျစ်တယ်စီးပွားရေးကို ၎င်းနိုင်ငံ၏ပြည်တွင်းဈေးကွက်ထဲသို့ ဝင်ရောက်ရန် တစ်ဆင့်တိုးလုပ်ဆောင်မည်။


တက်ရောက်လာကြသော လူပုဂ္ဂိုလ်များက ဒီဂျစ်တယ်စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၏အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ထင်မှတ်ကြပြီး ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုအသစ်များကို ပံ့ပိုးပေးခြင်းနှင့် သုံးစွဲခြင်း လိုလားချက်အသစ်နှိုးထစေခြင်းကို အဆက်မပြတ် လုပ်ဆောင်နေပါသည်။ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ် တစ်လျှောက်ရှိနိုင်ငံနှင့် ဒေသများသည် ဒီဂျစ်တယ်စီးပွားရေးတိုးတက်မှုအခွင့်အလမ်းကို အမိအရ လုယူဆုပ်ကိုင်သင့်သည် ဒီဂျစ်တယ်စီးပွားရေး တိုးတက်မှု နေရာအသစ်ကိုကျယ်ပြန့်အောင် ပူးပေါင်းဆောင်ရွက်သင့် သည်။


“ ‘ဒီဂျစ်တယ်ပိုးလမ်းမကြီး အားတည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် တံခါးဖွင့်ခြင်းအား အသစ်တစ်ဖန်တွန်းအားပေးခြင်းနှင့် အသစ်တီထွင်ခြင်းမောင်းနှင်အား တိုးတက်ခြင်းကိုဆက်ခံထားခြင်းတို့၏ ကဏ္ဍအသစ်ဖြစ်ပါသည်။ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်း တစ်သွယ် တည်ဆောက်မှုတွင် ခွန်အားအသစ် ထိုးသွင်းပေးခြင်းလည်း ဖြစ်ပါသည်။ အမျိုးသားဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ ညွှန်ကြားရေးမှူး ဟွန်ရုံးက တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ် အသွင်ပြောင်းလဲမှု မြှင့်တင်ရေးတွင် အထောက်အပံ့အသစ်ပေးမှုကို ဆန္ဒရှိရုံမက စွမ်းဆောင်နိုင်စွမ်း လည်း ရှိပါသည်ဟုပြောပါသည်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက် အထူးသဖြင့် ဒီဂျစ်တယ်စီးပွားရေး အုပ်ချုပ်မှုပုံစံအသစ်တည်ဆောက်ရေးအပိုင်းတွင် တရုတ်၏ ဉာဏ်အစွမ်းကိုထုတ်ဖော်ပြသခြင်း၊ တရုတ်၏နည်းလမ်းများကို ထောက်ပံ့ပေးခြင်း၊ တရုတ်၏အင်အားများကို စွမ်းဆောင်မှုပေးသွားမည်။