ရောင်စုံယူနန် အလှယာဉ် တီအမ်မိန်တွင် ဂုဏ်ယူစွာ ပြသ ၈၃ စက္ကန့်အတွက် နှစ်ဝက်ပြင်ဆင်
2019-10-13 00:00 source:ယူနန်ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန


ယူနန်ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန


အောက်တိုဘာလ ၁ရက်နေ့နံနက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ခြင်း နှစ် ၇၀ပြည့်နှစ် အား ဂုဏ်ပြုပွဲကျင်းပသော ဆင်နွှဲမှုအခမ်းအနားတွင် နေရာဒေသအနှံ့၏ သွင်ပြင် လက္ခဏာကိုဖော်ပြနေသော အလှယာဉ်သည် ChangAn လမ်းမှတစ်ဆင့် အစဉ်တကျ ထွက်လာပြီး တီအမ်မိန် ရှေ့တွင် မတူညီသော လှပကိုယ်စီ အလှယာဉ်များ အစွမ်းကုန် ထုတ်ဖော်ပြသနေပါသည်။


ယူနန်နေ့စဉ်သတင်းစာ မှ သတင်းထောက် သည် ပေကျင်းမြို့သို့ သွားရောက်ခဲ့ပြီး အလှယာဉ်များနောက်ကွယ်ရှိ လူအများ မသိသေးသော ပုံပြင်များကို ဖော်ပြမည်ဖြစ်ပါသည်။ အလှယာဉ်များ စုစည်းရာ ပေကျင်း  အလုပ်သမားအားကစားရုံတွင် ယူနန်ရောင်စုံ ဟု အမည်ရှိသော အလှယာဉ်သည် လူအများ၏ အမြင်အာရုံကို ဆွဲဆောင်နေပါသည်။ သူသည် တရုတ်အိပ်မက်အား အားလုံးနှင့်အတူ တည်ဆောက်မည် ဟူသော ခေါင်းစဉ်ဖြင့် တီထွင်ထားတာဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ရေးတိုးတက်မှု စံပြ၊  ဂေဟ ယဉ်ကျေးမှု တည်ဆောက်ခြင်းရှေ့ဆောင်အဖြစ်၊ တောင်အာရှ အရှေ့တောင်အာရှသို့ ဖြာထွက် သက်ရောက်ခြင်းစင်တာ နေရာ သတ်မှတ်ချက် ခု ဖြင့် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။


ယာဉ် Body ပေါ်တွင် OBOR အဆိုပြုချက် ကို ကိုယ်စားပြုသောနီယွန် တံတားပုံပါရှိပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ခြင်းအယူဝါဒ ကို ဖော်ဆောင်သော တောတောင်တိမ်ပုံ၊ ဥဒေါင်းအကခါးစည် ကိုလည်းထည့်သွင်းထားပါသည်။ ရုပ်ပုံ၊ အဆင်တန်ဆာနှင့် အသေးစိတ် အပြင်အဆင် စသည်တို့သည် ထူးခြားသောအဓိပ္ပါယ်ရှိပါသည်။


အလှယာဉ် အရှေ့ဘက်တွင် ဆင်ကြီးနှစ်ကောင်နှင့် ဆင်လေးနှစ်ကောင် ရှိပြီး စည်းလုံးခြင်း၊ အင်အားနှင့် သင့်မြတ်ခြင်းကို ကိုယ်စားပြုပြီး မင်္ဂလာ ရှိခြင်း ကိုလည်းဖော်ဆောင်ပါသည်။ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားဌာန ရုံးမှ ဒုတိယ သုသေတီ PanGuang YouZhu က ရောင်စုံ ပန်းမန်များသည် လှပသောယူနန်ကို ဖော်ဆောင်ပြီး ပန်းမန်များရောင်စုံဖြင့် ဝေဆာ၊ တိုင်းရင်းသားလူမျိုးများ စည်းလုံးခြင်း ဆိုသော အဓိပ္ပာယ်ကိုလည်းဖော်ဆောင်ပါသည်။ ဥဒေါင်းသည် ယူနန်၏ ထူးခြားသော အစိမ်းရောင်ဥဒေါင်းဖြစ်ပါသည်။ ဥဒေါင်း၏ မြီးတံသည် ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ကျောက်မျက်ရတနာ ကိုးလုံး ရှိပါသည်။ ဤသည်မှာ ယူနန်ပြည်နယ်၏ လှပသော ကုန်းမြင့် ရေကန်ကိုးခုကို ကိုယ်စားပြုပါသည်။

