“လူထုစံပြပုဂ္ဂိုလ်” ကောင်းတယ်ယုံ
2019-10-02 00:00 source:



လူထုစံပြပုဂ္ဂိုလ် ကောင်းတယ်ယုံ - ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သည့်နေ့ရက်များမှာ အနာဂတ်တွင် စောင့်မျှော်လျက်ရှိသည်

图片1.png


ဗီဒီယို

 


(ဗီဒီယိုစာတန်း) ကောင်းတယ်ယုံသည် လူထုစံပြပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး တိုင်းရင်းသားလူနည်းစု ဆင်းရဲမှုတိုက်ဖျက်ရေး၏ ကိုယ်စားပြုပုဂ္ဂိုလ်လည်းဖြစ်သည်။ ကောင်းတယ်ယုံသည် နှစ်ပေါင်း (၃၀) ကျော်ကြာ တူလုံ (Dulong) တိုင်းရင်းသားတစ်ရပ်လုံး ဆင်းရဲမှုမှ လွတ်မြောက်နိုင်ရေးနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမားစွာ အထောက်အကူပြုခဲ့သည်။

 

         စက်တင်ဘာ ၂၉ ရက် မနက် ၁၀ နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်တံဆိပ် နှင့် နိုင်ငံတော်ဂုဏ်ထူးဆောင်ဆု ဆုပေးအပ်ခြင်းအခမ်းအနားအား ပြည်သူ့ခန်းမတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ပါတီဗဟိုအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖျင်သည် နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်ဂုဏ်ထူးဆောင်ဆု ရရှိသူများအားနိုင်ငံတော်တံဆိပ်ချစ်ကြည်ရေးတံဆိပ်နှင့် နိုင်ငံတော်ဂုဏ်ထူးဆောင်ဆုအား ပေးအပ်ချီးမြှင့်ကာ မိန့်ခွန်းပြောကြားခဲ့သည်။ ယူနန်ပြည်နယ် နုကျန်းပြည်နယ်ခွဲမှ တူလုံတိုင်းရင်းသားအငြိမ်းစား ခရိုင်အုပ်ချုပ်ရေးမှူး ကောင်းတယ်ယုံသည်လူထုစံပြပုဂ္ဂိုလ် ဂုဏ်ထူးဆောင်ဆုအား လက်ခံရရှိ ခဲ့သည်။


 图片2.png


         တူလုံတိုင်းရင်းသား ပါတီဝင်တစ်ဦးဖြစ်သည့် ကောင်းတယ်ယုံသည် မိမိမွေးရပ်ဒေသ ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် အစဥ်တစ်စိုက် ဂရုပြုကာ တိုင်းရင်းသားပြည်သူအားလုံး သာယာကောင်းမွန် သည့် လူနေမှုဘဝ ရရှိရေးအတွက် စဥ်ဆက်မပြတ် ကြိုးစားအားထုတ်လျက်ရှိသည်။ နှစ်ပေါင်း ၄၀ ကျော်ကြာ ကောင်းတယ်ယုံသည် ကူမင်း၊ ပေကျင်းမြို့များသို့ အကြိမ်ကြိမ်သွားရောက်ကာ ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ ကောင်းတယ်ယုံသည် ပြည်သူလူထုမှ အလေးထားသည့်၊ တိုက်ရိုက်ဖြစ်သည့်၊ လက်တွေ့ဆန်သည့် အကျိုးအမြတ်ပြဿနာအား အဓိက တာဝန်အဖြစ် သတ်မှတ်ကာ မိမိအသိစိတ်ဓါတ်ဖြင့် ပြည်သူလူထုအကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့သည်။


图片3.png


         နယ်စပ်ရှိ လူနည်းစုတိုင်ရင်းသားဒေသများအတွက် ထောက်ပံ့ကူညီမှု၊ ဝေးလံသည့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး အတွေးအခေါ် စသည့် ကောင်းတယ်ယုံ၏ စဥ်ဆက်မပြတ် ဂရုပြု၊ တောင်းဆိုမှုများသည် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရ၏ အလေးထားမှုအား တစ်စထက်တစ်စ ပိုမိုရရှိကာ တူလုံကျန်းဒေသအတွက်သာမက ယူနန်ပြည်နယ် နုကျန်းပြည်နယ်ခွဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးမှုများမှာ ပိုမိုများပြားလာခဲ့သည်။ ကောင်းတယ်ယုံသည် အငြိမ်းစားယူပြီးဖြစ်သော်လည်း အနားယူခြင်းမရှိပေ။ အသက်ကြီးပြီဖြစ်သော်လည်း တူလုံကျန်း မြစ်ဝှမ်းတွင် ဆက်လက်အခြေချနေထိုင်ပြီး လုပ်ငန်းခွင်နှင့် တောင်သူအိမ်များသို့ သွားရောက်ကာ စက္ကန့်နှင့်မလပ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။


