တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင် နီပေါနိုင်ငံသို့ သွားရောက်
2019-10-14 00:00 source:ဆင်ဟွာကွန်ရက်


ဆင်ဟွာကွန်ရက်   ၂၀၁၉ခုနှစ် အောက်တိုဘာလ ၁၁ရက် ၁၂း၄၉


နီပေါနိုင်ငံသမ္မတ ဘန်ဒါရီ၏ ဖိတ်ကြားချက်အရ သမ္မတရှီကျင့်ဖျင်သည် နီပေါအိမ်နီးချင်း ချစ်ကြည်ရေး နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်ဖြင့် သွားရောက်ခဲ့ပါသည်။ ယခုအကြိမ်သည် ရှီကျင့်ဖျင် မှ နီပေါနိုင်ငံသို့ပထမဆုံး အကြိမ်သွားရောက်ခြင်းဖြစ်ပေမဲ့ နီပေါနိုင်ငံသည် တရုတ်နိုင်ငံအတွက် မစိမ်းကားပါ။ ဤနေရာသည် လှပသောတောင်တန်းများ၊ ထူးခြားသောယဉ်ကျေးမှုတို့ ရှိပြီး တရုတ်လူမျိုးများသွားချင်ရာ နေရာဖြစ်ပါသည်။ သမ္မတရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့လာရောက် လည်ပတ်ခဲ့သော နီပေါနိုင်ငံ ခေါင်းဆောင်များနှင့် အကြိမ်ကြိမ်တွေ့ဆုံပြီး သူတို့နှင့် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုများ ရှိသည်။ ရှီကျင့်ဖျင်က ဤထူးခြားသော ဒေသတွင် နီပေါနိုင်ငံရှိ သူငယ်ချင်းများနှင့်ရင်းနှီးစွာ ပြောဆိုဆက်ဆံခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ ဆွေးနွေးခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု Master Plan အစီအစဉ် အသစ် ရေးဆွဲနိုင်ရန် မျှော်လင့်ပါသည်။


တရုတ်နှင့် နီပေါ နိုင်ငံသည် တောတောင်ရေမြေ များဆက်နွယ်နေပြီး ခေတ်အဆက်ဆက် ရင်းနှီးဖော်ရွေကြပါသည်။ နှစ်ပေါင်း ၁၆၀၀ခန့်က တရုတ်နိုင်ငံမှ ဆရာတော်ကြီး FaXian နီပေါနိုင်ငံမှ ဆရာတော်ကြီး FuTuoBaTuoLuo တို့သည် အချင်းချင်းနိုင်ငံများသို့ အပြန်အလှန်ခရီးသွားခဲ့ကြပြီး ဆရာတော်ကြီးမှ ပူးပေါင်းဘာသာပြန်သော ဗုဒ္ဓဘာသာဂန္တဝင်သည် ယခုအထိ ဆိုစမှတ်ပြုနေကြသေးပါသည်။ တရုတ်နိုင်ငံ Tang မင်းဆက်တွင် နီပေါနိုင်ငံChiZun မင်းသမီးနှင့် Tubo မှ Zanpu Songtsan Gambo တို့လက်ထပ်ခဲ့ပြီး ဆရာတော်ကြီး XuanZang သည် သကျမုနိ (Sakyamuni) ပွင့်တော်မူသည့် Lumbini တွင် တန်ဖိုးရှိသောစာပေများကို ချန်ရစ်ခဲ့ပါသည်။ ယွမ်မင်းဆက် တွင် နီပေါနိုင်ငံမှ နာမည်ကြီး လက်မှုပညာရှင် ANiGe ဦးဆောင်၍ တရုတ်နိုင်ငံသို့  ရောက်ရှိခဲ့ပြီး ပေကျင်း MiaoYingSi ဘုန်းကြီးကျောင်း White Tower စသည့် ခမ်းနားထည်ဝါသည့် အဆောက်အအုံများကိုပြုပြင်ဆောက်လုပ်ခဲ့ပါသည်။ ထိုသို့သော ကောင်းမွန်သည့် သတင်းကောင်းများသည် နှစ်နိုင်ငံပြည်သူပြည်သားများ ခင်မင်ရင်းနှီးမှုနှင့် အတူလက်တွဲရှေ့ဆက်ခြင်းကို လှုံ့ဆော်ပေးနေပါသည်။

