တရုတ်နိုင်ငံ ယူနန်လင်ချန်းဒေသ : ခေတ်ကိုကျော်လွှားမည့် တီထွင်ဆန်းသစ်မှု
2019-10-09 00:00 source:ယူန်းသတင်း



မူရင်း  -  ယူန်းသတင်း


လင်ချန်းဒေသသည် လန်ချန်းမြစ်နှင့် (နူးမြစ်)သံလွင်မြစ်ဖျားကြားတွင်တည်ရှိပြီး မြောက်ဘက်ယာဉ်စွန်းတန်းဟာ ဤနေရာမှ ဖြတ်သန်းသွားသဖြင့် ယဉ်စွန်းတန်းမျဉ်း ()မျဉ်းဟာ မြန်မာနိုင်ငံနှင့် ဆက်စပ်ပြီး တိုင်းရင်းသားလူနည်းစု (၂၃)စုသည် ဤဒေသတွင် အခြေချနေထိုင်လျက်ရှိသည်။ ကြွယ်ဝသည့်သယံဇာတများ သည် ဤဒေသအတွက် ထူးခြားသည့်အားသာချက်ကိုဖန်တီး၍ မွန်မြတ်သော သဘာဝပတ်ဝန်းကျင်နှင့် ဆန်းကျယ်သည့် တိုင်းရင်းသားပေါင်းစုံယဉ်ကျေးမှုဖြင့် တမူထူးခြားသည့်ဒေသတစ်ခုဖြစ်သည်။  သို့သော်၊ သမိုင်း၊ ပထဝီအနေအထား၊ စီးပွားရေးအခြေအနေ၊ လူမှုပတ်ဝန်းကျင် စသည့် အကြောင်းအမျိုးမျိုး၏ ချုပ်နှောင် မှုကြောင့် ဤထူးခြားသည့်လက္ခဏာရပ်၏ နယ်စပ်အားသာချက်မှာ အခြေခံဆောက်လုပ်ရေးခေတ်နောက်ကျမှုကြောင့် ဤထင်ရှားသည့် ခြားနားမှုသည် ဖွံ့ဖြိုးတိုးတက်မှုမျှော်လင့်နေသည့် လင်ချန်းဒေသအတွက် အရေးပေါ် ဖြေရှင်းရန် လိုအပ်နေသည့်ပြဿနာတစ်ရပ်ဖြစ်ပေသည်။

 

         "ရွှေသော့"ကို တီထွင်ဆန်းသစ်မှု၊ ရှေ့ဆောင်လမ်းပြမှုဖြင့် အားနည်းချက်များကို အားဖြည့်ကာ၊ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေခြင်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။  တီထွင်ဆန်းသစ်မှုရှေ့ဆောင်လမ်းပြဇုန် ဖြစ်သည့် "စီးပွားရေးစမ်းသပ်ဇုန်"ကို တည်ဆောက်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးစေကာ၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံဆောက်လုပ်ရေး၊ တိုင်းရင်းသားယဉ်ကျေးမှု စသည့်ကဏ္ဍများမှ စတင်ထိုးဖောက် ရမည်။ စမ်းသပ်နယ်မြေဟူသည့် "ကုန်သွယ်ရေးလမ်းကြောင်းသစ်"ကို ရှေ့ဆောင်လမ်းပြအဖြစ် ဆောက်လုပ်ရန် ဖြစ်သည်။

လုပ်ငန်းအတွေးအခေါ်များ အဆက်မပြတ် တီထွင်ဆန်းသစ်ကာ၊ ပြီးပြည့်စုံသည့် အလုပ်အကိုင် အခွင့်အလမ်းစနစ်ပျိုးထောင်ပြီး၊ ကြီးမားသည့်စီမံကိန်း အကောင်အထည်ဖော်ရန် တွန်းပို့၍ လင်ချန်းရှိ တိုင်းရင်းသားလူမျိုးစုအသီးသီး၏ နယ်စပ်တိုင်းရင်းသားပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် အဆင့်မြင့်ဇုန်ဟူသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ထိုးဖောက်ရန်ဆုံးဖြတ်ချက်မှာ ဆက်လက်ဖွံ့ဖြိုး တိုးတက်စေမည့် လမ်းကြောင်းပင်ဖြစ်သည်။


