ယူနန်ပြည်နယ် ဝါးနှင့်ကြိမ်လုပ်ငန်းအသင်း မြန်မာနိုင်ငံ ဝါးထုတ်လုပ်မှုလုပ်ငန်း တိုးတက်မှု အတွက် ထောက်ပံကူ ညီပေး
2019-09-06 00:00 source:Mingala news


ယူနန်ပြည်နယ် စီးပွားရေးဦးစီးဌာန၊ ဘဏ္ဍာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြီး ယူနန်ပြည်နယ် ဝါးနှင့်ကြိမ်လုပ်ငန်းအသင်း မှပံ့ပိုးကူညီသော၂၀၁၉ခုနှစ် ယူနန်ပြည်နယ် နိုင်ငံခြားအကူညီ-- မြန်မာနိုင်ငံဝါးထုတ်လုပ်မှုနည်းပညာ သင်တန်းပေးစီမံကိန်းသည် ၂၀၁၉ခုနှစ် သြဂုတ်လ ၁၈ရက်မှ သြဂုတ်လ ၂၆ရက်နေ့တွင် မြန်မာနိုင်ငံ၌ အဆင်ပြေစွာဖွင့်လှစ်နိုင်ခဲ့ပြီး စီမံကိန်းအသီးသီးသည်လည်း  အောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်ပါသည်။ ဤသည်မှာလည်း မြန်မာနိုင်ငံအစိုးရ၏အားပေးမှုနှင့် သာမန်ပြည်သူများ၏ တစ်ခဲနက်ကြိုဆိုမှုကိုလည်း  ရရှိခဲ့ပါသည်။


သြဂုတ်လ ၁၉ရက်တွင် မြန်မာနိုင်ငံဝါးထုတ်လုပ်မှုနည်းပညာ စီမံကိန်းပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ပါတီဗဟိုကော်မတီ အစည်းအဝေးခန်းမတွင် ဒီမိုကရေစီဗဟိုကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ တိုင်း ၇ခုနှင့် ပြည်နယ် ၇ခုမှ ဒီမိုကရေစီအဖွဲ့ဝင်ကိုယ်စားလှယ် စုစုပေါင်း ၅၀ကျော် အသိပညာပေးသင်တန်းကို ပို့ချခဲ့ပါသည်။


 blob.png

မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်-စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဦး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဗဟိုကော်မတီမှ ဥက္ကဋ္ဌဦးတင်ထွဋ်ဦး၊ စီးပွားရေးကော်မတီနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဗဟိုကော်မတီအဖွဲ့ဝင်၊ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များစသည်တို့ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။


 blob.png

ယူနန်ပြည်နယ်ဝါးနှင့်ကြိမ်လုပ်ငန်းအသင်း ပညာရှင်များအဖွဲ့-LiMaoBiao, SunMaoSheng, LiJiaYun, LiuZhanZhong, QiaoLu, Shenbin စသည်တို့ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြပါသည်။


 blob.png

မြန်မာနိုင်ငံ NLD ဗဟိုကော်မတီအဖွဲ့ချုပ်တွင် အသိပညာပေးသင်တန်းပို့ချနေစဉ်။


 blob.png

ယူနန်ပြည်နယ် ဝါးပင်စိုက်ပျိုးရေးပညာရှင် SunMaoSheng မှ သင်တန်းပို့ချနေစဉ်။


 blob.png

ယူနန်ပြည်နယ်ဝါးယက်ခြင်းဒြပ်မဲ့ယဉ်ကျေးမှုအမွေဆက်ခံသူ ဆရာ LiJiaYunမှ ဝါးယက်ခြင်းလက်မှုပညာ ပြသနေစဉ်။


ဝါးထုတ်လုပ်ခြင်းလုပ်ငန်းသင်တန်းပို့ချခြင်းကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့တွင်သင်တန်းပို့ချခြင်း နှင့်သုတေသနဖလှယ်ခြင်းများပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံသစ်တောထုတ်လုပ်မှုအသင်း၊ မြန်မာနိုင်ငံ ဝါးလုပ်ငန်းသင်တန်း၊ မြန်မာနိုင်ငံသစ်တောသိပ္ပံပညာဌာန၊ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းစသည်တို့ သုတေသနဖလှယ်ခြင်းများပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံကျေးရွာဒေသဝါးစိုက်ပျိုးရေး၊ ဝါးယက်ခြင်း၊ မြစ်ထုတ်ကုန်တိုးမြှင့်ခြင်း၊ ဝါးဆောက်လုပ်ရေးစသည့် နည်းပညာအပိုင်းသင်တန်းပို့ချမှုတွင် နက်ရှိုင်းစွာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံရှမ်းပြည်နယ်နောင်ချိုမြို့နယ် သာလူလူမျိုးစုဝင် ၂၇ယောက်ကို ဝါးထုတ်လုပ်ခြင်းသင်တန်းကို ရက်ပို့ချခဲ့ပါသည်၊ ဒေသံသရအစိုးရနှင့် ဒေသခံပြည်သူများ၏ တစ်ခဲနက် ကြိုဆိုမှုကိုရရှိခဲ့ပါသည်။


