တရုတ်သမ္မတရှီကျင့်ဖိန်သည် ဂျပန်ဝန်ကြီးချုပ် ရှီဇိုအာဘေးနှင့်တွေ့ဆုံ
2019-12-26 09:25 source:ဆင်ဟွာသတင်းဌာန


သတင်းထုတ်ပြန်ချိန် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၃ရက်     ရင်းမြစ် ဆင်ဟွာသတင်းဌာန


      တရုတ်နိုင်ငံ နိုင်ငံတော် သမ္မတရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်၌ ဂျပန်ဝန်ကြီးချုပ် ရှီဇိုအာဘေးနှင့်တွေ့ဆုံခဲ့သည်။

 图片1 已改.png

ဒီဇင်ဘာလ ၂၃ရက် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ရှိပြည်သူ့ခန်းမဆောင်၌ ဂျပန်ဝန်ကြီးချုပ် ရှီဇိုအာဘေးနှင့်တွေ့ဆုံခဲ့ပါသည်။ 

ဓာတ်ပုံ-ဆင်ဟွာသတင်းထောက် Li XueRen

 

      ရှီကျင့်ဖိန်က ၈ကြိမ်မြောက်တရုတ်-ဂျပန်ခေါင်းဆောင်များအစည်းအဝေးသို့တက်  ရောက်ရန်တရုတ်နိုင်ငံသို့ရောက်ရှိလာသော ရှီဇိုအာဘေးကိုကြိုဆိုခဲ့ပါသည်။ ရှီကျင့်ဖိန်က နှစ်ဦးနှစ်ဖက်၏ကြိုးစားမှုအောက်တွင် တရုတ်-ဂျပန်ဆက်ဆံရေးသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်နေပါသည်။ ယခုနှစ် ဇွန်လတွင် ကျွန်တော်နှင့် ဝန်ကြီးချုပ်သည်အိုဆာကာမြို့ တွင်တွေ့ဆုံခဲ့ပြီး ခေတ်သစ်လိုအပ်ချက်နှင့်ကိုက်ညီသော တရုတ်-ဂျပန်ဆက်ဆံရေးကို တည်ဆောက်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးအနာဂတ်အသစ်တစ်ခုကိုအတူတကွဖွင့်လှစ်ရန် သဘောတူညီခဲ့သည်။ လက်ရှိတွင် တရုတ်-ဂျပန်ဆက်ဆံရေးသည် အရေးကြီးသောအခွင့် အလမ်းများနှင့် ကြုံတွေ့နေရသည် ဤအချိန်တွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့်နီးကပ်စွာ ဆက်ဆံရန်၊ နိုင်ငံရေးဦးဆောင်မှုအားတောင့်တင်းစေရန်၊ တရုတ်-ဂျပန်ဆက်ဆံရေးအဆင့် သစ်တစ်ခုသို့ရောက်ရှိရန်တွန်းအားပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက်အကျိုးပြုစေ ရန်ဆန္ဒရှိကြောင်းပြောကြားခဲ့ပါသည်။