 

တရုတ်နှင့် နီပေါနှစ်နိုင်ငံ ၁၉၅၅ခုနှစ်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင် ကတည်းက နှစ်နိုင်ငံသည် အပြန်အလှန်လေးစား ယုံကြည် ထောက်ခံ ခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံအကြား တန်းတူညီမျှတဲ့ ဆက်ဆံမှု၊ ချစ်ကြည်သော ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန် ကောင်းကျိုးများရရှိစေမှု စသည့် ကဏ္ဍများတွင် အိမ်နီးချင်းနိုင်ငံများထဲက စံပြ ဖြစ်ခဲ့သည်။


တရုတ်နှင့် နီပေါနှစ်နိုင်ငံသည် အချင်းချင်း အပြန်အလှန်အကျိုးပေးသော မိတ်ဖက်နိုင်ငံဖြစ်ပြီး အိမ်နီးချင်းကောင်းလည်းဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေး မူကြီး ၅ချက်ကို အခြေခံ၍ နှစ်နိုင်ငံ နယ်နမိတ်ကို အောင်မြင်စွာ ပိုင်းခြားသတ်မှတ်ခဲ့ပြီး ဟိမဝန္တာတောင်တန်းအား နှစ်နိုင်ငံအားချိတ်ဆက်စေသော ခိုင်မာသည့် ဆက်နွယ်မှုတစ်ခုကို ဖြစ်စေခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်သည် အဓိကအကျိုးစီးပွားနှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် အပြန်အလှန် အားပေးထောက်ခံ မှုကိုခိုင်မြဲစေပါသည်။ နီပေါနိုင်ငံသည် တရုတ်နိုင်ငံ တစ်နိုင်ငံတည်း မူဝါဒကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး မည်သည့်အင်အားစုမှ နီပေါနိုင်ငံ နယ်မြေမှ တဆင့် တရုတ်နိုင်ငံအား ဆန့်ကျင်ရေးလှုပ်ရှားမှုကို ခွင့်မပြုပါ။ နီပေါနိုင်ငံ၏ နိုင်ငံအချုပ်အခြာအာဏာ၊ လွတ်လပ်ခြင်း၊ နယ်မြေပိုင်ဆိုင်မှု ကာကွယ်ခြင်းကိုထောက်ခံ ကြောင်း၊ နီပေါနိုင်ငံမှ နိုင်ငံနှင့် သင့်လျှော်သော နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို စူးစမ်းရှာဖွေခြင်းအား တရုတ်နိုင်ငံမှ ထောက်ခံပါသည်။


တရုတ်နှင့် နီပေါနှစ်နိုင်ငံသည် အချင်းချင်းအကျိုးအမြတ် ခံစားသည့် မိတ်ဖက် ဖြစ်ပါသည်။ နီပေါနိုင်ငံသည် တရုတ်နိုင်ငံ တောင်အာရှဒေသရှိ အရေးကြီးသော ကုန်သွယ်ဖက်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်ဖြစ်ပါသည်။ ယမန်နှစ်၏ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ .၁ဘီလီယံ ရရှိခဲ့ပြီး နီပေါနိုင်ငံတွင် တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ သန်း၃၀၀ကျော် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ နီပေါနိုင်ငံမှလည်း “B&R” တည်ဆောက်ခြင်းတွင် တက်ကြွစွာ ပါဝင်ပြီး နှစ်ဦးနှစ်ဖက်သည် ကားလမ်း၊ ဆိပ်ကမ်း၊ လေဆိပ်၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံစသည့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းနှင့် အဆင့်မြင့်ခြင်း ကိုဆောင်ရွက်ပြီး ဟိမဝန္တာတောင်တန်းကို ကျော်ဖြတ်ပြီး ချိတ်ဆက်ခြင်းကွန်ရက် ပဏာမပုံသဏ္ဍာန်ဖြစ်ပေါ်နေပါပြီ ဤသည်မှာ နှစ်နိုင်ငံအား အဆင်ပြေချောမွေ့စေပြီး ဒေသတွင်းအား အကျိုးခံစားစေမည်။


