COVID-19နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
2020-02-18 00:00 source:Ministry of Health and Sports, Myanmar


From Ministry of Health and Sports, Myanmar


 轮播图3.jpg

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် (၁၆--၂၀၂၀) ရက်နေ့၊ (၈း၀၀) နာရီမှ (၁၇--၂၀၂၀) ရက်နေ့၊ (၈း၀၀) နာရီအချိန်အထိ Coronavirus Disease 2019 (COVID-19) ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသသည့် လူနာသစ်မရှိပါ။

 

၃။ သို့ဖြစ်ပါ၍ ယနေ့ (၁၇--၂၀၂၀) ရက်နေ့၊ ညနေ (၈း၀၀) နာရီအချိန်အထိ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် စောင့်ကြည့်လူနာ () ဦးအား သက်ဆိုင်ရာဆေးရုံများ၌ ဆက်လက် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန် လျက်ရှိပါသည်။

 

၄။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19)  ရောဂါစောင့်ကြည့်လူနာနှင့် သံသယလူနာများတွေ့ရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။


404 Not Found

404 Not Found


nginx