      ရှီကျင့်ဖိန်က ယနေ့ကမ္ဘာကြီးသည်ရာစုနှစ်တစ်စုအတွင်းမကြုံတွေ့ဖူးသော ကြီးမား သည့်အပြောင်းအလဲများကိုကြုံတွေ့နေရပါသည်။အခြေအနေပိုမိုရှုပ်ထွေးလေလေကျွန်တော် တို့သည်အေးဆေးတည်ငြိမ်သောမဟာဗျူဟာမြောက်တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်း ရန်လိုအပ်လေ၊ အမြင့်ကိုတက်လှမ်း၍ အလုံးစုံကိုမြင်နိုင်သောအမြင်အာရုံကိုလိုအပ်လေ ဖြစ်သည်။ ခေတ်သစ်တရုတ်-ဂျပန်ဆက်ဆံရေးတွင် မဟာဗျူဟာသဘောတူညီမှုသည်ပထမ ဆုံးရှင်းလင်းစွာသိရှိရမည့်အချက်ဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးအား ကမ္ဘာလုံးဆိုင်ရာအ မြင်အာရုံဖြင့်စဉ်းစားခြင်းနှင့် နည်းလမ်းရှာကြံခြင်းကိုတင်းခံထားရမည်။ အချင်းချင်းအပြန်အ လှန်လေးစားခြင်း၊အပြန်အလှန်အကျိုးခံစားခွင့်win-win စံနစ်သစ်တစ်ခုကိုတည်ဆောက် ရန်စွမ်းစွမ်းတမံတွန်းအားပေးရမည်။ ဤသည်မှာနှစ်ဦးနှစ်ဖက်မှ ခေတ်သစ်ဆက်ဆံရေးသို့ ဖွံ့ဖြိုးတိုးတက်ခြင်း၏ဘုံမဟာဗျူဟာမြောက်လမ်းညွန်တစ်ခုဖြစ်သင့်သည်။ နှစ်ဦးနှစ်ဖက် သည်မှန်ကန်သောလမ်းစဉ်ကိုဆုပ်ကိုင်ထားပြီး တရုတ်-ဂျပန်နိုင်ငံရေးစာရွက်စာတမ်းလေး ခုတွင်ချက်မှတ်ထားသောမူများကိုလိုက်နာရမည်၊ အရေးကြီးသည့်အထိအခိုက်မခံနိုင်သော ကိစ္စများကိုသေချာစွာကိုင်တွယ်ရမည်။ နှစ်နိုင်ငံ နိုင်ငံရေးဆက်ဆံမှုအုတ်မြစ်ကိုခိုင်မာစေ ရမည်။ ဤသည်မှာနှစ်နိုင်ငံခေတ်သစ်ဆက်ဆံရေးအားဖွံ့ဖြိုးတိုးတက်စေရေးအတွက် တလျှောက်လုံးတွင် မဖြစ်မနေလိုက်နာရမည့်အရင်းခံဖြစ်ပြီး မည်သည့်အချိန်မှ မသဲမကွဲနှင့် ယိမ်းယိုင်၍မရပါ။ နှစ်ဦးနှစ်ဖက်သည် တရုတ်-ဂျပန်အချင်းချင်းပူးပေါင်းမှုမိတ်ဖက်အဖြစ်၊ အချင်းချင်းခြိမ်းချောက်ခြင်းမဖြစ်စေရဟူသော နိုင်ငံရေးသဘောတူညီချက်ကိုလိုက်နာသင့် သည်။အပြိုင်အဆိုင်အား ညီညာပြေပြစ်စေခြင်းဟူသောစိတ်ဓာတ်အရ နှစ်နိုင်ငံ ဆက်ဆံရေးအား မှန်ကန်သောလမ်းစဉ်ပေါ်တွင်စဉ်ဆက်မပြတ်ရှေ့တိုး ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးရမည်ဟုပြောပါသည်။