 

 图片1.png


ရောင်စုံယူနန် အလှယာဉ်သည် ရိုးရှင်း၊ မှတ်မိရလွယ်ကူခြင်းတို့သည် ဒီဇိုင်းရေးဆွဲသူတို့၏ အကြိမ်ကြိမ်အခါခါ လေ့လာတီးခေါက်ခြင်းနှင့် ဂရုတစိုက်ဖန်တီးထားခြင်းကြောင့် ဖြစ်ပါသည်။

 

ဤဒီဇိုင်းကို ကျွန်တော်တို့သုံးခု ထုတ်လုပ်ခဲ့ပြီး လွတ်လပ်စွာစဉ်းစားခြင်း၊ ဖန်တီးခြင်းဟူသော ရှုထောာင့်မှ စတင်ဖန်တီးခဲ့ပါသည်။ ယူနန်အနုပညာ တက္ကသိုလ်ဌာနမှ ဆရာ LiYaoHui က ကျောင်းအသင်းမှ လွတ်လပ်ခြင်း၊ သက်ဝင်ခြင်း၊ ပျော်ရွှင်ခြင်း၊ တက်ကြွခြင်းစသည့် အတွေးဖြင့် နောက်ဆုံး တွင် တရုတ်အိပ်မက်အား အားလုံးအတူတကွ တည်ဆောက်မည် ဟူသော ခေါင်းစဉ်ကို အတည်ပြုရွေးချယ်ခဲ့ပါသည်။

 

 图片2.png


အလှယာဉ်ခေါင်းစဉ်သည် တောက်ပထင်ရှားသော၊ ပုံစံအမျိုးမျိုး၊ ရောင်စုံ ကာလာစုံသော၊ လမ်းကြောင်းဖြောင့်ဖြန်းပြေပြစ်ခြင်း၊ နက်ရှိုင်းသော အမှတ်အသားဖြစ်ပြီး စိစစ်မှု အကြိမ်ကြိမ်တွင် ပေကျင်းသက်ဆိုင်ရာဌာန မှ အမြင့်ဆုံးအတည်ပြုချက်ပေးပြီး တရုတ်ဗဟိုကော်မတီ အနုပညာဌာမှ တည်းဖြတ်အမှတ်ပေးသူလည်းပြီးပြည့်စုံခြင်းဆိုသော အကဲဖြတ်မှုကို ပေးခဲ့ပါသည်။ ဒါပေမဲ့ ဒီ ၂၇. တန် ရှိသော ထုထည်ကြီးမားသည့် အရာတ္ထုသည် မတ်လမှ စ၍ ဒီဇိုင်းတီထွင် ပြုလုပ်ပြီး ယူနန်မှ ပေကျင်းသို့ တိုက်ရိုက်ပို့ဆောင်ခဲ့သည်၊ နိုင်ငံ တစ်ဝှမ်းရှိ ပြည်နယ်အသီးသီး(ဒေသ၊ မြို့)များထဲမှ သယ်ယူပို့ဆောင်မှု အဝေးဆုံး၊ လူအများဆုံး၊ အချိန်ယူမှု အကြာဆုံးစသည့်အချက်များစွာ ဖြင့် စံချိန်တင်ခဲ့သည်ကို အားလုံးက စဉ်းစားမိမှာမဟုတ်ပါဘူး။

 

အကောင်းသတဲ့ အကောင်းဆုံးကိုရွေးချယ်ရမည်။ ယူနန်ပြည်နယ် စက်မှုလုပ်ငန်းနှင့် အချက်အလက်ဆိုင်ရာပစ္စည်းစက်ရုံ ဌာန ညွှန်ကြားရေးမှူး ShiZhenKun က တစ်စုံတစ်ရာမှ အမှားတစ်ခုမျှ မဖြစ် ပေါ်စေရန်အလှယာဉ်၏ ဖြစ်နိုင်ချေ၊ အန္တရာယ်ကင်းရှင်းရေးစသည့် အပိုင်းတွင် သေချာလေးနက်စွာ ရွေးချယ်ခြင်း၊ စောင့်ကြပ်ခြင်း  နောက်ဆုံးတွင် အလှယာဉ်ကားကိုယ်ထည် ပြုပြင်ပြောင်းလဲရန် ယူနန်အာကသ ShenZhou အား ရွေးချယ်ခဲ့ပါသည်။

 

