《Fortune》ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှ “ယူနန်ပြည်နယ်အား သိရှိခြင်း” လှုပ်ရှားမှုကျင်းပ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa မှ မိန့်ခွန်းပြောကြား
2019-09-09 00:00 source:Yunnan Daily



ရင်းမြစ် - Yunnan Daily

 blob.png


စက်တင်ဘာ ရက်နေ့တွင် ၂၀၁၉ ခုနှစ်Fortuneကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှုဖိုရမ်မှယူနန် အားသိရှိခြင်း လှုပ်ရှားမှုအား ကျင်းပခဲ့သည်။ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Raun Chengfa မှဂေဟယဉ်ကျေးမှုအုတ်မြစ်အား ခိုင်ခန့်အောင်တည်ဆောက်ခြင်းနှင့် အစိမ်းရောင်ဖွံ့ဖြိုးမှုလမ်းကြောင်း ပေါ်လျှောက်လှမ်းခြင်း၊အစိမ်းရောင် သည် ယူနန်ပြည်နယ်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် တစ်မူထူးခြားသော အောက်ခံအရောင်အဖြစ် ပေါ်ထွက်လျက်ရှိ ခေါင်းစဉ်ဖြင့် အမှာစကား ပြောကြားခဲ့သည်။


ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa သည် ၁၉၉၉ ခုနှစ်တွင် ယူနန်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပခဲ့သည့် ကူမင်းကမ္ဘာ့ဥယျာဉ်ခြံစိုက်ပျိုးရေးပြပွဲအား ပြန်ပြောင်းအမှတ်ရလျက်ရှိသည်။ ထိုအချိန်မှ စတင်ကာ ယူနန်ပြည်နယ်သည် ဂေဟယဉ်ကျေးမှုတည်ဆောက်ခြင်းနှင့် အစိမ်းရောင်ဖွံ့ဖြိုးမှုအပေါ် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့သည်။ Mr. Ruan Chengfa မှ ပြောကြားရာတွင် ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးတွင် အောင်မြင်မှု ကြီးမားစွာ ရရှိနေသည့် သာဓကတစ်ခုဖြစ်သည်။ ကျွနိပ်တို့သည် သမ္မတရှီကျင့်ဖျင်၏ ဂေဟယဉ်ကျေးမှု တွေးခေါ်ယူဆမှုအား မြဲမြံစွာမှတ်သားပြီး အကောင်အထည်ဖော် ဆောင်ရွက်ကာစိမ်းလန်းစိုပြေသော တောတောင်ရေမြေ သည် ရွှေတောင်ငွေတောင်ပင်ဖြစ်သည် အတွေးအခေါ်အား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုအား တစ်ပြိုင်နက် တည်း ဆောင်ရွက်ကာ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟယဉ်ကျေးမှုတည်ဆောင်မှုအား အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်သည်။ စိမ်းလန်းစိုပြေသော တောတောင်ရေမြေ၊ ပြာလဲ့သည့် မိုးကောင်းကင်၊ မြေဆီသြဇာကောင်းမွန်သည် စိုက်ပျိုးမြေအား ကာကွယ်ထိန်းသိမ်းကာ စိတ်ရင်း စေတနာဖြင့် စိတ်နှလုံးအား ချမ်းမြေ့စေသည့် အစိမ်းရောင်ဖွံ့ဖြိုးမှု အဖြေလွှာအား ရေးသာဖြေဆိုမည် ဖြစ်သည်။


Mr. Ruan Chengfa မှ ပြောကြားရာတွင် ယူနန်ပြည်နယ်အနေဖြင့် အစိမ်းရောင်ဖွံ့ဖြိုးမှုအား အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး ကောင်းမွန်သည့် အခြေခံ အချက်အလက်များနှင့် ပြည့်စုံလျက်ရှိသည်။ ယူနန်ပြည်နယ်တွင် အရင်းအမြစ်များနှင့် ဇီဝမျိုးကွဲ ပေါကြွယ်ဝသည်။ နေရာအနှံ့တွင် သဘာဝအလှတရားများဖြင့် ပြည့်နှက်လျက်ရှိသည်။ ယူနန်ပြည်နယ် သည် သဘာဝပတ်ဝန်းကျင် သာယာလှပပြီး လူအများ၏ ရင်ထဲမှ မြင့်မြတ်သည့် ရှန်ဂရီလာဖြစ်သည်။ ယူနန်ပြည်နယ်တွင် တိုင်းရင်းသားမျိုးစုံ မှီတင်းနေထိုင်ကြပြီး ယဉ်ကျေးမှု အရောင်အသွေးစုံလင်သည်။ တိုင်းရင်းသားလူမျိုးများသည် လူသားနှင့်သဘာဝအကြားယှဉ်တွဲနေထိုင်ရေး ဟူသည့် ရိုးရှင်းသည့် တန်ဖိုးထားမှုအား ဆုပ်ကိုင်ထားရှိသည်။ ယူနန်ပြည်နယ်သည် ထူးခြားသည့် တည်နေရာနှင့် ပွင့်လင်း မြင်သာမှုရှိပြီး မိတ်ဆွေအသိုက်အဝန်းမှာ ကမ္ဘာအနှံ့ ပျံ့နှံ့လျက်ရှိကာ အတိုင်းအဆမဲ့ ခွန်အားနှင့် လှုပ်ရှားတက်ကြွမှုဖြင့် ပြည့်နှက်လျက်ရှိသည်။


