တတိယအကြိမ် “ပိုးလမ်းမရုပ်ရှင်ပွဲတော်” တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲမှ ပြိုင်ပွဲဝင်ရုပ်သံများပေးပို့ရန် ဖိတ်ခေါ်ခြင်း
2019-12-17 15:38 source:


သို့

        ရုပ်ရှင်ပညာရှင်အသင်းအဖွဲ့များ၊ မီဒီယာအဖွဲ့နှင့် ကုမ္ပဏီများ၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများ၊ လုပ်ငန်းအသင်းအဖွဲ့များ၊ ပြည်ပရုပ်ရှင်အဖွဲ့အစည်းများ၊ ရုပ်ရှင် ဝါသနာရှင်များ ခင်ဗျား။

    တတိယအကြိမ်ပိုးလမ်းမရုပ်ရှင်ပွဲတော်တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ()ရက်နေ့မှ (၁၀)ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တက်ဟုန်းပြည်နယ်ခွဲမန်စီမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ယခု အကြိမ်ပြိုင်ပွဲ၌ Micro Film (ကွန်ရက်လွှင့်ရုပ်ရှင်ပါဝင်) Micro မှတ်တမ်းရုပ်ရှင်၊ Micro ကာတွန်း ရုပ်ရှင်၊ Micro Image Publicity ကြော်ငြာနှင့် Public Service Advertising(PSAs) အများပြည်သူဝန်ဆောင်မှု ကြော်ငြာစသည့်ပုံစံ()မျိုးဖြင့် ပါဝင် ယှဉ်ပြိုင်နိုင်ပါသည်။ ရုပ်ရှင်ပွဲတော်ကို သမာသမတ်ကျခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်း မြင်သာခြင်း ဟူသည့် နိယာမကို လက်ကိုင်ထားကာ နိုင်ငံတကာနှင့်တရုတ်နိုင်ငံတော်အဆင့် အကဲဖြတ်ဒိုင်လူကြီးများကို ဖိတ်ကြား၍ ပါဝင်ယှဉ်ပြိုင်သည့် ရုပ်သံလက်ရာများကို အကဲဖြတ်စိစစ်ရွေးချယ်သွားမည်ဖြစ်ကာ ရွေးချယ်ခံရသော ထူးချွန်သည့်လက်ရာများကို ရုပ်သံလှိုင်းများ၊ အင်တာနက်လှိုင်းပေါ်များ စသည့် Multi-Teiminal မီဒီယာ platform များမှတစ်ဆင့် အများပြည်သူအပေါင်းအား ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။ ဤပြိုင်ပွဲနှင့် သက်ဆိုင်သည့်တောင်းဆိုသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

က။ပြိုင်ပွဲဝင်လက်ရာများလက်ခံမည့်အချိန်ကာလနှင့်ပြိုင်ပွဲသတ်မှတ်ချက်များ

     ၁။ပြိုင်ပွဲဝင်လက်ရာများလက်ခံမည့်အချိန်ကာလ။

        ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့အထိ။

     ၂။ဝင်ရောက်ယှဉ်ပြိုင်နိုင်သူများ။

       ရုပ်ရှင်ပညာရှင်အသင်းအဖွဲ့များ၊တက္ကသိုလ်နှင့်ကောလိပ်ကျောင်းများ၊မီဒီယာလုပ်ငန်းအဖွဲ့များနှင့်ကုမ္ပဏီအဖွဲ့အစည်းများ၊ ပြည်တွင်းနယ်ပယ်၊ လုပ် ငန်းကဏ္ဍအသီးသီးမှ ရုပ်ရှင် တီထွင်ဖန်တီးထုတ်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံအသီးသီးမှရုပ်ရှင်တီထွင်ဖန်တီး ထုတ်လုပ်သည့် အဖွဲ့အစည်းများ၊ ရုပ်ရှင်ဝါသနာရှင်များဖြစ်ပါသည်။

 

ခ။ပြိုင်ပွဲသတ်မှတ်ချက်များ

   ၁။ရုပ်သံအမျိုးအစား။

  MicroFilm(ကွန်ယက်လွှင့်ရုပ်ရှင်) Microမှတ်တမ်းရုပ်ရှင်၊ Micro ကာတွန်းရုပ်ရှင်၊ Micro Image Publicity ကြော်ငြာနှင့် Public Service Advertising (PSAs) အများပြည်သူဝန်ဆောင်မှုကြော်ငြာ၊ တရုတ်-မြန်မာဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေး ရုပ်သံတိုများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြပါသည်။

