ရှန်ရှီးပြည်နယ်(ShanXi)ယဉ်ကျေးမှုရှေးဟောင်းစ္စည်းထိန်းသိမ်းကာကွယ်ရေး ပညာရှင်များ မြန်မာနိုင်ငံပုဂံရှိ ဉာဏ်တော်အမြင့်ဆုံးဘုရားပြုပြင်ထိန်းသိမ်း
2019-09-04 00:00 source:အမြစ် ရှီးအမ်းညခင်းသတင်း



ပေါက်ဖော်သတင်း သတင်းအရင်းအမြစ် ရှီးအမ်းညခင်းသတင်း

 

blob.png

သဗ္ဗညုဘုရားထိန်းသိမ်းကာကွယ်ရေးစီမံကိန်းတွင် ပါဝင်သော ရှန်ရှီးလုပ်ငန်းဆောင်ရွက်ရေးအဖွဲ့သားများ၏ စုပေါင်းဓာတ်ပုံ (ဓာတ်ပုံ-ရှန်ရှီးပြည်နယ် ယဉ်ကျေးမှုရှေးဟောင်းပစ္စည်းထိန်းသိမ်းကာကွယ်ရေးသုတေသနဌာန)

 


သြဂုတ်လ ၄ရက်နေ့တွင် ရှန်ရှီးပြည်နယ် ယဉ်ကျေးမှုရှေးဟောင်းပစ္စည်း ထိန်းသိမ်း ကာကွယ်ရေးသုတေသနဌာနမှရရှိသောသတင်းအရ မကြာသေးမီက တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ် ယဉ်ကျေးမှုရှေးဟောင်းပစ္စည်း ထိန်းသိမ်းကာကွယ်ရေးပညာရှင်နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့မှ ပုဂံဘုရားများပြုပြင်ထိန်းသိမ်းရေးအတွက် အားထုတ် ကြိုးပမ်းမှုနှင့် သက်ရောက်သောလုပ်အားစွမ်းရည်များသည် မြန်မာနိုင်ငံအစိုးရ၏ မြင့်မားသော အသိအမှတ်ပြုမှုကို ရရှိခဲ့ပါသည်။

 


မြန်မာနိုင်ငံရှိ ပုဂံသည်ရှည်လျားသောသမိုင်းကြောင်းရှိပြီး ယနေ့တိုင်တည်ထားကိုးကွယ် ထားသောဘုရားစေတီတော်များ ၂၃၀၀ကျော်ရှိပါသည်။ ဗုဒ္ဓဘာသာနှင့် စေတီပုထိုးများ မြောက်များစွာဖြင့် အမည်ကျော်ကြားသောကြောင့် စေတီထောင်သောင်းများစွာ တည်ရှိသောမြို့(လှည်းဝန်ရိုးသံ တညံညံပုဂံဘုရားပေါင်း) ဟုတင်စားခေါ်ဝေါ်ကြသည်။ အာရှတွင် အကြီးမားဆုံး ဗုဒ္ဓရှေးဟောင်းအကြွင်းကျန်များ တည်ရှိသောနေရာထဲမှ တစ်ခုဖြစ်ပါသည်။ သဗ္ဗညုဘုရား ဖြင့် ကျော်စောသော ပုဂံဘုရားများသည်မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာပြန့်ပွားမှုနှင့် ပုဂံမင်းဆက်၏ ခမ်းနားထည်ဝါမှုနှင့် ယိုယွင်းပြောင်းလဲမှုကို မျက်မြင်သက်သေတွေ့ ခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ ရှေးအကျဆုံးဗိသုကာ အဆောက်အအုံ၏ ချုံ့ထားသော ပုံစံငယ်ဖြစ်ပါသည်။ အလွန်မြင့်မားသော သမိုင်း၊ ဘာသာရေး၊ အဆောက်အအုံ၊ အနုပညာစသည့်တန်ဖိုးများရှိပါသည်။ ယခုနှစ် ဇူလိုင်လ ၂၀ရက်နေ့တွင် ပုဂံစေတီပုထိုးနှင့် ရှေးဟောင်းမြို့သည် ယူနက်စကိုအမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခံရပါသည်။

 


သဗ္ဗညုဘုရားသည် ပုဂံရှေးဟောင်းမြို့ရိုး၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး ၁၁၄၄ခုနှစ်တွင် အလောင်းစည်သူမင်းက တည်ထားခြင်းဖြစ်ပါသည်။ ဉာဏ်တော်မှာ ၆၆မီတာအမြင့်ရှိပြီး စေတီပုထိုး၏ကိုယ်ထည်မှာ အုတ်နီခဲဖြင့်တည်ထားသော ဗိသုကာအဆောက်အအုံအမြင့်အမျိုးအစားဖြစ်ပြီး အပြင်ဘက်တွင် အလှတန်ဆာမှာလည်း ကျွမ်းကျင်သော လက်ရာဖြင့်ထွင်းထုထားပါသည်။ ပုဂံ၏ဉာဏ်တော်အမြင့်ဆုံး ဘုရားဖြစ်ပပါသည်။ ပုဂံပြည်သူပြည်သားများ၏ စိတ်နှလုံးသားထဲတွင်လည်း ဘာသာရေးအမြင့်ဆုံးနေရာတွင် တည်ရှိပါသည်။