Mr. Ruan Chengfa မှ ပြောကြားရာတွင် ယူနန်ပြည်နယ်အနေဖြင့်အစိမ်းရောင် အား အရည်အသွေး မြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု၏ ထူးကဲသည့် အောက်ခံအရောင်အဖြစ် ပေါ်ထွန်းစေလျက်ရှိသည်။ မကြာသေးမီနှစ်များအတွင်း ကျွနိုပ်တို့သည်ဂေဟစနစ်သည် ပဓာန၊ အစိမ်းရောင်ဖွံ့ဖြိုးမှုမူဝါဒအား လိုက်နာကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် တစ်စိုက်မတ်မတ် လျှောက် လှမ်းလျက်ရှိသည်။ ထောက်ပံ့မှုခြမ်း ဖွဲ့စည်းမှုပုံစံ ပြုပြင်ပြောင်းလဲမှုအား ဆောင်ရွက်ပြီး ကမ္ဘာ့အဆင့်မီ အစိမ်းရောင်စွမ်းအင်၊ အစိမ်းရောင်အစားအစာ၊ ကျန်းမာသည့် လူနေမှုဘဝအရပ်ဒေသ ဟူသည့်ရည်ရွယ်ချက် ခုအား အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်သည်။ အစိမ်းရောင်ဖွံ့ဖြိုးမှု စွမ်းအား သစ်အား ပြုစုပျိုးထောင်ကာ အစိမ်းရောင်အပေါ် အခြေခံသည့် ခေတ်မီစီးပွားရေးစနစ်အား ကြိုးစား တည်ဆောက်မည်ဖြစ်သည်။ မိမိမျက်လုံးအား ဂရုတစိုက် ကာကွယ်စောင့်ရှောက်သကဲ့သို့ ဂေဟ ပတ်ဝန်းကျင်အား ကာကွယ်စောင့်ရှောက်မည်ဖြစ်သည်။ ညစ်ညမ်းခြင်း (pollution) အား အစွမ်းကုန် တိုက်ဖျက်ပြီး ယူနန်ပြည်နယ်အား တရုတ်နိုင်ငံ၏ အလှပဆုံးပြည်နယ်အဖြစ် တည်ဆောက်မည်ဖြစ် သည်။ ထို့အပြင် ယူနန်ပြည်နယ်အား တရုတ်နိုင်ငံ၏ ဂေဟစနစ်ယဉ်ကျေးမှု တည်ဆောက်မှုတွင် ရှေ့ဆောင်လမ်းပြဖြစ်စေရန် ကြိုးစားဆောင်ရွက်မည်ဖြစ်သည်။ ကျွနိုပ်တို့သည် အသစ်တစ်ဖန် နည်းပညာတော်လှန်ခြင်းနှင့် ကုန်ထုတ်လုပ်မှု အသွင်ကူးပြောင်းခြင်း သမိုင်းအခွင့်အရေးအား အမိအရ ဆုပ်ကိုင်ကာဖုန်းတစ်လုံးဖြင့် ယူနန်ပြည်နယ်အားလှည့်ပတ်ခြင်းဖုန်းတစ်လုံးဖြင့် အရာအားလုံး ဆောင်ရွက်ခြင်းဖုန်းတစ်လုံးဖြင့် ထုတ်ကုန်အားလုံးစုစည်းခြင်း အစရှိသည့်ဖုန်းတစ်လုံး ဝန်ဆောင်မှုအာ တည်ဆောက်မည်ဖြစ်သည်။ လက်တွေ့အသုံးချစမ်းသမ်နှင့် ကုန်ထုတ်လုပ်ငန်းအား လဲလှယ်ခြင်း၊ ဈေးကွက်နှင့် ကုန်ထုတ်လုပ်ငန်းအား လဲလှယ်ခြင်းဖြင့် ဒီဂျစ်တယ်စီးပွားရေးမှ ဦးဆောင် သော အစိမ်းရောင်ဖွံ့ဖြိုးမှုလမ်းကြောင်းသစ်အား ကြိုးစားဖောက်ထုတ်မည်ဖြစ်သည်။ ကျွန်နိုပ်တို့ အနေဖြင့် တည်နေရာအားသာချက်အား အပြည့်အ၀ အသုံးချကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒ ညှိနှိုင်းမှုအား တိုးမြှင့်ဆောင်ရွက်ခြင်း၊ အစိမ်းရောင် အခြေခံအဆောက်အအုံတည်ဆောက်မှုအား အရှိန် မြှင့်တင်ခြင်း၊ အစိမ်းရောင်ကုန်သွယ်ရေးအား ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြင်ပရင်းနှီးမြှပ်နှံမှုပတ်ဝန်းကျင် စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးမှု နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းစေရေး စသည်တို့အား ဆောင်ရွက်မည်ဖြစ်သည်။ ယူနန်ပြည်နယ်အား တောင်အာရှ၊ အရှေ့တောင်အာရှသို့ မျက်နှာမူသော အစိမ်းရောင်ဖွံ့ဖြိုးမှု ဗဟိုစင်တာအဖြစ် တည်ဆောက်မည်ဖြစ် သည်။


ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa မှ ပြောကြားရာတွင် အစိမ်းရောင်ဖွံ့ဖြိုးမှုသည် ယူနန် ပြည်နယ်၏ အိမ်မက်နှင့် အနာဂတ်ဖြစ်သည်။ ကျွနိုပ်တို့အနေဖြင့် အစိမ်းရောင်အယူအဆအား ဖွံ့ဖြိုးမှု ကဏ္ဍအသီးသီး၊ ဖြစ်စဉ်တစ်ရပ်လုံးတွင် ပါဝင်စေပြီး အစိမ်းရောင်စွမ်းအင်၊ အစိမ်းရောင်အစားအစာ ဖွံ့ဖြိုးတိုးတက်စေရန် အာသွန်ခိုက်စိုက်ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် အစိမ်းရောင်ဘဏ္ဍာရေး အား အားပေးထောက်ခံကာ အစိမ်းရောင်နည်းပညာ မြှင့်တင်ခြင်း၊ အစိမ်းရောင်ရင်းနှီးမြှပ်နှံမှုနှင့် အစိမ်းရောင်နေထိုင်မှု တည်ဆောက်ခြင်းအား အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်သည်။ အစိမ်းရောင်အငွေ့အသက်အား စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုသွေးကြော အတွင်း စီးမျောစေကာ အစိမ်းရောင်ဟူတည်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ ထူးကဲသည့် အောက်ခံအရောင်အား ပိုမို တောက်ပြောင်စေရန် ဆောင်ရွက်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် အရည်အသွေးမြင့် အရှိန်အဟုန်ပြင်းစွာ ဖွံ့ဖြိုးတိုးတက်နေသည့် ရွှေရောင်ကာလဖြစ်သည်။ ယူနန် ပြည်နယ် လွတ်လပ်စွာကုန်သွယ်ရေးစမ်းသပ်ဇုန် တည်ဆောက်မှုသည် တရားဝင်ခွင့်ပြုချက် ရရှိပြီး ဖြစ်သည့်အတွက် ဖွံ့ဖြိုးမှုအလားအလာမှာ ပိုမိုပေါ်လွင်လျက်ရှိပြီး ဖွံ့ဖြိုးမှုအနာဂတ်မှာ ပိုမိုတောက်ပ လျက်ရှိသည်။ ကျွနိုပ်တို့သည် နယ်ပယ်ပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဂေဟယဉ်ကျေးမှုအခြေခံ အား အတူတကွတည်ဆောက်ခြင်း၊ အစိမ်းရောင်ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်တွင် အတူလျှောက်လှမ်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုသံစဉ်အား အတူတီးခတ်သီဆိုပြီး အစိမ်းရောင်ဖွံ့ဖြိုးမှု၏ သာလာလှပသည့် ပန်းချီ ကားချပ်အား အတူတကွ ပုံဖော်ရေးဆွဲမည်ဖြစ်သည်။