တရုတ်ပြည် တစ်ပြည်လုံး၌ အာဇာနည်များနှင့် ကွယ်လွန်သူများအပေါ် ဝမ်းနည်းကြေကွဲကြောင်း အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်
2020-04-04 19:21 source:CRI


图片默认标题_fororder_2

ဧပြီလ ၄ ရက်နေ့ဟာ တရုတ် ရိုးရာ ချင်းမင် ပွဲတော်နေ့ ဖြစ်ပြီး တရုတ်လူမျိုးက အဲဒီ ပွဲတော်နေ့မှာ ကွယ်လွန်သူ ဘိုးဘွားများကို ပူဇော်ခြင်း၊ အာဇာနည်များအား လွမ်းဆွတ်သမိရကြောင်း ဖေါ်ပြခြင်း စတာတွေ ပြုလုပ်လေ့ ရှိပါတယ်။

COVID-19 ကူးစက်ရောဂါဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင် ခဲ့တဲ့ နောက်ပိုင်း တရုတ်ပြည်မှာ ဖြစ်ပွါးခဲ့တဲ့ ကူးစက်ပျံ့နှံ့မှု အမြန်ဆုံး၊ ကူးစက်မှု အတိုင်းအတာ အကျယ်ပြန့်ဆုံး၊ ထိန်းချုပ်ဖို့ အခက်ဆုံးသော အရေးပေါ် အများပြည်သူ ကျန်းမာရေး အရေး ဖြစ်ပါတယ်။ ဧပြီလ ၃ ရက်နေ့ ည ၁၂ နာရီ အထိ တရုတ်ပြည်တွင်းမှာ COVID-19 ကူးစက် ခံရတာကြောင့် သေဆုံးသူဦးရေဟာ ၃၃၂၆ ဦး ရှိခဲ့ပါပြီ။ ဒီနေ့ တရုတ် တစ်ပြည်လုံးမှာ ဝမ်းနည်းကြေကွဲကြောင်း အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်နေပါတယ်။ တစ်ပြည်လုံးနဲ့ နိုင်ငံခြားရှိ သံရုံး ကောင်စစ်ဝန်ရုံးများမှာ နိုင်ငံတော်အလံ တစ်ဝက်ချပြီး တစ်ပြည်လုံး လူအများ ပျော်ပွဲရွှင်ပွဲများကို ရပ်စဲပါတယ်။ နံနက် ၁၀ နာရီမှာ တစ်ပြည်လုံး ပြည်သူများ သုံးမိနစ်ကြာ ငြိမ်သက်စွာနေကြပြီး မော်တော်ကား မီးရထား သင်္ဘောများ ဥသြသံ မြည်ကာ လေကြောင်းရန် ကာကွယ်ရေး အချက်ပေး ဥသြသံလည်းမြည်၍ ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ အသက် ပေးလှူကြတဲ့ အာဇာနည်များနဲ့ ကွယ်လွန်သူများအား လွမ်းဆွတ်သမိရမိကြောင်း ဖေါ်ပြပါတယ်။

图片默认标题_fororder_1

ကူးစက်ရောဂါ အခြေအနေ အပြင်းထန်ဆုံး ဖြစ်တဲ့ ဟူပေ ပြည်နယ်မှာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းမှာ အသက်ပေးလှူကြတဲ့ ပုဂ္ဂိုလ် ၁၄ ဦးကို အာဇာနည် အဖြစ် ချမှတ်ထားပါတယ်။ ပဏာမ စာရင်းအရ မျက်မှောက်အချိန်အထိ တရုတ်ပြည်မှာ ဆေးဝန်ထမ်း ၄၆ ဦးထက်မနည်း ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အသက် ပေးလှူခဲ့ကြပါတယ်။

တရုတ်ပြည်သူ သန်း ၁၄၀၀ တို့ဟာ အသွင်ပုံစံ အမျိုးမျိုးနဲ့ အာဇာနည်များနဲ့ ကွယ်လွန်သူများအား လွမ်းဆွတ်သမိရမိကြောင်းကို ဖေါ်ပြနေကြပါတယ်။

ကူးစက်ရောဂါ ပြင်းထန်ဆိုးဝါးနေတဲ့ ယနေ့မှာ တရုတ် ရိုးရာ ချင်းမင် ပွဲတော်နေ့မှာ ကူးစက်ရောဂါ တိုက်ဖျက်ရာမှာ ကွယ်လွန်ကြတဲ့ ဆေးဝန်ထမ်းများကို မိမိတို့ လေးနက်စွာ လွမ်းဆွတ် သမိရမိကြတယ်၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ ဇွဲရှိရှိနဲ့ ကြိုးပမ်းနေကြတဲ့ ရိုးရိုးသာမန် သူရဲကောင်းများကို မိမိတို့ အလေးပြုကြတယ်။


404 Not Found

404 Not Found


nginx