ယူနန်မြန်မာပူးပေါင်းဆောင်ရွက်ခြင်းလမ်းစဉ်သစ်ကို အတူရှာဖွေ တရုတ်မြန်မာစီးပွားရေးစြင်္ကံအနာဂတ်ကို အတူတကွဖန်တီးကြ
2019-12-02 00:00 source:


၂၀၁၉ နိုဝင်ဘာလ ၂၃ရက်


၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၉ရက်မှ ၂၃ရက်အထိ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ZhangGuoHua ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိလာ ပြီး ခြောက်ကြိမ်မြောက် ယူနန်မြန်မာပူးပေါင်းဆောင်ရွက်မှုဖိုရမ်တက်ရောက်ခဲ့ပါသည်။ တရုတ်ယူနန်-မြန်မာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သည် ငါးကြိမ်ကျင်းပခဲ့ပြီဖြစ်ပြီး ယခုနှစ်မှာ ခြောက်ကြိမ်မြောက်ဖြစ်ပါသည်။ ဖိုရမ်သည် နှစ်နိုင်ငံဆွေးနွေးပူးပေါင်းဆောင်ရွက်ခြင်း၊ သံသဃစိတ်များကိုဖယ်ရှားပြီး ယုံကြည်မှုကိုတိုးပွားစေသော အရေးပါသည့်Platformဖြစ်ပြီး ယူနန်နှင့် မြန်မာ ပူးပေါင်းဆက်ဆံရေးအားတွန်းအားပေးခြင်းနှင့် နက်ရှိုင်းစေမှုတို့တွင်လည်း ပိုမိုအရေးပါသော အခန်းကဏ္ဍတွင်ပါဝင်ဆောာင်ရွက်နေပါသည်။ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်နေစဉ်က မန္တလေးတိုင်း ဝန်ကြီးချုပ်(ယာယီ)ဦးဇာနည်အောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှကျော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအတွင်းရေးမှူး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်တို့နှင့် အသီးသီးတွေ့ဆုံခဲ့ကြပါသည်။

图片10.png


ခြောက်ကြိမ်မြောက် ယူနန်မြန်မာပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို “ယူနန်မြန်မာပူးပေါင်းဆောင် ရွက်ရေးလမ်းစဉ်သစ်ကိုအတူရှာဖွေ၊ တရုတ်မြန်မာစီးပွားရေးစြင်္ကံကိုအတူဖန်တီးကြ” ဟူသောခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၂၂ရက်နေ့တွင်မြန်မာနိုင်ငံ နေပြည်တော်တွင်ကျင်းပခဲ့ပါသည်။ ဖိုရမ်သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့ အတူတကွကျင်းပခြင်းဖြစ်ပါသည်။ ဖိုရမ်တွင် ယူနန်မြန်မာနှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု အားတိုးချဲ့ခြင်း၊ ဆက်သွယ်ရေးအခြေခံအဆောက်အဦ၊ နယ်စပ်စီမံခန့်ခွဲခြင်း၊ ပြည်သူလူထုနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း စသည့်နယ်ပယ်များတွင် အပြန်အလှန်အကျိုးပြု ပူးပေါင်းဆောင်ရွက်မှု များ ကိုဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်များစွာကိုလည်းရရှိခဲ့ပါသည်။


图片12.png

ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးမှ တရုတ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် အမှာစကားပြောကြားနေစဉ်။


图片13.png

မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်မှ စကားပြောကြားနေစဉ်။


图片14.png

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ Counsellor YangShouZhen၊ ယူနန်ပြည်နယ်နိုင်ငံခြားရုံးမှ ဒုတိယ ဒါရိုက်တာ HaoKun  စသည့်ခေါင်းဆောင်များဖိုရမ်သို့တက်ရောက်ခဲ့ပါသည်။


15.png

16.png

17.png

18.png

ဖိုရမ်ကျင်းပသောနေ့တွင် ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး  ZhangGuoHua နျှင့် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် တို့ တွေ့ဆုံ နှုတ်ဆက်ခဲ့ကြပါသည်။


21.png

22.png

23.png

ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ZhangGuoHua သည် ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးတို့နှင့် နေပြည်တော်တွင် သီးခြားတွေ့ဆုံခဲ့ပါသည်။


24.png

25.png

ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် စီးပွားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် အလုပ်ဆွေးနွေးနေစဉ်။


26.png

နှစ်ဦးနှစ်ဖက် အပြန်အလှန်လက်ဆောင်ပေးအပ်ပြီး ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးအားနက်ရှိုင်းစေ။


27.png

28.png

29.png

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံပြီး အပြန်အလှန်လက်ဆောင်ပစ္စည်းပေးအပ်။


30.png

31.png

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှကျော်နှင့် တွေ့ဆုံပြီး အလုပ်ဆွေးနွေး။


32.png

33.png

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး နှင့်တွေ့ဆုံဆွေးနွေး။


34.png

35.png

36.png


နိုဝင်ဘာလ ၁၉ရက်မှ ၂၀ရက်အထိ မန္တလေးတွင် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးသည် မန္တလေးဝန်ကြီးချုပ်(ယာယီ) ဦးဇာနည်အောင်တို့နှင့်တွေ့ဆုံခဲ့ပြီး ပေါင်စန်း-မြို့သာစက်မှုဇုန်နှင့် ပတ်သက်သောလုပ်ငန်း၊ မန္တလေးယာယီ အဝေးပြေးဂိတ်စသည့်စီမံကိန်းများကို လေ့လာကြည့်ရှု ခဲ့ပါသည်။


37.png

38.png

ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ZhangGuoHua မှ ဦးဇာနည်အောင်အား လက်ဆောင်ပစ္စည်းပေးအပ်နေစဉ်။


40.png


မြို့သာစက်မှုဇုန်တည်ဆောင်ခြင်းအခြေအနေအားလိုက်လံကြည့်ရှု။


41.png

42.png

AYA Motors စက်ရုံကိုလိုက်လံကြည့်ရှုနေစဉ်။


43.png

44.png


နိုဝင်ဘာလ ၂၀-၂၁ရက်နေ့တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချိန်ဟိုင် တို့နှင့် တွေ့ဆုံခဲ့ပြီး သာကေတသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို လိုက်လံကြည့်ရှုခဲ့ပါသည်။

45.png

46.png

47.png

48.png

49.png

50.png

51.png

52.png


ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ZhangGuoHua သည် မြန်မာမီဒီယာများ ခြောက်ကြိမ်မြောက် ယူနန်မြန်မာပူးပေါင်းဆောင်ရွက်ရေးအား အချိန်မီသတင်းထုတ်ဖော်သည့်အပေါ် ချီးကျူးခဲ့ပါသည် ။ ဖိုရမ်သည် နှစ်နိုင်ငံအလုံးစုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၏ မူဘောင်အောက်တွင် ဆက်သွယ်ရေးအားခိုင်မာစေသောအရေးပါသည့် အပိုင်းကဏ္ဍဖြစ်ပါသည်။

60.png


တရုတ်မြန်မာ၊ ယူနန်မြန်မာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတောက်ပသော၊ ပိုမိုကျယ်ပြန့်သော အနာဂတ်ရရှိရန် မျှော်လင့်ပါသည်။

61.png

404 Not Found

404 Not Found


nginx