ပထမကြိမ် မြန်မာ(လာရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ မြန်မာနိုင်ငံ လာရှိုးမြို့တွင်ကျင်းပမည်
2019-11-20 00:00 source:ဗဟိုအသံလွှင့်ဌာနနှင့်ရုပ်မြင်သံကြားဌာနချုပ်


နိုဝင်ဘာလ ၁၄ ဗဟိုအသံလွှင့်ကွန်ယက်


တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ၏ ဖော်ရွှေစွာ ဆွေးနွေးခြင်းနှင့် သေချာစွာ ပြင်ဆင်ပြီးနောက် ပထမအကြိမ် မြန်မာ(လာရှိုး)-တရုတ် (လင်ချန်း)နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲကို (အောက်တွင် လာရှိုးနယ်စပ်ကုန်စည်ပြပွဲ ဟုဖော်ပြသွားမည်)၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၁ရက်မှ ၂၄ရက်အထိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် လာရှိုးမြို့တွင် ကျင်းပသွားမည်ဖြစ်သည်။ နိုဝင်ဘာလ ၂၁ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရ၊ တရုတ် ယူနန်ပြည်နယ်၊ လင်ချန်းမြို့ နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်သွားမည်ဟုသိရသည်။


လာရှိုးနယ်စပ်ကုန်စည်ပြပွဲသည်ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်၊ ဆွေ မျိုး ပေါက်ဖော်ညီအစ်ကိုတို့ အတူတကွ လျှောက်လှမ်းကြပါစို့ ခေါင်းစဉ်ဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံပွဲ၊ ဧည့်သည်များပြပွဲများလိုက်လံကြည့်ရှုခြင်း၊ ဖွင့်ပွဲအခမ်းအနား၊ လင်ချန်းအစိုးရနှင့် ရှမ်းပြည်နယ်သက်ဆိုင်ရာအစိုးရနှင့် ဆွေးနွေးပွဲ၊ တရုတ်-မြန်မာ အနုပညာတင်ဆက်ပွဲအခမ်းအနား၊ တရုတ်-မြန်မာစီးပွားရေးလုပ်ငန်း ရှင်များ ဖိုရမ်နှင့် စီမံကိန်းလက်မှတ်ရေးထိုးပွဲအခမ်းအနား၊ ကုန်ပစ္စည်းပြခန်း၊ တရုတ်(လင်ချန်း) AShuSe ယဉ်ကျေးမှုဖျော်ဖြေပွဲစသည့် အခမ်းအနားများကို ကျင်းပသွား မည်ဖြစ်သည်။ ထိုအချိန်တွင် တရုတ်နိုင်ငံမှ အစိုးရကိုယ်စားလှယ်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ကိုယ်စားလှယ်များ၊ ယဉ်ကျေးဖျော်ဖြေတင်ဆက်သူများအဖွဲ့ စသည့် လူဦးရေ ၂၀၀ခန့် လာရှိုးမြို့သို့လာရောက်မည်၊ လင်ချန်း၏ဝိသေသလက္ခဏာရှိသော အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်း ၃၀၀ခန့် လာရှိုးနယ်စပ် ကုန်စည်ပြပွဲများတွင် ပြသသွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုဖျော်ဖြေ အဖွဲ့သားများ ရင်သပ်ရှုမောဖွယ်ကောင်းသော တိုင်းရင်းသားသီးချင်းနှင့် အကများကို အတူတင်ဆက်သွားပြီး ဧည့်သည်တော်များနှင့် လာရှိုးပြည်သူများအတွက် အမြင်အာရုံများကိုဆွဲဆောင်နိုင်သော ထူးချွန်သည့်ဖျော်ဖြေပွဲများဖြင့် တင်ဆက်ပေး သွားမည် ဖြစ်သည်။

 

ယခုအချိန်တွင် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်မှုများအရှိန်အဟုန်မြင့် ပြင်ဆင်နေ ကြပြီဖြစ်သည် တရုတ်-မြန်မာနှစ်နိုင်ငံမှ ကြိုတင်ပြင်ဆင်မှုကော်မတီသည်လည်း လာရှိုးနယ်စပ်ကုန်စည်ပြပွဲ ပြခန်းဒီဇိုင်းတည်ဆောက်မှု၊ ပြပွဲအခမ်းအနားစီစဉ်မှု၊ လူများနှင့် ကုန်ပစ္စည်းဖြတ်သန်းသွားလာမှု၊ နေရာထိုင်ခင်း၊ လုံခြုံရေးအာမခံ နှင့်ပတ်သက်၍ လုပ်ငန်းများ ကို ဖော်ဆောင်နေပြီဖြစ်ပါသည်။ ပြင်ဆင်မှုလုပ်ငန်းအားလုံးကို နိုဝင်ဘာလ ၁၉ရက် မတိုင်မီ အပြီးဆောင်ရွက်မည်ဖြစ်သည်။

 

လာရှိုးနယ်စပ်ကုန်စည်ပြပွဲသည် တရုတ်မြန်မာလုပ်ငန်းရှင်များနှင့် ပြည်သူများအကြား ပိုမိုကောင်းမွန်သောဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးပြုနိုင်သောပူးပေါင်းမှုများ ဆောင် ရွက်နိုင်ရန်အတွက် စင်မြင့်တစ်ခုကိုတည်ဆောက်ပေးပြီး နှစ်နိုင်ငံနယ်စပ်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားကုန်သွယ် ပူးပေါင်းမှုကို တွန်းအားပေးနိုင်ခြင်း၊ အိမ်နီးချင်းနိုင်ငံ၏ ရိုးရာအစဉ်အလာ ပေါက်ဖော် ချစ်ကြည်ရေးကို ခိုင်မာစေခြင်းနှင့် နက်ရှိုင်းစေခြင်းသည် တရုတ်-မြန်မာ ရပ်ဝန်းတစ်ခု လမ်းတစ်သွယ် BRI နှင့် တရုတ်မြန်မာစီးပွားရေး စြင်္ကံတည်ဆောက်ခြင်းအပေါ် အပြုသဘောဆောင် သက်ရောက်မှုရှိမည်ဖြစ်သည်။ ယခုအချိန်တွင် နှစ်နိုင်ငံအနေဖြင့် နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ ကို ပူးတွဲကျင်းပရန် သဘောတူညီချက်ရရှိခဲ့ပြီး ယခုနှစ်မှစ၍ တစ်နှစ်တစ်ကြိမ်ကျင်းပသွားမည်ဖြစ်ပြီး လင်ချန်းမြို့နှင့် လာရှိုးမြို့တွင် အလှည့်ကျ ကျင်းပသွားမည်ဖြစ်သည်။ ၂၀၂၀ခုနှစ် တွင် လင်ချန်းမြို့တွင် ဒုတိယအကြိမ် ကုန်စည်ပြပွဲကို ကျင်းပသွားမည်ဖြစ်သည်။

 

 

 

 

 

 

 

 

 

 

 

 

 

 


404 Not Found

404 Not Found


nginx