         ကြီးမားသောအားသာချက်ဖြင့်

"စီးပွားရေးစမ်သပ်ဇုန်"ကို ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန်ထွန်ယက်ပျိုးထောင် ရမည်။

        

မြစ်ကြီးတစ်သွယ် ဖြတ်သန်းစီးဆင်းကာ၊ မြေသြေဇာကောင်းပြီး လှပဆန်းကြယ်သည့် ဤမြေယာသည် ရှေးဟောင်းလက်ဖက်ပင်တစ်ပင် နှစ်ပေါင်းထောင်ချီရှင်သန်ကာ၊ သီချင်းတစ်ပုဒ်ဟာ လေးမျက်နှာဖြန့်ကျက်သီဆိုကာ၊ သံလမ်းတစ်လမ်းမှာ အိပ်မက်များစွာသယ်ပို့ကာ . . . ရှည်လျားသည့် မြစ်တွင်းမှာ လန်ချန်းမြစ်ဟာ လင်ချန်းဒေသ၏ ကောင်းမွန်သဘာဝပတ်ဝန်းကျင်နှင့် ကြွယ်ဝသည့် တိုင်းရင်းသာယဉ်ကျေးမှု အရင်းအမြစ်ကို မွေးဖွားပေးကာ ၎င်း၏ထူးခြားသည့် ပထဝီအနေအထား ကြောင့် ရှေးခေတ်မှ မျက်မှောက်ကာလအထိ အလွန်အရေးပါသည့် လမ်းကြောတစ်လမ်းဖြစ်ခဲ့သည်။

        

၂၀၁၅-ခုနှစ်၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖင်က ယူနန်ကို ကွင်းဆင်းလေ့လာစဉ် မိန်ကြားချက်အရ ယူနန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးရန် အားသာချက်ဟာ နေရာဒေသက အဓိကကျပြီး တိုးတက်ရန် ကုန်သွယ်ရေးလမ်းကြောင်းဟာ ပွင့်လင်းမှုပေါ်မူတည်ကြောင်း၊ ယူနန်ပြည်နယ်ကို နိုင်ငံ့စီးပွားရေးဗျူဟာထဲတွင် ပါဝင်လုပ်ဆောင်ရန် တောင်းဆိုကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ်နှင့် ယဉ်ကျေးမှုစနစ် တည်ဆောက် ရေး၏ ဦးဆောင်တပ်သားအဖြစ် ပျိုးထောင်ကာ တောင်အာရှနှင့် အရှေ့တောင်အာရှ၏ ဓာတ်ရောင်ခြည် ဗဟိုဌာနတည်ဆောက်ရေးဦးတည်ကာ ခေတ်ကိုကျော်လွှားမည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဖော်ဆောင် လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖင်က ယူနန်ပြည်နယ်၏ "တည်နေရာ()ခု" ရည်ညွှန်းကာ၊ လင်ချန်းစီးပွားရေးဖွံ့ဖြိုးမှု လက်တွေ့အကောင်အထည်ဖော်ရန် အထူးသင့်လျော်ကြောင်းညွန်ကြားခဲ့သည်။

        