   ၂။ရုပ်သံပေပို့ရမည့်ဖိုင်အမျိုးအစား။

(MOV) H264 Video decoding MPG MP4 RMVB AVIများနှင့် အသုံးများသည့် Mainstream Player ဖြင့်ထုတ်လွှင့်နိုင်သော HDပုံစံများဖြင့် ပါဝင် ယှဉ်ပြိုင်နိုင်ပါသည်။(ပေးပို့ယှဉ်ပြိုင်သည့်လက်ရာတစ်ခုလျှင် 4GB ထက်မကျော်ရပါ။)

   ၃။ပါဝင်ယှဉ်ပြိုင်သည့်လက်ရာများမှာ၂၀၁၈ခုနှစ်မှ၂၀၁၉ခုနှစ်အတွင်းရိုက်ကူးပြီးစီးသည့် လက်ရာများဖြစ်ရပါမည်၊ ပြသချိန်(၂၅)မိနစ်အတွင်းဖြစ်ရပါမည်။

   ၄။ရုပ်သံလက်ရာများသည် ဇာတ်ကားအစ၊ ဇာတ်ကားအဆုံး၊ ဇာတ်ဆောင်အပြောစကား၊ ဇာတ်ကြောင်းမိတ်ဆက်၊ တေးဂီတ၊ အဓိကပါဝင်ဖန်တီးသူအမည်စာရင်းစသည်များဖြင့် ပြီးပြည့်စုံစွာပါဝင်ရမည်ဖြစ်ပါသည်။

    ၅။ပြိုင်ပွဲဝင်လက်ရာများသည် ပြိုင်ပွဲဝင်သူကိုယ်တိုင်ဖန်တီးထားခြင်းသာ ဖြစ်ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်သူမှ မူပိုင်ခွင့်နှင့်ပတ်သက်ပြီး တာဝန်ယူရမည်ဖြစ်၍ မည်သည့်မူပိုင်ခွင့် အငြင်းပွားမှုများမရှိစေရပါ။ ပြိုင်ပွဲကြီးမှူးကျင်းပသည့်ဘက်မှ ပုံတူမူပိုင်ခွင့် (Portraiture Right) အမည်မူပိုင်ခွင့်(Reputation Right) right of privacy မူပိုင် ခွင့်(copyright) ကုန်အမှတ်တံဆိတ်မူပိုင်ခွင့်(Trademark Right) စသည့်များအပါ အဝင် အငြင်းပွားမှုများကြောင့် ပေါ်ပေါက်လာသည့် ဥပဒေရေးရာတာဝန်ဝတ္တရားများကို တာဝန်ခံပေးမည်မဟုတ်ပါ။ အကယ်၍အထက်ပါအငြင်းပွားမှုများပေါ်ပေါက်ခဲ့သော် ပြိုင်ပွဲ ကြီးမှူးကျင်းသည့်ပဘက်မှ ပြိုင်ပွဲဝင်ခွင့်ရုပ်သိမ်းခြင်း၊ ချီးမြှင့်ထားသောဆုများကိုလည်း ပြန်သိမ်းယူခြင်းများကို လုပ်ပိုင်ခွင့်အာဏာရှိပါသည်။

   ၆။ ပြိုင်ပွဲဝင်သည့် လက်ရာများတွင် နိုင်ငံတော်လျှို့ဝှက်သတင်းများ ပေါက်ကြားစေခြင်း၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားစေခြင်း၊ သွေးသံရဲရဲရုပ်ပုံများ၊ အကြမ်းဖက် ရုပ်သံများ၊ ညစ်ညမ်းရုပ်ပုံများ၊အယူသည်းမှုရုပ်သံများစသည့် အကြောင်းအရာများ မပါဝင် ရပါ။

   ၇။ပြိုင်ပွဲဝင်လက်ရာများသည် နိုင်ငံတကာဥပဒေစည်းမျဉ်းစည်းကမ်းများ၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ဥပဒေစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များချိူးဖောက်ခြင်းများမရှိရပါ။

 

ဂ။ဆုတံဆိပ်များ

   ၁။ တတိယအကြိမ်ပိုးလမ်းမရုပ်ရှင်ပွဲတော်တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲ ပိုးလမ်းမရုပ်ရှင်ပွဲတော်ဆု()ဦး။

   ၂။ တတိယအကြိမ်ပိုးလမ်းမရုပ်ရှင်ပွဲတော်တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲအကောင်းဆုံးဆု။

    () Micro Film (ကွန်ယက်လွှင့်ရုပ်ရှင်ပါဝင်)