 图片4.png


         ဂုဏ်ပြုဆုအပ်နှံစဥ် သမ္မတရှီကျင့်ဖျင်သည် ကောင်းတယ်ယုံနှင့် တစ်ရင်းတစ်နှီး ပြောဆို ဆွေးနွေးခဲ့သည်။ ကောင်းတယ်ယုံမှ သတင်းထောက်အား ပြောကြားရာတွင် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံး ဂုဏ်ပြုဆုအပ်နှံသည့် စင်မြင့်ပေါ်တွင် သမ္မတရှီကျင့်ဖျင်အား နောက်ထပ်တစ်ကြိမ် တွေ့မြင်ရသည့်အတွက် အလွန်စိတ်လှုပ်ရှားလျက်ရှိသည်။သမ္မတက ကျွန်တော့်ကို နေကောင်း လားလို့ မေးပါတယ်။ သမ္မတစိတ်ချပါ၊ နေကောင်းပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။


 图片5.png


         ယခုတစ်ကြိမ်တွေ့ဆုံမှုသည် သမ္မတရှီကျင့်ဖျင်နှင့် ကောင်းတယ်ယုံ၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။ ပထမအကြိမ်တွေ့ဆုံမှုမှာ ၂၀၁၅ ခုနှစ် သမ္မတရှီကျင့်၏ ယူနန်လေ့လာရေး ခရီးစဥ်အတွင်း ကူမင်း၌ နုကျန်းပြည်နယ်ခွဲ ကုံစန်း တူလုံတိုင်းရင်းသား၊ နုတိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရခရိုင် ပြည်သူ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ကောင်းတယ်ယုံမှာ တစ်ဦး အပါအဝင်ဖြစ်သည်။


         အဆိုပါအချိန်တွင် သမ္မတရှီကျင့်ဖျင်မှ ကိုယ်စားလှယ်များအား တိုက်တွန်းပြောကြားရာတွင်အသင်တို့သည် နယ်စပ်ဒေသ၊ တောင်ပေါ်ဒေသတွင် နေထိုင်ကြပြီး အဆိုပါဒေသသည် ဆင်းရဲသည့် ဒေသလည်းဖြစ်သည်။ ခေတ်သစ်တရုတ်နိုင်ငံ မထူထောင်မီအချိန်က အဆိုပါဒေသမှ ပြည်သူများသည် ရှေးကျသည့် လူမှုအဖွဲ့အစည်းပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ကြသည်။ ခေတ်သစ်တရုတ်နိုင်ငံ ထူထောင်ပြီး နောက်တွင် ပါတီနှင့်အစိုးရ၏ အလေးထားမှုအောက်တွင် တူလုံတိုင်းရင်းသားများသည် ရှေးကျသည့် လူမှုအဖွဲ့အစည်းမှ ဆိုရှယ်လစ်စနစ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ပထမခြေလှမ်းအား လျှောက်လှမ်းနိုင်ခဲ့သည်။ ၂၁ ရာစုသို့ ရောက်ရှိခဲ့ပြီးနောက်တွင် ကျွန်ုပ်တို့သည် ဒုတိလခြေလှမ်းဖြစ်သည့် တိုင်းရင်းသားပြည်သူ အသီးသီးနှင့် အတူတကွ သာယာကောင်းမွန်သည့်လူနေမှုဘဝ (ရှောက်ခမ်းလူမှုအဖွဲ့အစည်း) သို့ ချီတက် လျှောက်လှမ်းနိုင်ခဲ့သည်။ ထိုသို့လျှောက်လှမ်းရာတွင် ပါတီနှင့်အစိုးရ၊ တစ်နိုင်ငံလုံးရှိ တိုင်းရင်းပြည်သူ အသီးသီးတို့သည် တူလုံတိုင်းရင်းသားအား အစဥ်တစ်စိုက် ဂရုပြုကာ ပံ့ပိုးကူညီလျက်ရှိသည်။


