နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ရောက်ရှိလာ
2020-01-17 16:24 source:ဆင်ဟွာ


နေပြည်တော် ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

 

      တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ယနေ့ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။

      ၎င်းခရီးစဉ်အတွင်း သမ္မတရှီသည် မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်မှ ဦးဆောင်ကျင်းပသည့် နိုင်ငံတော်အခမ်းအနားများကို အစဉ်လိုက်တက်ရောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံလွှတ်တော်အကြီးအကဲများ နိုင်ငံရေးပါတီခေါင်းဆောင်များ နှင့် အမြင်ချင်းဖလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

图2.jpg

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ- MOI)

 

图3.jpg

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ- MOI)

 

 图4.jpg

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ- MOI)

 

      သမ္မတရှီသည် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်းနှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာခေါင်းဆောင်များနှင့်အတူ တက်ရောက်သွားမည်ဖြစ်သည်။ယခုခရီးစဉ်သည် ၂၀၂၀ ပြည့်နှစ်အတွက် သမ္မတ ရှီ၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ၁၉ နှစ်ကြာ ကာလပြီးနောက် တရုတ်နိုင်ငံ သမ္မတ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်လည်ပတ်သော ခရီးစဉ်လည်းဖြစ်ကြောင်း သိရသည်။


404 Not Found

404 Not Found


nginx