        Micro Film အကောင်းဆုံးဆု ()ဦး

              အကဲဖြတ်ဒိုင်လူကြီးအဖွဲ.မှရွေးချယ်သည့်ဆု ()ဆု

              ဆန်ကာတင်ရွေးချယ်သည့်ရုပ်သံလက်ရာဇာတ်ကား(၁၀)ကား။

    () Micro Image Pulicityကြော်ငြာ

       Image Pulicityကြော်ငြာ အကောင်းဆုံးဆု ()ဦး

             အကဲဖြတ်ဒိုင်လူကြီးအဖွဲ.မှရွေးချယ်သည့်ဆု ()ဦး

            ဆန်ကာတင်ရွေးချယ်သည့်ရုပ်သံလက်ရာဇာတ်ကား(၁၀)ကား။

    () Pulic Service Advertising(PSAs)အများပြည်သူဝန်ဆောင်မှုကြော်ငြာ

            အများပြည်သူဝန်ဆောင်မှုကြော်ငြာ အကောင်းဆုံးဆု ()ဆု

            အကဲဖြတ်ဒိုင်လူကြီးအဖွဲ.မှရွေးချယ်သည့်ဆု ()ဦး

            ဆန်ကာတင်ရွေးချယ်သည့်ရုပ်သံလက်ရာဇာတ်ကား(၁၀)ကား။

    () Micro ကာတွန်းရုပ်ရှင်

        Micro ကာတွန်းရုပ်ရှင် အကောင်းဆုံးဆု()ဦး

              အကဲဖြတ်ဒိုင်လူကြီးအဖွဲ.မှရွေးချယ်သည့်ဆု ()ဦး

              ဆန်ကာတင်ရွေးချယ်သည့်ရုပ်သံလက်ရာဇာတ်ကား(၁၀)ကား။

    () Micro မှတ်တမ်းရုပ်ရှင်

        Micro မှတ်တမ်းရုပ်ရှင် အကောင်းဆုံးဆု ()ဦး

              အကဲဖြတ်ဒိုင်လူကြီးအဖွဲ.မှရွေးချယ်သည့်ဆု ()ဦး

              ဆန်ကာတင်ရွေးချယ်သည့်ရုပ်သံလက်ရာဇာတ်ကား(၁၀)ကား။

    () တရုတ်မြန်မာဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးရုပ်သံတို ဆု

              ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးရုပ်သံတိုဆု ()ဦး

      (အဓိကအားဖြင့်ပိုးလမ်းမရုပ်ရှင်ပွဲတော်တရုတ်မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည် ရေးကိုဖော်ကျူးထားသောရုပ်သံတိုများကိုရွေးချယ်မည်ဖြစ်သည်။)

              ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးရုပ်သံအကဲဖြတ်ဒိုင်လူကြီးအဖွဲ့မှရွေးချယ်သည့်ဆု ()ဦး

 

ယ။ ပြိုင်ပွဲဝင်ရုပ်သံပေးပို့မည့် ပုံစံနှင့်နည်းလမ်းများ

    ၁။ ပြိုင်ပွဲဝင်လျှောက်လွှာတွင် သတင်းအချက်အလက်မှန်ကန်ပြည့်စုံဖြည့်စွက်၍ ပြိုင်ပွဲဝင် သူ ကိုယ်တိုင်လက်မှတ်ရေးထိုးရပါမည်။ သို.မဟုတ်ပါက အကျုံးဝင်မည် မဟုတ်ပါ။ ရုပ်သံ လက်ရာ၊ ပိုစတာ(Electronic version) Publicity ကြော်ငြာများကို (USB flash disk Data CD) များဖြင့် သတ်မှတ်ထားသည့် လိပ်စာသို့ပေးပေးပို့လျှောက်ထား နိုင်ပါသည်။

  ၂။Network disk မှတစ်ဆင့် ယှဉ်ပြိုင်မည့် ရုပ်သံလက်ရာ၊ ပိုစတာ၊ Publicity ကြော်ငြာ ရုပ်သံများကိုပေးပို့ရာတွင် link လိပ်စာနှင့် Download password များကို သတ်မှတ်ထား သည့် အီးမေးလ်လိပ်စာသို့ ပေးပို့ရန်လိုအပ်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာကို သတ်မှတ်ထား သည့်လိပ်စာသို.ပေးပို့ရန်လိုအပ်ပါသည်။