      ရှီကျင့်ဖိန်က နှစ်ဦးနှစ်ဖက်သည်လက်တွေ့ကျသောပူးပေါင်းမှုကိုချဲ့ထွင်ရမည် ရပ်ဝန်း တစ်ခု လမ်းတစ်သွယ်BRI တည်ဆောက်မှုနှင့် တရုတ်-ဂျပန်တတိယဈေးကွက်ပူးပေါင်းမှုကို အရည်အသွေးမြင့်တွန်းအားပေးရန်၊ AI ဒေတာ၊ အင်တာနက်စသည့် နယ်ပယ်တွင်နှစ်ဖက် အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာစေရန်၊ အပြန်အလှန်တံခါးဖွင့်ခြင်းသော၊ တန်းတူညီ မျှမှုနှင့်ပွင့်လင်းမြင်သာမှုရှိသော၊ အဆင့်အတန်းခွဲခြားခြင်းမရှိသောပတ်ဝန်းကျင်  အသစ်ကိုတည်ထောင်ခြင်း၊ ပိုမိုအရည်အသွေးမြင့်မားသောအပြန်အလှန်အကျိုးပြုမှု win-win ကို ကြိုစားအကောင်အထည်ဖော်ရမည်။ ယဉ်ကျေးမှု၊ ခရီးသွား၊ ပညာရေးစသည့် လူမှုရေးနယ်ပယ်ဆက်ဆံရေးကို ထောင့်တင်းစေရမည်၊ လူငယ်များအပြန်အလှန်ဖလှယ်မှု ကိုတိုးပွားစေရန်၊ ဒေသတွင်းချစ်ကြည်ရေးမြို့ပူးပေါင်းခြင်းကိုတိုးချဲ့ခြင်း၊ တိုကျိုအိုလံပစ် နှင့်ပေကျင်းဆောင်းရာသီအိုလံပစ်ကိုကျင်းပနိုင်ရန် နှစ်ဦးနှစ်ဖက်အပြန်အလှန်ထောက်ခံ အားပေးခြင်း၊ နှစ်နိုင်ငံပြည်သူများချစ်ကြည်ရင်းနှီးမှုအခြေခံအုတ်မြစ်ကိုခိုင်မာစေရန်ရမည်။ လုံခြုံရေးနှင့်အပြန်အလှန်ယုံကြည်ခြင်းအားတိုးပွားစေခြင်း၊ အပြုသဘောဆောင်လုံခြုံရေး ဆက်ဆံမှုကိုစွမ်းစွမ်းတမံတည်ဆောက်ရမည်။ နိုင်ငံတကာဝတ္တရား၊ ဘက်ပေါင်းစုံဝါဒနှင့် လွတ်လပ်စွာကုန်သွယ်ရေးထိန်းသိမ်းရမည်၊ ပွင်းလင်းသောကမ္ဘာ့စီးပွားရေးတည်ဆောက်မှု ကိုမြှင့်တင်ရန်လိုအပ်သည်ဟု ပြောပါသည်။


      ရှီဇိုအာဘေးက ယခုနှစ်အတွင်းဂျပန်-တရုတ်နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များအကြား အပြန်အလှန်ခရီးစဉ်များအကြာခဏဆက်ဆံမှုများရှိခဲ့ပြီး အပြန်လှန်နားလည်မှုများလည်း တိုးတက်စေခဲ့ပါသည်။ ဂျပန်-တရုတ်ဆက်ဆံရေးတိုးတက်မှုအလားအလာသည် ကောင်း မွန်နေပြီး နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်းနှင့်ကမ္ဘာကြီးငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက်အလွန်ပင်အရေးပါကြောင်း၊ ဂျပန်နိုင်ငံသည် သမ္မတရှီကျင့်ဖိန်၏ လာမည့်နှစ်နွေဦးအခါဂျပန်နိုင်ငံခရီးစဉ်အား အလွန်အလေးထားပြီး မျှော်လင့်နေကြောင်း၊ ဂျပန်နိုင်ငံသည်တရုတ်နိုင်ငံနှင့်ရင်းနှီးစွာဆက်ဆံလိုကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ဂျပန်ခရီးစဉ်အောင်မြင်စွာပြီးဆုံးနိုင်စေကြောင်း၊ ခေတ်သစ်လိုအပ်ချက်နှင့် ကိုက်ညီသော တရုတ်-ဂျပန်ဆက်ဆံရေးကိုတည်ဆောက်စေလိုကြောင်း၊ ဂျပန်နိုင်ငံသည် နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှု၊ ခရီးသွား၊ ယဉ် ကျေးမှု၊ အားကစား စသည့်နယ်ပယ်များတွင် လက်တွေ့ကျသောပူးပေါင်းမှုကိုဆက်လက် တိုးချဲ့ရန်ဆန္ဒရှိကြောင်း၊ တတိယဈေးကွက်ပူးပေါင်းဆောင်ရွက်မှုကိုတရုတ်နိုင်ငံနှင့်အတူ စွမ်းစွမ်းတမံတွန်းအားပေးရန်ဆန္ဒရှိကြောင်း၊ ဒေသဆိုင်ရာပြဿနာများတွင်ဆက်သွယ် ရေးနှင့်ညှိနှိုင်းဆောင်ရွက်မှုများကိုအားဖြည့်ဆောင်ရွက်လိုကြောင်း ပြောခဲ့ပါသည်။


သတင်းထောက် Sun Yi


404 Not Found

404 Not Found


nginx