“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” ယဉ်ကျေးမှုသမိုင်းဓါတ်ပုံပြ စုစည်းမှု - ကမ္ဘာကြီး၏အလှတရားမှာ ကွဲပြားခြားနားသော်လည်း သဟဇာတဖြစ်သည်
2019-09-02 00:00 source: People’s Daily Online – Oversea Edition



အရင်းအမြစ် - People’s Daily Online – Oversea Edition



blob.png


တရုတ်နိုင်ငံမှ ဘူရွန်ဒီနိုင်ငံသို့ ကူညီထောက်ပံ့သော စပ်မျိုးလယ်စပါး စမ်းသပ်စိုက်ခင်း အထွက်နှုန်းကောင်းသဖြင့် မိသားစုဝင်များ ပျော်မြူးနေပုံ။

Photo Credit – Lv Qiang



blob.png


အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မွန်ဂိုတိုင်းရင်းသားများ မင်္ဂလာဆောင် အခမ်းအနား ကျင်းပနေပုံ။

Photo Credit – Song Linji



blob.png

ကုလားအုတ်အဖွဲ့ Zhang Ye Danxia ဒေသအား ဖြတ်သန်းသည့်မြင်ကွင်း။

Photo Credit – Li Wenbo



blob.png

ဟော်လန်နိုင်ငံ Delft မြို့လမ်းမပေါ်တွင် လှပျိုဖြူများ ဟော်လန်ရိုးရာဝတ်စုံ ဝတ်ဆင်သည့်ပုံ။

Photo Credit – Lin Xiaoyi



blob.png

အိန္ဒိယနိုင်ငံ Varanasi မြို့တွင် အမျိုးသမီးများ မင်္ဂလာဆောင်ပွဲတွင် သီဆိုကခုန်နေသည့်မြင်ကွင်း

Photo Credit – Tawpee Comeso (Huawei ဓါတ်ပုံပြိုင်ပွဲဝင်ပုံ)



blob.png

အိန္ဒိယနိုင်ငံ Varanasi မြို့တွင် အမျိုးသမီးများ မင်္ဂလာဆောင်ပွဲတွင် သီဆိုကခုန်နေသည့်မြင်ကွင်း

Photo Credit – Tawpee Comeso (Huawei ဓါတ်ပုံပြိုင်ပွဲဝင်ပုံ)



blob.png

အိုက်စ်လန်နိုင်ငံ Vatnajokull ရေခဲမြစ်အား စူးစမ်းလေ့လာနေပုံ။

Photo Credit – Wang Dajiang



အလှတရားဟူသည် မတူကွဲပြားမှုအား စုစည်းထားခြင်းဖြစ်သည် လူသားယဉ်ကျေးမှု၏ မတူကွဲပြား မှုသည် ကမ္ဘာကြီး၏ အခြေခံလက္ခဏာဖြစ်ပြီး လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံရင်းမြစ်ဖြစ် သည်။ ယဉ်ကျေးမှု မတူကွဲပြားမှုကြောင့် အပြန်အလှန် ဖလှယ်ကြပြီး ဖလှယ်မှုမှတစ်ဆင့် အပြန်အလှန် လေ့လာသင်ယူကြသည်။ အပြန်အလှန် လေ့လာသင်ယူခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်လာကြသည်။ရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်သွယ် ယဉ်ကျေးမှုဖလှယ်ခြင်းအား အဆင့်မြှင့်တင်နိုင်ရန်၊ ဓါတ်ပုံအနုပညာ နှင့် မီဒီယာလှုပ်ရှားမှုဖြင့် လူသားယဉ်ကျေးမှု၊ သမိုင်းမှတ်တမ်းအား မျက်မြင်ကိုယ်တွေ့ သိရှိစေရန်၊ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုအား မြှင့်တင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် People Daily Newspaper မှ ဦးစီးကာ The Palace Museum မှ ပံ့ပိုးပြီး People Daily Newspaper ယဉ်ကျေးမှု မီဒီယာကုမ္ပဏီလီမိတက်၊အမျိုးသားယဉ်ကျေးမှုသမိုင်းမဂ္ဂဇင်းနှင့် People Daily Newspaper “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် ယဉ်ကျေးမှုစင်တာတို့မှ ပူးတွဲဆောင်ရွက်သည့်ရပ်ဝန်းတစ် ခု၊ လမ်းကြောင်းတစ်သွယ် ယဉ်ကျေးမှုသမိုင်းဓါတ်ပုံပြိုင်ပွဲ ပြင်ဆင်ခြင်းလှုပ်ရှားမှုအား တရားဝင် စတင် ခဲ့ပြီး ဓါတ်ပုံပြပွဲအား အောက်တိုဘာလတွင် The Palace Museum တွင် ကျင်းပမည်ဖြစ်သည်။


ယခုတစ်ကြိမ် ဓါတ်ပုံပြိုင်ပွဲသည်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများနှင့် တရုတ်နိုင်ငံမှ သက်ဆိုင်ရာပြည်နယ်၊ ဒေသနှင့် မြို့များ၏ ယဉ်ကျေးမှုအမွေအနှစ်၊ လူနေမှု ဘဝအား အဓိကထား ပြသမည်ဖြစ်သည်။ လက်ရှိအချိန်အထိ ဓါတ်ပုံပြပွဲသည် စာမူပေါင်း ၁၀၀၀၀ ကျော် လက်ခံရရှိပြီး ထိုအထဲမှ လက်ရာတစ်ချို့အား ရွေးချယ်ကာ စာဖတ်သူများအား ဖော်ပြပေးလိုက် ပါသည်။