ယခုအကြိမ်သင်တန်းပို့ချခြင်းတွင် ဝါးစိုက်ပျိုးခြင်း၊ မြစ်ထုတ်ကုန်တိုးမြှင့်ခြင်း၊ ဝါးယက်ခြင်း လက်မှုအတတ်ပညာစသည့်နယ်ပယ်များကို သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား လယ်သမား ၃၀၀ခန့်ရှိပါသည်။ ဒါ့အပြင် ဝါးထုတ်လုပ်ခြင်းသုတေသနဖလှယ်ခြင်း ၆ကြိမ်ပြုလုပ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအလားအလာ ၄ခုကို ကနဦးသဘောတူညီမှုရရှိခဲ့ပြီး မြန်မာနိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်သူများကို ယုံကြည်မှုကိုလည်းရရှိခဲ့ရုံသာမက ယူနန်ပြည်နယ် ဝါးနှင့်ကြိမ်လုပ်ငန်းအသင်းသည် ရေရှည်နည်းပညာပိုင်းအားပေးထောက်ခံမှုကို ဆောင်ရွက်ပေး ရန်မျှောင်လင့်ပြီး နှစ်နိုင်ငံဖလှယ်မှုနှင့် ပူးပေါင်းမှုကို နက်ရှိုင်းစေရန်ဆောင်ရွက်သွားမည်။ (HaiYun)


 blob.png

မြန်မာနိုင်ငံ သစ်ထုတ်လုပ်မှုအသင်းဥက္ကဋ္ဌ ဒေါက်တာ စိန်ဝင်း၊ မြန်မာနိုင်ငံ ဝါးလုပ်ငန်းသင်တန်းဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ဒုဥက္ကဋ္ဌတို့ ဝါးထုတ်လုပ်မှုပညာရေးဖလှယ်မှုပွဲသို့တက်ရောက်။


 blob.png

ဒုပါမောက္ခချုပ် LiMaoBiao မှသုတေသနစာတမ်းအစီရင်ခံစာပြုလုပ်နေစဉ်။


 blob.png

မြန်မာသစ်လုပ်ငန်းသိပ္ပံသုတေသနဌာနမှ ဌာနမှူး ဒေါ်ချိုချိုဝင်းက အစီရင်ခံစာပြုလုပ်နေစဉ်။


 blob.png

နောင်ချိုသာလူရွာမှ ရွာသားများအား ဝါးလုပ်ငန်းနည်းပညာသင်တန်းပို့ချနေစဉ်။


 blob.png

ဆရာ SunMaoSheng မှ ဝါးစိုက်ပျိုးနည်းအားသင်တန်းပို့ချနေစဉ်။


 blob.png

သင်တန်းပို့ချနေစဉ်။


 blob.png

လက်တွေ့သင်တန်းပို့ချခြင်း-ဝါးစိုက်ပျိုးရေးနည်းပညာ


 blob.png

လက်တွေ့သင်တန်းပို့ချခြင်း-ဝါးအားမပုတ်မသိုးအောင်ထားခြင်းနည်းပညာ


 blob.png

LiJiaYun ဆရာမှ ဝါးယက်ခြင်းပညာကိုလက်တွေ့သင်တန်းပို့ချ။


 blob.png

သာလူရွာမှ ရွာသားများကိုဝါးထုတ်လုပ်ခြင်းစက်ရုံကို လိုက်လံပြသနေစဉ်။


 blob.png

ပညာရှင်များ ဒေသခံအစိုးရ၊ လုပ်ငန်းရှင်းများနှင့် ဖလှယ်မှုများပြုလုပ်နေစဉ်။


 blob.png

ဝါးထုတ်လုပ်ခြင်းသုတေသန ဖလှယ်ခြင်းပြုလုပ်နေစဉ်။


 blob.pngblob.png

ရွာသားများအား ဝါးယက်ခြင်းလုပ်ငန်းသင်တန်းပို့ချနေစဉ်။


 blob.png

ရွာသားများအား ဝါးယက်ခြင်းလုပ်ငန်းသင်တန်းပို့ချနေစဉ်။


 blob.png

ရွာသားများအား ဝါးယက်ခြင်းလုပ်ငန်းသင်တန်းပို့ချနေစဉ်။


 blob.png

တရုတ်မြန်မာ ဝါးဆောက်လုပ်ရေးနည်းပညာရှင်များ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း။ (HaiYun)

 


404 Not Found

404 Not Found


nginx