ယူနန်အာကသShenZhou ကားလုပ်ငန်း သည်အာမခံခြင်း ကြိမ်ဖန်များစွာ တာဝန်ယူခဲ့ပြီး ဒုတိယ အထွေထွေမန်နေဂျာXie Feng က ယခုအကြိမ်တာဝန်ယူမှုအပေါ် အလွန်ယုံကြည်မှုရှိကြောင်းပြောပါသည်။ သူက သတင်းထောက်အား အလှယာဉ် ထူးခြားချက် ၄ခုကို အသေးစိတ်ပြောကြားခဲ့ပါသည်။ ပထမမှာ အလှယာဉ်သည် တံခါးဖွင့်ခြင်း ဒီဇိုင်းကို အသုံးပြုထားပါသည်။ ဒုတိယ အချက်မှာ အလှယာဉ် တစ်ခုလုံးသည် aluminum alloy ဒီဇိုင်းကို အသုံးပြုထားပြီး အလေးချိန်မှာ အခြားပြည်နယ်များထက် ၂တန်ပျော့ပါးပါသည်။ တတိယ အချက်မှာ လျှပ်စစ်ပိုင်းတွင် ဗို့အားအမြင့်မှ အနိမ့်သို့တွန်းအားပုံစံကို အသုံးပြုထားပြီး အလှယာဉ်၏ လျှပ်စစ်အန္တရာယ်ကို လုံခြုံမှုရှိစေပါသည်။ စတုတ္ထုအချက်မှာ အပြင်ဒီဇိုင်း၏အမြင်ဝင်မှု ၉၉%အထက်ရှိပါသည်။

 

 图片3.png


အလှယာဉ် ၏ဒီဇိုင်းမှ ပြုပြင်ခြင်း၊ ပုံစံပြောင်းခြင်းအထိ နှစ်ဝက်အချိန်ယူရပြီး တီအမ်မိန်တွင် အလှပြသည်မှာ ၈၃စက္ကန့်ရှိပါသည်။ အဲဒီ ၈၃စက္ကန့် အတွက် ယူနန်နယ်စပ်မှ မြို့တော်ပေကျင်းအထိ နေ့စဉ်ပြုပြင်မွမ်းမံခြင်းမှ နေ့စဉ် အလှည့်ကျ ဂျူတီဖြင့် ထိန်းသိမ်းစောင့်ရှောက်ပြီး လူဝန်ထမ်းတာဝန်ချခြင်းမှ ကားစက်နှိုးသည် အထိ လမ်းခရီးစဉ်တစ်ခု၊ လုပ်ငန်းအစီအစဉ်တစ်ခုတိုင်း၊ တာဝန်ထမ်းဆောင်သည့် နေရာတစ်ခုတိုင်း အားလုံးသည် စမ်းသပ်ခြင်းကို ခံနေရပါသည်။

 

အမြဲတမ်းညလုံးပေါက် မိုးလင်းသည်အထိ၊ ညီအစ်ကိုများ၏ မျက်စိထဲတွင် သွေးကြောနီများကို ရှိနေပါသည်။ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားဌာန စမတ်ခရီးသွားရုံးခန်းမှ သုတေသီLiWeiSen က ကြောင်းကို ပြန်တွေး၍ ပြောဆိုရာတွင် မျက်ဝန်များအနည်းငယ်နီလာပါသည်။ သူသည် ရောင်စုံ ယူနန် အလှယာဉ် ခေါင်းဆောင်လည်းဖြစ်ပါသည်။ အလှယာဉ်၏ အနေအထား၊ ညွှန်ကြားသူအဖြစ် တာဝန်ယူရပါသည်။


LiWeiSen က သြဂုတ်လသည် လေ့ကျင့်မှုအပြင်းထန်ဆုံး အချိန်ဖြစ်ပါသည်။ အားလုံးသည် ၃၇ဒီဂရီ အပူချိန်အောက်တွင် လေ့ကျင့် ရပါသည်။ သောက်သည့်ရေသန့်ဘူးသည်လည်း ရေနွေးပူဖြစ်သွားပါ သည်။ သူပြောရင်းဆိုရင်းနဲ့ သူစစ်မှုထမ်းနေသော ၂၁နှစ်ကာလ အတွင်းတွင် သူသည် တီအမ်မိန်အရှေ့တွင် စစ်ရေးပြမှုအခမ်းအနားကို ပါဝင်ပြီး နိုင်ငံတော်မှ ကျွန်တော်၏ စစ်ရေးပြမှုကို စစ်ဆေးစေချင်သည် ဟူသော အိပ်မက်ကိုပြောပြသည်။ အဲဒီအချိန်က အိပ်မက်ကို အကောင်အထည်မဖော်နိုင် ခဲ့ပါဘူး။ ဒါပေမဲ့ အခြားနေရာ သို့ရောက်သောအခါ ဒီကြီးမြတ်သော တာဝန် ကျွန်တော့အပေါ် ကျရောက်လာခဲ့ပါသည်။ ကျွန်တော် အလွန်ပင် ဂုဏ်ယူမိပါသည်။

