တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်းနှစ် (၇၀) ပြည့်အထိမ်းအမှတ် ဓါတ်ပုံပြပွဲကျင်းပ
2020-01-19 10:36 source:ဆင်ဟွာ


နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

 

      တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်းနှစ် (၇၀) ပြည့်အထိမ်းအမှတ် ဓါတ်ပုံပြပွဲ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ- (MICC-2) တွင် ဇန်နဝါရီ ၁၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။


      အဆိုပါဓါတ်ပုံပြပွဲတွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်းနှစ် (၇၀) ကာလတစ်လျှောက်တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုနှင့် ပေါက်ဖော်ချစ်ကြည်ရေးကို ဖော်ညွှန်းနိုင်သည့် အမှတ်တရ အကြောင်းအရာများကို ရည်ညွှန်းကာ ဓါတ်ပုံပေါင်း ၄၆ ပုံကိုပြသထားကြောင်းသိရသည်။


      ပြပွဲကို အပိုင်း ပိုင်းခွဲကာ ပြသထားပြီး ၎င်းတို့မှာ ထိပ်သီးခေါင်းဆောင်များ၏ အလည်အပတ်အမှတ်တရပုံများ၊ ကုန်သွယ်ရေးစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုပုံရိပ်များနှင့် ပြည်သူများချစ်ခင်ရင်းနှီးစွာ အပြန်အလှန်ကူးလူးဆက်သွယ်ခဲ့ကြသည့်ပုံရိပ်များဖြစ်ကြသည်။ အဆိုပါဓါတ်ပုံပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီပြန်ကြားရေးဝန်ကြီးဌာနှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကြီးမှူးကျင်းပခြင်းဖြစ်သည်။တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ဓါတ်ပုံပြပွဲကို ဆင်ဟွာသတင်းဌာန နှင့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ- (MICC-2) တို့မှ ပူးပေါင်းတာဝန်ယူကျင်းပခြင်းဖြစ်သည်။


404 Not Found

404 Not Found


nginx