 


ပုဂံဘုရား၏တောင်ဘက် ခြောက်မြို့၏ အနောက်ဘက် ၂၅ကီလိုမီတာ အကွာတွင် ၂၀၁၆ခုနှစ် သြဂုတ်လ ၂၄ရက်နေ့ ညနေ ၅နာရီတွင် .၈စကေးရှိ ငလျင်ဖြစ်ပွားခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် ဘုရားစေတီပုထိုးပေါင်း ၄၂၃ဆူ ပျက်ဆီးခဲ့ပြီး သဗ္ဗညုဘုရား၏ အပေါ်ဘက် အဓိကအဆောက်အအုံသည် ကြီးမားသောပျက်ဆီးမှုကိုခံခဲ့ရပါသည်။ ငလျင်ပြီးနောက် တရုတ်အစိုးရသည် ချက်ချင်း ရှန်ရှီးအဓိကခေါင်းဆောင်သော ယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းထိန်းသိမ်းကာကွယ်ရေး ပညာရှင်အား မြန်မာနိုင်ငံသို့ ကွင်းဆင်းစစ်ဆေးရေးအတွက် စေလွှတ်ခဲ့ပြီး မြန်မာပုဂံဘုရား ငလျင်ဒဏ်ခံရပြီးနောက် စစ်ဆေးတွေ့ရှိချက်အကဲဖြတ်အစီရင်ခံစာကိုအချိန်မီဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် သဗ္ဗညုဘုရားပြန်လည်ပြုပြင်ခြင်း စီမံကိန်းသဘောတူညီချက်ကို တရုတ်မြန်မာနှစ်နိုင်ငံအစိုးရမှ လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခုနှစ် ဧပြီလတွင် ရှန်ရှီးယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းထိန်းသိမ်းကာကွယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး သဗ္ဗညုဘုရားအား ယာယီအရေးပေါ် ခိုင်ခံ့စေရေးလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ မြင့်မားသော ချီးကျူးမှုကို ခံခဲ့ရပါသည်။ ထိုစီမံကိန်းသည်ယခုနှစ်များအတွင်း နိုင်ငံတော်မှ ပြည်ပကူညီမှုစီမံကိန်းများထဲမှ ငွေကြေးအများဆုံးကုန်ကျထားသော ယဉ်ကျေးမှု အမွေအနှစ် ကူညီခြင်းစီမံကိန်းဖြစ်ပါသည်။ စီးပွားရေးဝန်ကြီးဌာနသည် ရှန်ရှီး ယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးအဖွဲ့အား လုပ်ငန်းဆောင်ရွက်ခြင်းကို လွှဲပြောင်းပေးခဲ့ခြင်းဖြင့် တရုတ်နိုင်ငံသည် နိုင်ငံတကာရှိလုပ်ငန်းတူနယ်ပယ်သို့ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးစွမ်းရည်ကိုထုတ်ပြခဲ့ပါသည်။ ရှန်ရှီး ယဉ်ကျေးမှုရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးအဖွဲ့၏ လုပ်ရည်ကိုင်ရည်ကိုလည်း ပေါ်လွင်ထင်ရှားစေခဲ့ပါသည်။

 


ရှန်ရှီးပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်သုတေသနဌာန၏ ဒုတိယဌာနမှူး ဝမ်ဝေ၊ ရှန်ရှီး ပြည်နယ် ယဉ်ကျေးမှုရှေးဟောင်းပစ္စည်းထိန်းသိမ်းကာကွယ်ရေး သုတေသနဌာန၏ ဒုတိယဌာနမှူး မာထောင်းက နိုင်ငံတကာအဆင့်ယဉ်ကျေးမှု အမွေအနှစ်ထိန်း သိမ်းကာကွယ်ရေး စံထားချက်နှင့် မြန်မာနိုင်ငံ ယဉ်ကျေးမှုရှေးဟောင်းပစ္စည်း ထိန်းသိမ်းကာကွယ်ရေးစည်းကမ်းသတ်မှတ်ချက်ကို သေချာစွာလိုက်နာဆောင်ရွက်မည် ဒေသတွင်းဘာသာရေးနှင့် ထုံးတမ်းဓလေ့ကို ရိုသေလေးစားမည်။ သိပ္ပံနည်းကျခြင်း၊ တာဝန်ရှိခြင်းဟူသော သဘောထားဖြင့် သဗ္ဗညုဘုရား၏ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ နှစ်နိုင်ငံပြည်သူပြည်သားများမှ ပေးအပ်သော ကြီးလေးသည့်တာဝန်နှင့် မျှော်လင့်ချက်ကို သယ်ဆောင်၍ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးအတွက် ပိုများတဲ့အကျိုးဆောင်ရွက်ပေးသွားမည်။