တရုတ် နီပေါ နှစ်နိုင်ငံသည် အပြန်အလှန်သင်ယူသော အိမ်နီးချင်းများဖြစ်ပါသည်။ တရုတ်နိုင်ငံသည် Lumbini တွင် တည်ဆောက်သော တရုတ်ဘုရားကျောင်းသည် တရုတ်နီပေါ ဘာသာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၏ သင်္ကေတတစ်ခုဖြစ်လာသည်။ နီပေါနိုင်ငံသည် တောင်အာရှတွင် တရုတ်လူမျိုးများပြည်ပသို့ပထမဆုံး သွားရောက်သည့် နိုင်ငံဖြစ်သည် ယခုတွင် နှစ်နိုင်ငံအကြား အပတ်စဉ် ပျံသန်းသောလေကြောင်းခရီးစဉ် ၆၀ခန့် ရှိပါသည်။ နှစ်စဉ်လူပေါင်း သိန်းကျော် အပြန်အလှန်သွားလာကြပါသည်။ နှစ်နိုင်ငံအကြား သူငယ်ချင်းမြို့တော်အဖြစ် စာချုပ်ချူပ်ဆိုသော မြို့ ၁၁မြို့ရှိပါသည်။ နေ့စဉ်အမျှတိုးတက်နေသော ဆက်ဆံရေးသည် နှစ်နိုင်ငံလူမျိုးများအပြန်အလှန်နားလည်မှု ကိုတိုးမြှင့်စေခြင်း၊ နှစ်နိုင်ငံ အသီးသီး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံံ့ပေးပါသည်။


တရုတ် နီပေါ နှစ်နိုင်ငံသည် အပြန်အလှန်ကူညီသော ညီအစ်ကိုများဖြစ်ကြသည်။ ၂၀၀၈ခုနှစ်မှာ တရုတ်နိုင်ငံဝမ်ချွမ်းတွင် ငလျင်အကြီးအကျယ်လှုပ်ခဲ့ပြီး နီပေါအစိုးရနှင့် ပြည်သူများငွေကြေးနှင့် ပစ္စည်းများကို စိတ်အားထက်သန်စွာ လှူဒါန်းခဲ့ပြီး တရုတ်နိုင်ငံ ငလျင်ကာကွယ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အားပေးထောက်ပံ့ပေး ခဲ့ပါသည်။ ၂၀၁၅ခုနှစ် နီပေါတွင် ငလျင်လှုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ ကလည်း မြောက်များစွာသော ကူညီမှုလုပ်ငန်းများကိုချက်ခြင်းဆောင်ရွက်ပေးပြီး နီပေါနိုင်ငံ၏ ဘေးအန္တရာယ်အပြီး ပြန်လည်နေရာချထားမှုနှင့် တည်ထောင်မှု လုပ်ငန်းကိုလည်း ထောက်ပံ့ကူညီခဲ့သည်။ ဤသည်မှာ တရုတ်နီပေါနှစ်နိုင်ငံ အချင်းချင်းကာကွယ် စောင့်ကြပ် ထောက်ကူ ခြင်းဟူသော ညီအစ်ကိုမေတ္တာကို သက်ဝင်ဖော်ပြလိုက်ပါသည်။