         သမ္မတရှီကျင့်ဖျင်၏ နွေးထွေးသည့် ဂရုစိုက်မှု၊ ပါတီနှင့် နိုင်ငံတော်၏ အားပေးထောက်ခံမှုသည် တူလုံတိုင်းရင်းသားတစ်ရပ်လုံးအား လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေကာ ဆင်းရဲမှုမှ လွတ်မြောက်ရန် အတွက် ကြီးမားသည့် ယုံကြည်ချက်နှင့် ဆုံးဖြတ်ချက်အား လှုံ့ဆော်ပေးနိုင်ခဲ့သည်။ တူလုံကျန်းသည် ခြေတစ်လှမ်းဖြင့် နှစ်ပေါင်းတစ်ထောင်ချီ လျှောက်လှမ်းခဲ့ကာ ကြီးမားသည့် သမိုင်းဝင်ပြောင်းလဲမှုအား ပေါ်ပေါက်စေခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တူလုံကျန်းကျေးရွာအုပ်စု၏ စီးပွားရေးဝင်ငွေမှာ ၂၈.၅၉၉၆ သန်း ယွမ်ဖြစ်ပြီး တစ်ဦးချင်းအသားဝင်ဝင်ငွေ မှာ ၆၁၂၂ ယွမ်ဖြစ်ကာ ယမန်နှစ် အလားတူကာလကထက် ၂၃.% မြှင့်တက်ခဲ့သည်။ ကျေးရွာအုပ်စုအတွင်းရှိ ဆင်းရဲသည့် အိမ်ထောင်စုပေါင်း ၆၁၁ စု၊ လူဦးရေးပေါင်း ၂၂၉၇ ဦးမှာ ဆင်းရဲမှုမှ အလုံးစုံလွတ်မြောက်နိုင်ခဲ့သည်။ ထို့ကြောင့် တူလုံတိုင်းရင်းသားတစ်ရပ်လုံးမှာ ဆင်းရဲမှုမှ လွတ်မြောက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် သမ္မတရှီကျင့်ဖျင်သည် တူလုံတိုင်းရင်းသား များထံ ပြန်စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး တူလုံတိုင်းရင်းသားတစ်ရပ်လုံး ဆင်းရဲမှုမှ လွတ်မြောက် ခဲ့သည့်အတွက် ဂုဏ်ပြုပြောဆိုခဲ့သည်။ ပိုမိုသာယာကောင်းမွန်သည့် လူနေမှုဘဝ ရရှိရေးအတွက် စည်းစည်းလုံးလုံးဖြင့် ဆက်လက်ကြိုးစားကြရန် သမ္မတရှီကျင့်ဖျင်မှ တိုက်တွန်းခဲ့သည်။


         “ဆင်းရဲမှုမှ လွတ်မြောက်ခြင်းသည် ပထမဆုံးခြေလှမ်းသာဖြစ်ပြီး ပိုမိုကောင်းမွန်သည့် နေ့ရက်များ သည် အနာဂတ်တွင် စောင့်မျှော်လျက်ရှိသည် ဟူသည့် သမ္မတရှီကျင့်ဖျင်၏ ပြန်စာအား အကြိမ်ကြိမ် အမှတ်ရလျက်ရှိသည်။ ကောင်းတယ်ယုံမှ ပြောကြားရာတွင် တူလုံကျန်းကျေးရွာအုပ်စုအနေဖြင့် ဂေဟစနစ် ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။ ချောင်ကော် (ဟင်းခတ် အမွှေးအကြိုင်တစ်မျိုး) အပြင် Pueraria Chonglou Morels နှင့် Huangjing အစရှိသည့် ဒေသနှင့်ကိုက်ညီသည့် သီးနှံများအား ဆက်လက်စိုက်ပျိုးမည်ဖြစ်သည်။ ယခုနှစ်မှစတင်ကာ အဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် တူလုံကျန်းဒေသ ဂေဟခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည်ဖြစ်သည်။


         ကောင်းတယ်ယုံမှ ပြောကြားရာတွင်ကျွန်တော်တို့ရဲ့ တာဝန်ဟာ ကြီးလေးလှပါတယ်။ ဘက်ပေါင်းစုံ သာယာကောင်းမွန်တဲ့ လူနေမှုဘဝ (ရှောက်ခမ်းလူမှုအဖွဲ့အစည်း) တည်ထောင်နိုင်ရေး အတွက် အစဥ်တစ်စိုက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံ ပိုမိုကာ အင်အားကြီးမားလာ စေရန်အတွက် ဆက်လက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်


(ဗီဒီယိုစာတန်း) ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်တစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူများသည် သာယာကောင်းမွန်သည့် လူနေမှုဘဝအား ရရှိပိုင်ဆိုင်ကာ နိုင်ငံတော်မှာလည်း ပိုမို အင်အားကြီးမား လာလျက်ရှိသည်။ ပြည်သူလူထု၏ လူနေမှုဘဝမှာ အဆက်မပြတ် တိုးတက်ကောင်းမွန်ကာ နိုင်ငံတော် မှာလည်း နိုင်ငံတကာစင်မြင့်ပေါ်တွင် ပိုမိုအရေးပါလျက်ရှိသည်။ ကျွန်ုပ်နှင့် ထောင်းသောင်းမကသော တရုတ်ပြည်သူများသည် တရုတ်နိုင်ငံ ပိုမို စည်ပင်ဝပြောစေရန်အတွက် ဆုမွန်ကောင်းတောင်းအပ်ပါ သည်။ တစ်နိုင်ငံလုံးရှိ ပြည်သူအပေါင်း ပျော်ရွှင်ဖွယ် အမျိုးသားနေ့ရုံးပိတ်ရက်ဖြစ်ပါစေကြောင်းနှင့် ပိုမို ကောင်းမွန်သည့် လူနေမှုဘဝ ရရှိပိုင်ဆိုင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


404 Not Found

404 Not Found


nginx