ယခုရက်ပိုင်း သတင်းထောက်များက လင်ချန်းမြို့နယ် စီးပွားရေးပူးပေါင်းမှုဇုန်ကို ရောက်ရှိလာကာ၊ မုန်တင့်ချင်းရွှေဟော် ကုန်သွယ်စခန်းရှိ နယ်စပ်စစ်ဆေးရေးဂိတ်အဆောက်အဦးကြီးဟာ မြေပြင်ပေါ်၌ မတ်မတ်ရပ်တည်နေခြင်းကို တွေ့ရှိကြရပြီး ကြီးမားပြန့်ပြူးသည့် ကွန်ကရစ်လမ်းမကြီးဟာ တရုတ်-မြန်မာ နယ်စပ်ဒေသများကို ခိုင်မြဲစွာ ဆက်သွယ်ပေးလျက်ရှိသည်။ "ချင်းရွှေဟော် ကန်သွယ်ရေးစခန်း"သည် ကူမင်းမှ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းနှင့် ရန်ကုန်ဆိပ်ကမ်းဆီသို့ အနီးဆုံးကုန်းလမ်းဆက်သွယ်ရေးလမ်းကြော ဖြစ်ကာ "ရွှေစခန်း"ဟု  တင်စားခံရသည်။ လင်ချန်းနယ်စပ် စီးပွားရေးပူးပေါင်းမှုဇုန် တာဝန်ခံပုဂ္ဂိုလ်မှ မိတ်ဆက်ပြောကြားချက်အရ လင်ချန်းမြို့ဟာ ယူနန်ပြည်နယ်၏ "နယ်စပ်ဂိတ် ()ဂိတ်"အနက် ()ခုသော ဝင်ထွက်ရာဂိတ်ဖြစ်ကာ ပြည်တွင်းရှိ မြို့နယ်()ခုသည် မြန်မာနယ်စပ်နှင့် ဆက်စပ်နေရာ "တဇုန်တလမ်း"B&R စီမံကိန်း အကောင်အထည်ဖော်ဆောင်သည့်နေရာမှာလည်း ဘင်္ဂလာဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးစြင်္ကန်နှင့် ယူနန်ပြည်နယ်မှ တောင်အာရှ၊ အရှေ့တောင်အာရှ တို့၏ဗဟိုရောင်ခြည်ဖြာထွက်သက်ရောက်သောစင်တာဖြစ်ပြီး အစားထိုးမရနိုင်သော အချက်အချအကျဆုံနေရာအဖြစ် ပိုင်ဆိုင်ထားပါသည်။


         "လင်ချန်းဟာ တိုင်းရင်းသားညီညွတ်မှုသရုပ်ပြဇုန် တည်ထောင်ရာမှာ သဘာဝအရင်းအမြစ် ယဉ်ကျေးမှုတည်ဆောရာသရုပ်ဆောင်အဖြစ်၊ တောင်အာရှ၊ အရှေ့တောင်အာရှ ဓာတ်ရောင်ခြည်ဗဟိုဌာနတည်ဆောက်ရေးဖက်မှာ သိသာထင်ရှားသည့် အားသာချက်များသိသာထင်ရှားနေသည်။ ကျွန်ုပ်တို့ သရုပ်ပြဇုန်အသစ်တည်ဆောက်ကာ သမ္မတရှီကျင့်ဖင်၏ ယူနန်ပြည်နယ်အတွက် အရေးကြီးညွှန်ကြားချက်ဖြစ်သည့် "စီးပွားရေစမ်းသပ်ဇုန်"ဟူုသည့် ဇုန်တည်ဆောက်ရန် အားသာချက်နှင့် အခြေခံ အရည်အချင်းရှိသည်။"ဟု လင်ချန်းမြို့နယ် ပါတီအတွင်းရေးမှူး ရန်ဟောက်တုန်းမှ ပြောကြားခဲ့သည်။ လင်ချန်းဟာ နယ်စပ်တိုင်းရင်းသားပေါင်းစုံ ဖွံ့ဖြိုးရန်လိုအပ်သည့် ဒေသဆန်းသစ် မှု အကောင်အထည်ဖော်ရေး ဟူသည့် ဆောင်ပုဒ်ဖြင့် စံပြဇုန်တည်ဆောက်ရန် တင်သွင်းလျှောက်ထားခဲ့ခြင်းဖြစ်ပြီး၊ လင်ချန်းဒေသကို ကမ္ဘာ့ခေတ်သစ်ဇာတ်စင်ကြီးပေါ်သို့ အရောက်ပို့ဆောင်ရမည်ဖြစ်သည်။


အားနည်းချက်ဖြည့်ဆည်းမှု

အရင်းအမြစ်စုဆောင်းကာ "အကွေ့လမ်းကားကျော်ခြင်း"

        