ယခုတွင် နီပေါအစိုးရနှင့် ပြည်သူများသည်ဖွံ့ဖြိုးတိုးတက်သောနီပေါ၊ ချမ်းသာသုခနှင့် ပြည့်ဝသော နီပေါလူမျိုး ဆိုသည့် မျှော်မှန်းချက်ရှိရာ ရှေ့သို့ချီတက်နေကြသည်။ တရုတ်အစိုးရနှင့်ပြည်သူများသည်နှစ်တစ်ရာ ရည်မှန်းချက် ၂ခုကို ဦးတည် ကြိုးပမ်းနေကြသည်။ တရုတ်နီပေါနှစ်နိုင်ငံ လူမျိုးသည် အိပ်မက်ချင်း ချိတ်ဆက်၊ ကံကြမ္မာလည်းဆက်စပ်နေသည်။ ခေတ်ကာလ၏ တောင်းဆိုချက်အရ နှစ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေခြင်းဖြင့် ကောင်းမွန်လှပသော အနာဂတ်ကို အတူတကွ ဖန်တီးကြမည်။


ကျွန်တော်တို့သည် မဟာဗျူဟာမြောက်ဆက်သွယ်ရေးပိုမိုနက်ရှိုင်းစေရမည်။ နှစ်ဦးနှစ် ဖက်သည် မြင့်မားသော မဟာဗျူဟာနှင့် ရေရှည်ရှုထောင့်မှ ခေတ်သစ် တရုတ်နှင့် နီပေါနိုင်ငံဆက်ဆံရေး Master Plan ကိုရေးဆွဲရမည်။ နှစ်နိုင်ငံဆက်ဆံရေး အမြင့်တစ်ခုသို့ ရောက်ရှိရန်တွန်းအားပေးရမည်။ ခေါင်းဆောင်အဆင့်ဆက်ဆံရေးကို ဆက်ခံထားပြီး နိုင်ငံရေးအပြန်အလှန်ယုံကြည်ခြင်းကို တိုးမြှင့်စေခြင်း၊ အချင်းချင်း အဓိက အကျိုးအမြတ်အပေါ်တွင် အပြန်အလှန်အားပေးထောက်ခံမှုကို ဆက်လက် ဆောင်ရွက်ရ မည်။ တိုင်းပြည်အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲခြင်းကို ခိုင်မာစေခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကိုဆက်ဆံဝေမျှခြင်း နှစ်နိုင်ငံပြည်သူများကို အကျိုးပြုစေရန်ဆောင်ရွက်ရ မည်။


ကျွန်တော်တို့သည် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရမည်။ နှစ်ဦးနှစ်ဖက်သည် ဟိမဝန္တာကို ဖြတ်၍ အပြန်အလှန်ချိတ်ဆက်ခြင်းကွန်ရက်က ဆောက်လုပ်ခြင်းတွင် ကြိုးပမ်းအားထုတ်ရမည်။ တရုတ်နိုင်ငံသည်  နီပေါနိုင်ငံတွင် တရုတ်လုပ်ငန်းများသည် ထွန်းသစ်စလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေး၊ သဘာဝ ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး၊ စွမ်းအင်၊ ခရီးသွားသည့် ကဏ္ဍ ၄ခု ပူးပေါင်းမှုကို ခိုင်မာစေရန်ဆောင်ရွက်ရမည်။ နီပေါနိုင်ငံ ဒုတိယအကြိမ် ကျင်းပသော တရုတ်အပြည်ပြည်ဆိုင်ရာသွင်းကုန် ကုန်သည်ပြပွဲကို တက်ရောက်ရန်ကြိုဆိုကြောင်း နီပေါနိုင်ငံမှ ထူးခြားသော အားသာသော ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်သွင်းရန်ဖိတ်ခေါ်ပါသည်။ တရုတ်နိုင်ငံသည်လည်း နီပေါနိုင်ငံ၏ ဘေးအန္တရာယ်ပြန် လည်ထူထောင်ရေးလုပ်ငန်းကို ဆက်လက်အားပေးထောက်ခံမည် နီပေါပြည်သူများ၏ စားဝတ်နေရေးကို ပြောင်းလဲမှုအတွက် တက်စွမ်းသမျှ အားပေးခြင်းနှင့် ကူညီခြင်းကိုဆောင်ရွက် သွားမည်။


