အာရှဆင် ခြေချော်၍ ရေကန်ထဲတွင် ပိတ်မိနေ တရုတ်နိုင်ငံ ယူနန်ဖူအယ်အယ် မှ အရေးပေါ်ကယ်ဆယ်ခဲ့
2019-10-14 00:00 source:ယူူနန်ကွန်ရက်


ယူူနန်ကွန်ရက်


အောက်တိုဘာလ ၈ရက်နေ့တွင် ဖူအယ်မြို့ စူးမောင်ဒေသ လျိုရွှင်းခရိုင် နန်ပေါင်းဟော်ကျေးရွာကော်မတီ မိုင်းကျူရွာ အနောက်ဘက်တွင် အာရှဆင်အုပ်စု၏ မူမမှန်သော အော်သံများကြားရပါသည်။ ဒေသန္တရ တောရိုင်းအာရှဆင် စောင့်ကြည့်ရေးအဖွဲ့သည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့် ရှုခဲ့ကြရာ တောရိုင်းအာရှဆင် တစ်ကောင်သည် ရွာသားများ စိုက်ပျိုးမြေရေသွင်းလောင်းရန်အတွက် ရေသိုလှောင်ထားသော ရေကန်ထဲသို့ ပြုတ်ကျနေသည်ကိုတွေ့ခဲ့ရပါသည်။


သက်ဆိုင်ရာ ဌာနမှ အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ် ဖြင့်

အာရှဆင်အား ကယ်ဆယ်ခဲ့ပါသည်။

 

 图片1.png

 图片2.png


အနီး တစ်ဝိုက်တွင် တစ်သီးတစ်ခြားဖြစ်နေသော ဆင်အုပ်စုများရှိနေသောကြောင့်

ဝန်ထမ်းများသည် မောင်းသူမဲ့လေယာဉ်ကို အသုံးပြု၍ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးမှုများ ပြုလုပ်ရ ပါသည်။

 

 图片3.png

 图片4.png


အားလုံး ဘေးကင်းလုံခြုံမှုရှိမှ ဝန်ထမ်းများသည် ပိတ်မိနေသော အာရှဆင်အား အနီးအနားရှိ ပြောင်းဖူး စသည့် အစားအစာများကို ကျွေး၍ တူးဖော်စက် တစ်စီးဖြင့် ကယ်ဆယ်မှုကိုဆောင်ရွက်ခဲ့ပါသည်။


 图片5.png

 图片6.png

 

မိနစ် ၂၀ခန့်ကြိုးပမ်းအားထုတ်ပြီးနောက် ဝန်ထမ်းများသည် ရေကန်ဘေးဘက်တွင် မြောင်း တစ်ခု ဖောက်လုပ်ပြီး နောက်ဆုံးတွင် ရေကန်ထဲ၌ ပိတ်မိနေသော အာရှဆင်ကို အောင်မြင်စွာ ကယ်ထုတ် နိုင်ခဲ့ပါသည်။ ဆင်သည် ရေကန်ထဲမှ ထွက်လာပြီးနောက် အနီးနားတွင် ခေတ္တအနားယူပြီး ကမန်းကတန်း သစ်တောထဲသို့ပြန်သွားပါသည်။

 

 图片7.png


အာရှဆင် ပိတ်မိနေသောရေကန်သည် ဒေသခံများမှ စိုက်ပျိုးမြေ ရေသွန်းလောင်းရန်နှင့် နေ့စဉ်အသုံးပြုရန်ရေကို စုဆောင်းထားသောရေကန်ဖြစ်သည်ဟု ဝန်ထမ်းများ၏ ပြောကြားချက် အရသိရပါသည်။ ဤနေရာသည် တောရိုင်းအာရှဆင်များ မကြာခဏ လှုပ်ရှားသွားလာသော နေရာမဟုတ်ပါဘူး။ ဒါကြောင့် နောက်တစ်ဆင့် အနေဖြင့် တောရိုင်းတိရိစ္ဆာန်ကာကွယ်ခြင်း စစ်ဆေးခြင်းနှင့် အားဖြည့်ခြင်းကို ပြုလုပ်သွားမည်။ ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းနှင့် အာရှဆင်များနှင့် အခြားတောရိုင်းတိရိစ္ဆာန်များ၏ ဘေးအန္တရာယ်ကိုလည်း ကာကွယ်ပေးခြင်းကို တစ်ပြိုင်နက်တည်းလုပ်ဆောင်သွားမည်။

 

 

 


404 Not Found

404 Not Found


nginx