တရုတ်နိုင်ငံမှ တတိယ အကြိမ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကူအညီပေး
2019-11-25 15:06 source:ဗဟိုရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန


၂၀၁၉-နိုဝင်ဘာလ ၁၀ ၁၂:၀၃:၂၂ ရင်းမြစ် ဗဟိုရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန အပြည်ပြည်ဆိုင်ရာ အွန်လိုင်း

图片1.png

အကူအညီအခမ်းအနား မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ရန်ကုန်ဌာနခွဲတွင် ကျင်းပ။ ဘယ်ဖက် သုံးယောက်မြောက်မှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော့ရှန်။ ဓာတ်ပုံ။ GaoJiaYi


မကြာသေးမီက တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စား လှယ် မစ္စတာ ဆွန်းကော့ရှန်သည် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မတီနှင့် အပစ်အခတ်ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ သို့သွားရောက်ခဲ့ပြီး တရုတ်အစိုးရအား ကိုယ်စားပြု၍ တရုတ်နိုင်ငံသည် တလျှောက်လုံးတွင် မြန်မာအစိုးရမှ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ရန် အထက်ပါ အစိုးရအဖွဲ့အစည်းအား အမေရိကန်ဒေါ်လာ ၁၀ သိန်း လှူဒါန်းခဲ့သည်ဟု  CRI Online မှ သိရပါသည်။


လှူဒါန်းပွဲအခမ်းအနားတွင် မစ္စတာ ဆွန်းကော့ရှန်က တရုတ်နှင့် မြန်မာနှစ်နိုင်ငံသည် တစ်မြစ်ထဲရေကို အတူသောက်သုံးသော အိမ်နီချင်းကောင်းများဖြစ်ကြသည်။ ယခုအကြိမ် ကူညီခြင်းသည် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစဉ်တစိုက်ကူညီပေးမှုကို ပေါ်လွင်စေပါသည်။ တရုတ်မြန်မာနှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ရှည်ကြာသောချစ်ကြည်ရေးကိုလည်း ဖော်ပြနေပါသည်။ တရုတ်နိုင်ငံသည် တလျှောက်လုံးတွင် မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ ထိတွေ့မှုကိုတိုးမြင့်ပြီး အပြန်အလှန် အကြံဉာဏ်များဖလှယ်ခြင်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေး ခြင်းဖြင့် ပြည်တွင်းအငြင်းပွားမှုများကို ဖြေရှင်းရန် အားပေးသည်။ မြန်မာနိုင်ငံသည် ကြွယ်ဝသောထုတ်ကုန်များ၊ ဘသာဝအရင်းအမြစ်များစွာရှိသည် ဒါပေမယ့် ပြည်တွင်းစစ်နှင့် စစ်ရေးပဋိပက္ခများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခြေလှမ်းများကို နှောင့်နှေးစေပါသည်။ အကယ်၍ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်သော အမြန်သွားလမ်းပေါ်တွင် မောင်းနှင်နိုင်မည်ဖြစ်သည်။

图片2.png

အကူအညီအခမ်းအနားမှ နှစ်ဖက်ဆွေးနွေးပွဲ။ ဓာတ်ပုံ-GaoJiaYi


မြန်မာနိုင်ငံ အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရာပြည့် က မစ္စတာ ဆွန်းကော်ရှန်အား ကျေးဇူးတင်စကားပြောခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ရာပြည့် က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလမ်းစဉ်ကို မြှင့် တင်ရန် ကြီးမားသောကြိုးစားမှုကိုပေးခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးပူးတွဲစောင့် ကြည့်ရေးကော်မတီသည် မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်၊ အဘက်ဘက်မှ အပစ်အခတ်ရပ်စဲရန်စောင့်ကြည့်ခြင်းကို အစဉ်အားအားပြုနေပြီး တရုတ်နိုင်ငံ မှ လည်း ကော်မတီ၏ လုပ်ငန်းစဉ်များကိုအားပေးရန်မျှော်လင့်ကြောင်း မြန်မာနိုင်ငံပြည်တွင်း စစ်မှန်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်ကူညီရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။


၂၀၁၇ခုနှစ် ဇန်နဝါရီလမှစ၍ တရုတ်နိုင်ငံသည် သုံးနှစ် ဆက်တိုက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မတီနှင့် အပစ်အခတ်ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေး ကော်မတီ တို့အား ငွေကြေးထောက်ပံ့ မှုနှင့် မော်တော်ယာဉ်များ လှူဒါန်းခဲ့ခြင်းသည် မြန်ာမာနိုင်ငံအစိုးရမှ လုပ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရန်ဖြစ်ပါသည်။


404 Not Found

404 Not Found


nginx