ကျွန်တော်တို့သည် လူမှု ယဉ်ကျေးမှု ဆက်ဆံရေးကို တိုးချဲ့လိုပါသည်။ နှစ်ဦးနှစ်ဖက် ပညာရေး၊ လူငယ်၊ ခရီးသွားစသည့်ကဏ္ဍများပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည်။ နှစ်နိုင်ငံလေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများ သွားလာလှုပ်ရှားမှုကို တိုးပွားခြင်းကို အားပေးပါသည်။ တရုတ်နိုင်ငံသည် နီပေါနိုင်ငံက ကြီးမှူးကျင်းပသော ၂၀၂၀နီပေါ ခရီးသွားနှစ် လှုပ်ရှားမှုကို အားပေးကြောင်း တရုတ်နိုင်ငံသားများ နီပေါနိုင်ငံသို့ သွားရောက်လှည့်လည်ရန်အားပေးပါသည်။ တရုတ်နိုင်ငံသည် နီပေါနိုင်ငံမှ ထူးချွန်သော လူငယ်များအတွက် ပိုမိုများပြားသော ပညာသင်ဆု စကော်လာကိုကို တိုးမြှင့်ပေးမည်။ နီပေါနိုင်ငံ ထူထောင်ရေးအတွက် လူရည်ချွန်များကို မွေးထုတ်ပေးမည်။ နီပေါနိုင်ငံမှ လူငယ်များ တရုတ်နိုင်ငံသို့ ပညာတော်သင်ရန် ကြိုဆိုပါသည်။


ကျွန်တော်တို့သည် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကိုအားဖြည့်ရမည်။ တရုတ်နိုင်ငံသည် နီပေါနိုင်ငံနှင့် ဥပဒေစိုးမိုးရေးစွမ်းရည်ကို မြှင့်တင်ရေးကိုအားဖြည့်ရန်အားပေးထောက်ခံ ကြောင်း နီပေါနိုင်ငံနှင့်အတူ ဥပဒေစိုးမိုးရေးလေ့ကျင့်သင်တန်းပူးပေါင်းမှုကို အတူတကွ ဆောင်ရွက်သွားမည်။ နှစ်ဦးနှစ်ဖက်သည် နယ်စပ်ကာကွယ်ရေး ဆက်သွယ်မှုကို တိုးမြှင့်ပြီးူ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ထိထိရောက်ရောက်တိုက်ဖျက်ရန်၊ နှစ်နိုင်ငံပြည်သူများနှင့် စီးပွားကူးသန်းဖလှယ်ရေး အဆင်ပြေချောမွေ့စွာဆောင်ရွက်မှုကို ကာကွယ်ပေးသွားမည်။ နှစ်နိုင်ငံစစ်ဘက် အပြန်အလှန်ဆက်ဆံရေး၊ သင်တန်းပေးခြင်း၊ လက်နက်ကိရိယာ နည်းပညာစသည့် ကဏ္ဍများတွင်လည်း လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုခိုင်ခံ့စေရန် နှစ်ဦးနှစ်ဖက် ဆက်လက်ဆောင်ရွက်ရမည်။


ရေစက်ကလေးများသည် ရေကန်ကြီးကိုပြည့်စေနိုင်သည်လို့ နီပေါလူမျိုးများက  ပြောလေ့ရှိပါသည်။ တရုတ်နိုင်ငံအဆို ကလည်းအများအားဖြင့် စုဆောင်းပုံသော ထင်းမီးပုံသည် ပိုမိုထွန်းလင်းတောက်ပသည် ဟုဆိုကြသည်။ နှစ်နိုင်ငံမှ ချစ်ကြည်ရင်း နှီးသော အစဉ်အလာကိုဆက်ခံခြင်းနှင့် ထွန်းကားစေခြင်း၊ မလျှော့သောဇွဲဖြင့် ပူးပေါင်းဆောင်ရွက်မှုကိုချဲ့ထွင်ခြင်းဖြင့် တရုတ်နီပေါနှစ်နိုင်ငံ၏ ဟိမဝန္တာတောင်တန်း ထက်မြင့်သော ချစ်ကြည်ရေးကို အမြင့်တစ်ခုသို့တွန်းတင်နိုင်မည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က  ယုံကြည်ပါသည်။


404 Not Found

404 Not Found


nginx