ပြည်နယ်မြို့တော် ကူမင်းမြို့မှထွက်ခွာပြီး လင်ချန်းမြို့အရောက်၊ ရထားလမ်းနှင့် မြန်နှုန်းမြင့် လမ်းမကြီး ကားလမ်းမပေါက်သေး၍ တစ်မြို့လုံးမှ မြန်နှုန်းမြင့်ကားလမ်းမကြီး၏ ဖြတ်သန်းသွားလာသည့် အတိုင်းအတာမှာ (၅၀)ကီလိုမီတာသာရှိသည်။ အခြေခံတည်ဆောက်မှုအားနည်းခြင်း၏ အကျိုးဆက်ကြောင့် အကာအရံရှိသော်လည်း ရှင်သန်ခွင့်မရ၊ အကာအရံရှိသော်လည်း ချမ်းသာကြွယ်ဝခြင်းမရှိဆိုသလို ရှိထားသည့် ပထဝီအနေအထားနှင့် နယ်စပ်အားသာချက်များ အပြည့်အဝစွမ်းဆောင်ခွင့်မရခဲ့ပေ။ ထို့အပြင် တစ်မြို့လုံးမှာ "ကြံ၊လက်ဖက်၊ အသီးအရွက်" အဓိကလယ်ယာထုတ်ကုန်လုပ်ငန်းသုံးနယ်မြေဧရိယာ ဧကပေါင်း (၂၂)သန်း ရှိသော်လည်း လုပ်ငန်းကွင်းဆက်တိုတောင်းခြင်းနှင့် ထပ်တိုးတန်ဖိုးနိမ့်ခြင်းကြောင့် ဒေသခံကုန်းမြင့်လယ်ယာ ထုတ်ကုန်၏ စကေးနှင့် အမှတ်တံဆိပ်တိုးတက်ထွန်းကားခြင်းကို အဟန့်အတားဖြစ်စေသည်။ လူနည်းစု တိုင်းရင်းသားဦးရေသည် စုစုပေါင်းလူဦးရေ၏ ၄၁.% ရှိသော်လည်း ""လူမျိုးယဉ်ကျေးမှုကို အခြေခံထားသည့် လူနည်းစုယဉ်ကျေးမှုမှာ ထုူးခြားဆန်းကြယ်လှသည်။ သို့သော် တိုင်းရင်းသားယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ အလွန်အားနည်းလျက်၊ တိုင်းရင်းသားရေးရာအရင်းအမြစ် သုံးစွဲမှုအားနည်းခြင်း၊ ယဉ်ကျေးမှုဆိုင်ရာထုတ်ကုန်နယ်ပယ်မှာ "တစုတစည်းမရှိ၊ သေးငယ်ခြင်း၊ အားနည်းခြင်း" စသည့် ဖွံ့ဖြိုးတိုးတက်မှုပြဿနာမှာ သိသာထင်ရှားနေသည်။

      

         ပြန်လည်လေ့လာသုံးသပ်ခြင်းဖြင့် လင်ချန်းသည် ဆန်းသစ်တီထွင် သရုပ်ပြဇုန်တည်ဆောက်ပြီး တိုးတက်ဖွံ့ဖြိုးမှုကို ကျော်လွှာစေသည့် "ရွှေသော့"ကို စတင်အကောင်အထည်ဖော်မည်ဖြစ်၍ လက်ရှိစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသည့်အခြေအနေမှ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ခြင်းအားသာချက်အဖြစ် ပြောင်းလဲနေခြင်းကို သက်သေပြကာ၊ ဒေသအားသာချက်ကို ပွင့်လင်းမှုအားသာချက်အဖြစ် စီးပွားရေးတည်ဆောက်မှုစနစ်ဟာ အခြားမြို့နှင့်နှိုင်းယှဉ်လျှင် တမူထူးခြားသည့် "ဝိသေသလက္ခဏာ ()ရပ်" ဟာ ဆန်းသစ်တီထွင်မှုစံပြဇုန်ဆောက်လုပ်ရေးအတွက် လက်ရှိအားနည်းချက်များနှင့် တိုးတက်မှုနှောင့်နှေး စေသည့် ပြဿနာများ ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း။

   