   ၃။အထက်ပါ ပြိုင်ပွဲဝင်ရုပ်သံများအတွက် အချိန်မှီဆက်သွယ်ရ လွယ်ကူစေရန် ကိုယ်ရေး အချက်အလက်နှင့် ဆက်သွယ်ရန်လိပ်စာဖုန်းနံပါတ်များကို ရှင်းလင်းစွာရေးဖြည့်ပေးရမည် ဖြစ်ပြီး ပြိုင်ပွဲဝင်ရုပ်သံလက်ရာနှင့် ဖြည့်စွက်ထားသောစာရွက်စာတမ်းများကို ပြန်လည်ပေး ပို့မည်မဟုတ်ပါ။

 ၄။ရွေးချယ်ခံရသည့်ထူးချွန်လက်ရာများကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ ရွေးချယ်ခံရသူ များ အားဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်ရန် အကြောင်းကြားပေးမည်ဖြစ်ပြီး ရွေးချယ်ခံရ သည့်ထူးချွန်လက်ရာများကို ရုပ်သံလိုင်းနှင့်မီဒီယာအသီးသီး၌ အများပြည်သူ အား တင်ဆက် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

 

င။ ပေးပို့ရမည့်လိပ်စာ

   (က)တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး(မန္တလေးရုံး)

အမှတ်(-/၆၃-၇၀) ၄၃-လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

ဆက်သွယ်ရန်။    မခင်စန်းယဉ်     ဖုန်း ဝ၉-၄၂၆၈၀၂၀၂၁

   () တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး(ရန်ကုန် ရုံး)

အမှတ်(၃၃) လောကနတ်အိမ်ယာ၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်။   Mr. ဝမ်ကျင့်ယွိ     ဖုန်း ဝ၉-၈၉၁၅၀၄၁၆၉

အီးမေးလိပ်စာ။ 3313605524@qq.com

ပေးပို့မည့်အချိန်ကာလ။ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့အထိ။

 

စ။ဂုဏ်ပြုဆုချီးမြှင့်ခြင်း

   ၁။ တတိယအကြိမ်ပိုးလမ်းမရုပ်ရှင်ပွဲတော် တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲ ပိုးလမ်းမရုပ်ရှင်ပွဲတော်ဆု()ဦး၊ ဆုကြေးငွေ ယွမ်ငွေ ()သိန်း(အခွန်ပါ) + ဂုဏ်ပြု မှတ်တမ်းလွှာ+ဆုဖလား။

   ၂။ အကောင်းဆုံးဆုရရှိသူများသည် တတိယအကြိမ်ပိုးလမ်းမရုပ်ရှင်ပွဲတော် တက်ဟုန်း အပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲအထူးဆုဖလား၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေယွမ်ငွေ ()သောင်း(အခွန်ပါ) အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားချီးမြှင့် ခြင်း၊ ဒိုင်လူကြီးအဖွဲ့မှ ရွေးချယ်ခြင်းခံရသူအား တတိယအကြိမ်ပိုးလမ်းမရုပ်ရှင်ပွဲတော် တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲအထူးဆုဖလား၊ ဂုဏ်ပြုမှတ်တမ်း လွှာများကို င်္ချီးမြှင့်မည်ဖြစ်ပြီး ဆန်ကာတင်ရွေးချယ်ခံရသည့် လက်ရာများကို အသိအမှတ် ပြုမှတ်တမ်းလွှာ ပေးအပ်သွားမည်ဖြစ်ပါသည်။

   ၃။ထူးချွန်လက်ရာများကိုရုပ်သံလိုင်း၊ အင်တာနက်စင်မြင့်၊ Mobile New Media စင်မြင့် ဖြင့်အများပြည်သူထံ ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပါသည်။

   ၄။ ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထူးချွန်လက်ရာရရှိသော အဓိကဖန်တီးသူများကို ပြည်ပ သက်ဆိုင်ရာရုပ်ရှင်ပွဲတော် (ရုပ်ရှင်ပြပွဲ) များ၌ နိုင်ငံတကာဖလှယ်မှုပြုနိုင်ရန် ထောက်ခံ ပေးသွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် “The Belt and Road”  တလျှောက်ရှိ နိုင်ငံများတွင် လှည့်လည်ပြသပေးသွားမည်ဖြစ်ပါသည်။

 

တတိယအကြိမ်ပိုးလမ်းမရုပ်ရှင်ပွဲတော်တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးကော်မတီ

၂၀၁၉ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့




နောက်ဆက်တွဲစာတမ်း —

တတိယအကြိမ်“ပိုးလမ်းမရုပ်ရှင်ပွဲတော်”တက်ဟုန်းအပြည်ပြည်ဆိုင်ရာMicro Filmပြိုင်ပွဲ အမည်စာရင်းတင်သွင်းရန်ဖောင်


404 Not Found

404 Not Found


nginx