သမ္မတရှီကျင့်ဖျင်မှ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့(IMF)၏အကြီးအကဲဖြစ်သူ Ms. Kristalina Georgieva နှင့်တွေ့ဆုံ
2019-11-28 09:46 source:ဆင်ဟွာသတင်းဌာန


၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၂ရက်  ၁၂:၅၉      ရင်းမြစ် ဆင်ဟွာသတင်းဌာန 


တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်သည် ၂၂ရက်နေ့က မဟာပြည်သူ့ခန်းမဆောင်တွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏အကြီးအကဲဖြစ်သူ Ms. Kristalina Georgieva အားလက်ခံတွေ့ဆုံခဲ့ပါသည်။


သမ္မတ ရှီကျင့်ဖျင်က Ms. Kristalina Georgieva သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့(IMF)၏အကြီးအကဲအဖြစ် တရုတ်နိုင်ငံသို့လာရောက်ခြင်းကိုကြိုဆိုပါကြောင်း ပြောပါ သည်။ သမ္မတရှီကျင့်ဖျင်က ယခုအချိန်တွင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှု မှာ နှေးကွေးနေကြောင်း၊ စီးပွားရေးကျဆင်းမှုအန္တရာယ်ကြီးမားကြောင်း၊ ကာကွယ်မှုမူဝါဒ ဦးမော့နေကြောင်း၊ ဘက်ပေါင်းစုံဝါဒနှင့် ကုန်သွယ်ရေးသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံတကာပတ်ဝန်းကျင်မှလည်း အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့၏ဆောင်ရွက်ချက်များအပေါ် ပိုမိုမြင့်များသောမျှော်လင့်ချက်များရှိပါသည်။ အဆွေတော်၏ဦးဆောင်မှုအောက်တွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့သည် နိုင်ငံတကာငွေကြေးနှင့် ၎င်း၏အုပ်ချုပ်မှုစနစ်အား တစ်ဆင့်တိုးပြီးပြည့်စုံအောင်၊ ထွန်းသစ်စဈေးကွက်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ၏ကိုယ်စားပြုမှုနှင့် ပြောဆိုပိုင်ခွင့်ကိုမြှင့်တင် ရန် မျှောင်လင့်ကြောင်းပြောကြားခဲ့သည်။


သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးအမြင်ဖြစ်သော  အတူဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူဝေမျှခြင်းဟူသော အဆိုပြုချက်အတိုင်း ကမ္ဘာ့လုပ်ငန်းများဆောင်ရွက်နေသည်။ ကာကွယ်ရေးဝါဒကိုလုံးဝဆန့်ကျင်ပြီး WTO ကမ္ဘာ့ကုန်သွယ်ရေးအဓိကစနစ်ဖြစ်သော ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကိုကာကွယ်ပြီး ၎င်းစနစ်အတိုင်းဆက်လက်ကုန်သွယ်သွားမည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအ ဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအစီအစဉ်တွင် စွမ်းဆောင်မှုများကို ဆက်လက်ဆောင်ရွက်ရန်၊ တန်းတူညီမျှသောတံခါးဖွင့်သော ကမ္ဘာလုံးဆိုင်ရာငွေ ကြေးဈေးကွက်ကို အကာအကွယ်ပေးရန်၊ ကမ္ဘာလုံးဆိုင်ရာစည်းကမ်းစနစ်များ မျှတပြီးကျိုးကြောင်း ဆီလျှော်သောလမ်းစဉ်သို့လျှောက်လှမ်းမှုကို တွန်းအားပေး ရန်မျှော်လင့်ပါသည်။ ယခုနှစ်များအတွင်း တရုတ်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့သည်ရပ်ဝန်းတစ်ခုလမ်းတစ်သွယ် BRI”အတူတည်ဆောက်ခြင်းတွင် နိုင်ငံ၏ဆောက်လုပ်မှု စွမ်းရည်၊ Soft environment စသည့်နယ်ပယ်တွင်ပူးပေါင်းမှုများဆောင်ရွက်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့်အတူ ပူးပေါင်းမှုများ နက်ရှိုင်းစွာဆောင်ရွက်ရန် ဆန္ဒရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။


သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံ၏စီးပွားရေးသည် တည်ငြိမ်ခိုင်မာမှုရှိသည်၊ ရေရှည်အလားအလာအားကောင်းသည်၊ ဒီအားကောင်းခိုင်သောအလားအလာများ ပြောင်း လဲမည်မဟုတ်ဟု လေးနက်စွာပြောကြားသည်။ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်အသစ်အား ဆက်လက်ထိန်းသိမ်းထားပြီး စီးပွားရေးအရည်အသွေးမြင့်ဖွံ့ ဖြိုးတိုးတက်ခြင်းကိုတွန်းအားပေးနိုင်ကြောင်း၊ ပိုမိုအရည်အသွေးမြင့်သော ပြင်ပသို့ တံခါးဖွင့်ခြင်းအားဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အတွက်အခွင့်အလမ်းသစ်များကို သယ်ဆောင်လာပေးမည်။ သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်ချက်အပြည့်အဝရှိပါကြောင်း အလေးအနက် ပြောကြားခဲ့သည်။


Ms. Kristalina Georgieva က တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ပြည့်နှစ်အားဂုဏ်ပြုပါကြောင်း၊ တရုတ်နိုင်ငံ၏ယမန်နှစ်တွင် အားလုံးစုံဆင်းရဲနွမ်းပါး မှုလျှော့ချရေးသည် တရုတ်နိုင်ငံနှင့် တစ်ကမ္ဘာလုံးအတွက်မှတ်တိုင်တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်ဝါဒသည် စီးပွားရေးအရှိန်အဟုန်မြင့် တိုးတက်ခြင်းကိုအကောင်အထည်ဖော်ခဲ့သည် အနာဂတ်တွင် တရုတ်နိုင်ငံသည်ငွေကြေး၊ အရင်းအနှီး စသည့်နယ်ပယ်များတွင် တံခါးဖွင့်ခြင်းကို ဆက်လက်ထိန်းသိမ်းထားမည်ကို ယုံကြည်ကြောင်း၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့သည် တရုတ်နိုင်ငံနှင့် ပူးပေါင်းမှုကို အလွန်တန်ဖိုးထားပြီး ဆက်လက်နက်ရှိုင်းစေရန်ဆောင်ရွက်သွားမည်။ ယခုတွင် နိုင်ငံအချို့ကကုန်သွယ်ရေးအငြင်းပွားမှုကိုဖြစ်ပေါ်စေမှုကြောင့် ကမ္ဘာ့စီး ပွားရေးသည် ခက်ခဲသောကာလနှင့်ကြုံတွေ့နေရသည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ငွေ အဖွဲ့သည် လွတ်လပ်ပြီးတံခါးဖွင့်ကုန်သွယ်ရေးအား အားပေးခြင်းနှင့်ကာကွယ်ခြင်းကို ဆက်လက်ထိန်းထားမည်၊ ငြိမ်းချမ်းသောကုန်သွယ်ရေးကို အကောင်အထည်ဖော်ရန် ကြိုးစားမည်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့အား အချိန်နှင့်တပြေးညီ  ပြုပြင်ပြောင်းလဲရန်၊ ထွန်းသစ်စစီးပွားရေးစံနစ်ပါဝင်နိုင်မှုကိုမြှင့်တင်ရန်ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ လူသားများတူညီသောဘုံကံကြမ္မာတည်ဆောက်မှုကို တစ်ဆင့်မြှင့် တင်ရန်၊  “ရပ်ဝန်းတစ်ခု လမ်းတစ်သွယ် BRI”အတူူတကွတည်ဆောက်မှုကိုခိုင်မာစေရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်အကောင်အထည်ဖော်ရာတွင် အကူအညီပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။


Mr.WangYi စသည့်တို့ တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည်။


404 Not Found

404 Not Found


nginx