         လင်ချန်းဆန်းသစ်တီထွင်သရုပ်ပြဇုန် တည်ဆောက်မှုလုပ်ငန်းကို လျှင်မြန်စွာ အကောင်အထည် ဖော်ရန်အတွက် ဤကာလအတွင်း နိုင်ငံတော်မှ ရင်းနှီးမြုပ်နှံငွေ၊ နည်းပညာ၊ လူအင်အား၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို သီးခြားအာမခံမှုများ ဆောင်ရွက်ပေးမည်ဖြစ်သည်။ ကျွနု်ပ်တို့ပြည်နယ်မှ <<လင်ချန်းမြို့၏ နိုင်ငံတော်မှ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်ဖြစ်သည့် တီထွင်ဆန်းသစ်မှုသရုပ်ပြဇုန် တည်ဆောက်ရေးအတွက် ထောက်ခံသည့်ဥပဒေစည်းမျဉ်းများ>>ဟူသည့် စည်းမျဉ်းများကို ထုတ်ဝေကာ ဘဏ္ဍာရေး၊ နည်းပညာဆန်းသစ်တီထွင်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပြင်ပသို့ ပွင့်လင်းစေရေး စသည့် ကဏ္ဍ()ခုဖြင့် လင်ချန်းမြို့၏ နိုင်ံတော်ေတော်အဆင့်စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးစံပြဇုန် ဖော်ဆောင်တည်ဆောက်မှူကို ထောက်ပံ့ပေးမည်ဖြစ်သည်။

       

         ကဏ္ဍစုံမှ အရင်းအမြစ်များစုဆောင်းကာ၊ ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကောင်းများကို အတူတကွစီမံပြီး၊ လင်ချန်းအတွက် သရုပ်ပြဇုန်ဆောက်လုပ်ပြီး ပိုမိုအဆင့်မြှင့်တင်ကာ၊ တစ်နိုင်ငံလုံးသို့ ဦးတည်၍ ပြည်တွင်း၊ပြည်ပမှ ပိုမိုကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာရန် ပျိုးထောင်သည့် ကမ္ဘာ့ပလက်ဖောင်းအသစ် ဖြစ်ရမည်။ လင်ချန်းဟာ ထူးခြားရင်းမြစ်မှတဆင့် အားနည်းသည့်စွမ်းရည်ပိတ်ဆို့မှုပြဿနာကို ပြုပြင်ပြောင်းလဲခြင်း ကို ဦးတည်ကာ၊ အစိမ်းရောင်စွမ်းအင်အသုံးပြုခြင်း၊ အစိမ်းရောင်အဆင့်မြင့် လယ်ယာထုတ်ကုန်ထုတ်လုပ်ခြင်း၊ ဆန်းသစ်သောအရင်းအမြစ်များ အကျိုးရှိစွာ သုံးစွဲခြင်း၊ ခေတ်သစ်သတင်းအချက်အလက်နည်းပညာ၊ multi-level အဆင့်ပေါင်းစုံ၊ နယ်ပယ်ကျယ်ပြန့်စွာဖြင့် ပြင်ပလောကနှင့် လက်တွေ့ပူးပေါင်းကာ ဖွံ့ဖြိုးမှုနှောင့်နှေးသည့် ပြဿနာကိုှဖြေရှင်းပြီး တောတောင်ရေမြေအကျိုးကျေးဇူးကို ပြန်လည်"ရှင်သန်"စေရမည်။


