“ခွန်အားများနဲ့နေ့သစ်ဆီ ” Press release
2019-12-24 14:31 source:



      စိတ်ဓာတ်ခွန်အားပေးစွမ်းနိုင်သောရသအမျိုးအစားဖြင့်ရိုက်ကူးထားသောခွန်အားများနဲ့နေ့သစ်ဆီ မြန်မာနောက်ခံစကားပြော ယနေ့ခေတ်တရုတ်လူအဖွဲ့စည်းကို သရုပ်ဖော်ပြသည့် ရုပ်သံဇာတ်လမ်းတွဲမိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ရှိ Wyndam Grand Hotel မှာ ကျင်းပခဲ့ပါတယ်။

 

封面.jpg


现场.jpg


      အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ Chen Hai နှင့် တရုတ်-မြန်မာနှစ်နိုင်ငံမှ နာမည်ကျော် ဒါရိုက်တာများ၊ အနုပညာရှင်များနှင့်ဧည်သည်များ အပါအဝင်ပရိတ်သတ် ၂၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။


1.jpg


2.jpg

3.jpg


      ဘေဂျင်းမြို့မှ လာရောက်ကာ ယခုအခမ်းအနားသို့ တက်ရောက်ခဲ့သည့်ဇာတ်လမ်းနှင့်ဒါရိုက်တာဖြစ်သူမစ္စတာ  Zhao Bao Gang မှာ ၎င်းရိုက်ကူးသည့် ရုပ်သံဇာတ်လမ်းတွဲကို မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်မိတ်ဆက်သည့် ပထမဦးဆုံး  တရုတ်ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။

 

      မကြာမီကာလများက ယဥ်ကျေးမှုအစီအစဥ်ဖြင့် မြန်မာနိုင်ငံတွင် လှည်လည့်ပြသခဲ့သည့်  “Chinese Film Festival”Open Air Cinema”စသည့် တရုတ်ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းများမှာ မြန်မာပရိတ်သတ်တို့၏ အားပေးနှစ်ခြိုက်မှုကို တဖြည်းဖြည်းရရှိလာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမျက်မှောက်ကာလနှင့် ဆက်စပ်ထင်ဟပ်နေသည့် ဇာတ်လမ်းများမှာ ပရိတ်သတ်တို့၏ကြိုက်နှစ်သက်မှုကိုရရှိခဲ့ပါတယ်။

 

      ယခုမိတ်ဆက်သည့်ခွန်အားများနှင့်နေ့သစ်ဆီ  ဇာတ်လမ်းတွဲမှာ ခတ်တစ်ခေတ်အတွင်းရှိ လူငယ်များ၏ ဘဝစိန်ခေါ်မှုများကို ကြိုးစားရင်ဆိုင်ရုန်းကန်ခြင်း၊ ဘဝတစ်လျှောက်ကြုံတွေ့ရသည့်ချစ်ခြင်း၊ မုန်းခြင်းနှင့် သနားကရုဏ်သက်စရာစသည့် စိတ်ခံစားမှုများ၊ လောကဓံတရားများကို ရဲရဲရင်ဆိုင်ဖြေရှင်းကြသည့် ဘဝဖြတ်သန်းမှုများကို ဖော်ကျူးထားသည့်အပြုသဘောဆောင်သည့် လူငယ်ဇာတ်လမ်းတွဲတစ်ခုဖြစ်ကာ ယခုခေတ်လူငယ်တို့အတွက် စံပြယူစရာ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။

海报.jpg

 

      အဆိုပါဇာတ်လမ်းတွဲကို ကြည့်ရှုရာတွင် ဇာတ်လမ်းစိတ်ဝင်စားသည့်မြန်မာပရိတ်သတ်များ ပိုမိုနားလည်စေရန် မြန်မာစကားပြောဖြင့် ထုတ်လုပ်ရာတွင် သီရိရှင်းသန့်၊ ဇေယျ၊ ကျော်ကျော်၊ ဆုမြတ် နိုးဦး စသည့် မြန်မာနိုင်ငံအနုပညာရှင်များနှင့် အခြားသရုပ်ဆောင်များအသံဖြင့် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၎င်းရုပ်သံဇာတ်လမ်းတွဲကို လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှစကာ Sky Net ရုပ်မြင်သံကြား World Drama ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။


404 Not Found

404 Not Found


nginx