 

 图片4.png


တီအမ်မိန် အရှေ့တွင် ၈၃စက္ကန့် ဖြတ်သန်းဖို့ရာအတွက် ကျောင်းသားနှင့် ဆရာများ အကကျင့်ခြင်း၊ အကြိမ်ကြိမ်အခါခါ လေ့ကျင့်ခြင်း၊ မီးသတ်အဖွဲ့မှ ပစ္စည်းများရွေးချယ်အသုံးပြုခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်း စသည့်အသေးစိတ်အပိုင်းကို တာဝန်ယူပြီး မီးဘေးအန္တရာယ်ကို အဆက်မပြတ်ဂရုစိုက်နေပါသည်။ ရဲတပ်ဖွဲ့မှ သီးသန့် အမာခံတပ်အင်အားကို အသုံးပြုခြင်း စသည့်ဖြင့် အားလုံးအမှားမရှိအောင် အားလုံးအတူတကွ စိတ်စေတနာ ဖြင့် စောင့်ကြည့်ခြင်း၊ ပေးဆပ်ခြင်းတို့သည် ကမ္ဘာ့လူသားများအရှေ့တွင် ယူနန်ပြည်နယ်၏ အကောင်းဆုံးသော ကဏ္ဍကို ဖော်ပြလိုခြင်းသာဖြစ်ပါ သည်။


မတ်လမှစ၍ ယနေ့အထိ နှစ်ဝက်ရှိပါပြီ။ တာဝန်ကျသော ပြည်သူ့ရဲတပ်ဖွဲ့များ အားလုံး အလွန် ဂုဏ်ယူမိပါသည်။ ယူနန်ပြည်သူ ခိုင်ခံ့သော စစ်တပ်အားအင်ကို ဖော်ပြခဲ့ပါသည်။ ယူနန်ပြည်သူ့ လုံခြုံရေးဌာန ဒုတိယညွှန်ကြားရေးမှူး Lu Meng က ခိုင်မာသော စကားလုံးများဖြင့် ပြောပါသည်။

 

မေတ္တာများ သွေးချွေးများ မြောက်များစွာရင်းနှီးထားပါသည်။ ယူနန်ပြည်နယ် မီးသတ်တပ်ဖွဲ့ စောင့်ကြည့်ရေးအဖွဲ့ နည်းပညာဌာန အင်ဂျင်နီယာ ZhangYang က စကားပြောရာတွင် အလွန် စိတ်လှုပ်ရှားစွာဖြင့်ပြောပြသည်။ သူက ယူနန်ပြည်နယ်ကို ကိုယ်စားပြုသော အလှယာဉ် တီအမ်မိန်ကို ဖြတ်သန်းလာသည့် အချိန်သည် ကျွန်တော်တို့၏ တာဝန်ဝတ္တရား ထွန်းလင်းတောက်ပစွာ ပြီးမြောက်သည့် အချိန်ဖြစ်ပါသည်။ အလွန်ထွန်းလင်းတောက်ပသော အချိန်လည်းဖြစ်ပါသည်။

 

တရုတ်အိပ်မက်အား အားလုံးအတူတကွ တည်ဆောက်မည်

ယူနန်တိုင်းရင်းသားအသီးသီးမှ ကြီးမြတ်သော အမိနိုင်ငံတော် ချမ်းသာကြွယ်ဝ အင်အားတောင့်တင်းပါစေကြောင်း ဆုမွန်ကောင်း တောင်းကြပါသည်။

ပေးဆပ်ခြင်းသည် ပြန်လည်ခံစားရမည်ဖြစ်ပြီး ချွေးများသည်လည်း လက်ခုတ်သြဘာများကို ရရှိမည်ဖြစ်သည်။ ရောင်စုံ ယူနန် အလှယာဉ် တီအမ်မိန် ရှေ့သို့ရောက်သောအခါ လူအများ၏ အိပ်မက်များ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါသည်။

 

 

 图片5.png

 

 

 


404 Not Found

404 Not Found


nginx