အခွင့်အရေးဆုပ်ကိုင်ပြီး

တရုတ်နိုင်ငံ အတွေ့အကြုံ၏ "လင်ချန်းနမူနာ"ကို ဖန်တီးခြင်း


ဆန်းသစ်တီထွင်မှုသရုပ်ပြဇုန် တည်ဆောက်မှုကာလမှာ လင်ချန်းဟာ နယ်စပ်ဒေသကို ဝန်းရံထားခြင်း၊ တိုင်းရင်းသားပေါင်းစုံ ဖွံ့ဖြိုးရန်လိုအပ်သည့်ဇုန် စသည့် အဓိကအချက်()ချက်ဖြင့် ဖွံ့ဖြိုးနှောင့်နှေးစေသည့် "ထူးခြားရင်းမြစ်မှ အားနည်းသည့်စွမ်းရည်ပိတ်ဆို့မှု ပြုပြင်ပြောင်းလဲခြင်း"ပြဿနာကို အင်တိုက်အားတိုက် ဖြေရှင်းပြီး အခြေခံတည်ဆောက်မှုစီမံကိန်းကို အရှိန်မြှင့်တင်ကာ အကောင်အထည်ဖော်ခြင်း၊ အစိမ်းရောင် ထုတ်ကုန်လုပ်ငန်းမြှင့်တင်ရန် လှုပ်ရှားမှု၊ နယ်စပ်ဒေသစီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းလှုပ်ရှားမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးမြှင့်တင်ရန် လှုပ်ရှားမှု၊ အမျိုးသားယဉ်ကျေးမှုအမွေ အနှစ်နှင့် ဖွံ့ဖြိုးရေးလုပ်ရှားမှုများ စသည့် "လှုပ်ရှားမှုကြီး ()ရပ်"နှင့်အတူ အရေးကြီးဆောက်လုပ်ရေး (၁၇)ရပ် နှင့် အဓိကစီမံကိန်း (၉၉)ခု တွဲဖက်အကောင်အထည်ဖော်လျက် လင်ချန်းမြို့ကို နယ်စပ်တလျှောက် အပြည့်အ၀ ပွင့်လင်းသည့် ပတ်ဝန်းကျင်ချစ်ကြည်ရေးထုတ်ကုန် ဖွံ့ဖြိုးမှုစံပြဇုန်၊ တိုင်းရင်းသားထူးခြားရင်းမြစ်သုံးစွဲရေး ဦးဆောင်မှုဇုန်အဖြစ် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

      

         အဆိုပါ အစီအစဉ်အရ လင်ချန်းမြို့ဟာ "တစ်မြို့နယ် လုပ်ငန်းတစ်ခု" သရုပ်ပြမြို့အဖြစ် အားသွန်ခွန်စိုက် အကောင်အထည်ဖော်ကာ၊ လင်ချန်းနယ်စပ်ပူးပေါင်းရေးဇုန် အဆင့်မြှင်တင်ရေး၊ လင်ချန်း စက်မှုဇုန်၊ ကိန်မာအစိမ်းရောင်စားသောက်ကုန်လုပ်ငန်းဇုန် စသည့် "ဇုန်()ဇုန်"ဖြင့်  တစ်မြို့လုံးဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအာမခံပြီး၊ "အိမ်ခြေတစ်ရာသရုပ်ပြကာ၊ အိမ်ခြေတစ်ထောင်ပြုပြင်ခြင်း"စီမံကိန်းဖြင့် ရပ်၊ရွာဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ခြင်း၊ "လှပသောမြို့" "ထူးခြားသောမြို့" "လှပသည့်ရွာ" တည်ဆောက်ရေး လက်တွေ့ဆောင်ရွက်ကာ၊ "လမ်းပေါက်သလောက်ဖောက်လုပ်ခြင်း"စီမံကိန်းအောင်မြင်အောင်အစွမ်းကုန် ဆောင်ရွက်သွားမည်။

        

         "ဆန်းသစ်တီထွင်သရုပ်ပြဇုန် တည်ဆောက်မှုစီမံကိန်းနှင့် မူဝါဒမှာ အားကြီးသောပစ်မှတ်နှင့် စွမ်းဆောင်အားပြည့်စုံကာ၊ ကျိန့်ခန်းမြို့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်နွယ်နေခြင်းဖြစ်သည်။" ကျိန့်ခန်းမြို့ လူမှုစီးပွားဖွံ့ဖြိုးရေး ပြုပြင်ပြောင်းလဲမှုကော်မတီဥက္ကဋ္ဌ ရန်ရွှဲနိမ်က လုပ်ငန်းဆောင်ရွက်မှု နောက်တဆင့်မှာ သရုပ်ပြဇုန်တည်ဆောက်ခြင်းကို ဦးဆောင်မှုထားကာ၊ အခြေခံတည်ဆောက်မှုဆိုင်ရာ မြှင့်တင်ပြီး၊ ကုန်ထုတ်လုပ်ငန်းပြောင်းလဲမှု မြှင်တင်ရေးမြန်ဆန်ခြင်း၊ နယ်စပ်ဖွံ့ဖြိုးရေး အဆင့်မြှင့်တင်ခြင်း၊ ပြည်သူများ၏ သုခချမ်းသာရေးအတွက် ဖော်ဆောင်ပြီး၊ ကျိန့်ခန်းနယ်စပ်ဒေသ အားသာချက်ကို ဖွံ့ဖြိုးမှု အားသာချက်အဖြစ် ပြောင်းလဲခြင်းများအတွက် စံပြဇုန်ဆောက်လုပ်ရေးမှ စတင်ခြေလှမ်းကာ အောင်မြင်မှု ရလဒ်ကို ဖော်ထုတ်မည်ဟု ဆိုသည်။

        

ဆန်းသစ်တီထွင်မှုလုပ်ငန်းစဉ်အတွက် အပြည့်အ၀ ဆောင်ရွက်ပြီး လင်ချန်းမြို့ဟာ နည်းပညာ ဆန်းသစ်မှု၊ အုပ်ချုပ်ရေးစနစ်ဆန်းသစ်မှု၊  စီမံခန့်ခွဲရေး ဆန်းသစ်မှု၊ စီးပွားရေးပုံစံဆန်းသစ်မှုနှင့် လုပ်ငန်းပုံစံဆန်းသစ်မှု စသည့် "လမ်းစဉ်()ရပ်"ကို အဆင့်မြင့် လုပ်ဆောင်၍ အကောင်အထည်ဖော်သွားမည်။ ပြင်ပလောကသို့ ပွင့်လင်းမှုခြေလမ်း မြန်ဆန်စေကာ၊ "ဦးစွာလုပ်ဆောင်ခြင်း နည်းလမ်း()သွယ်"ဖြင့် မြန်မာနိုင်ငံကိုဦးတည်သည့် "လမ်းကြောင်း()ရပ်"ကို ဖော်ဆောင်ကာ၊ ရင်းနှီးမြှုပ်နှံမှု ငွေအင်အား၊ ဉာဏ်ပညာအင်အားများ ဖိတ်ခေါ်ရေးတိုးချဲ့ကာ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်များနှင့် ဘဏ္ဍာရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ခြင်း၊ ဘက်စုံအရင်းအမြစ် စုဆောင်းကာ၊ ပွင့်လင်းသည့်ပုံသဏ္ဍာန်ဖြင့် သရုပ်ပြဇုန်ကို ဆောက်လုပ်မည်။


ဆန်းသစ်တီထွင် သရုပ်ပြဇုန်တည်ဆောက်ခြင်းမှတဆင့် ၂၀၂၀-ခုနှစ်တွင် လင်ချန်းမြို့နယ် နယ်စပ်တလျှောက် ပွင့်လင်းမှု လက်တွေ့အကောင်အထည်ဖော်တည်ဆောက်ရေးမှာ ဆန်းသစ်သည့်ထိုးဖောက်မှုဖြင့်၊ အစိမ်းရောင် ဖွံ့ဖြိုးရေးဟာ ခေတ်ကိုကျော်လွှားမည့် စနစ်သစ် အကောင်အထည်ဖော်၍ အခြေခံတည်ဆောက်ရေးစီမံကိန်းဟာ ကြီးမားသည့်ထိုးဖောက်မှုရရှိပြီး၊ တိုင်းရင်းသားယဉ်ကျေးမှုထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဟာ သိသာထင်ရှားစွာ အောင်မြင်မှုရလဒ်များ ရရှိမည်ဖြစ်သည်။ ကဏ္ဍအသီးသီး၏ အဆက်မပျက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အလိုက်၊ များပြားသည့် နယ်စပ်ဒေသပြည်သူများဟာ ၎င်းစီမံကိန်းများမှ အကျိုးခံစားမှုများစွာ ရရှိမည်ဖြစ်သည်။


404 Not Found

404 Not Found


nginx