ပြည်ပနိုင်ငံမှ ပြန်လာသူ လေးဦးထံမှ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ
2020-06-01 11:32 source: ဆင်ဟွာ


qz.jpg

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် အတွင်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)


ရန်ကုန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) 


COVID-19 ရောဂါပိုးအား အိန္ဒိယ နိုင်ငံမှ ပြန်လာသူ လေးဦးထံမှ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ နံနက်ပိုင်း အချိန် ထုတ်ပြန်ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၂၈ ဦးရှိလာခဲ့ကြောင်း သိရသည်။ 


ယခုထပ်မံစစ်ဆေးတွေ့ရှိခဲ့သော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်လေးဦးမှာ အသက် ၃၂ နှစ် အရွယ် အမျိုးသား နှစ်ဦး ၊ ၃၆ နှစ် အရွယ် အမျိုးသား တစ်ဦး နှင့် ၂၇ နှစ် အရွယ် အမျိုးသား တစ်ဦးတို့ ဖြစ်ကြသည်။ 


အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်လေးဦးသည် COVID-19 ရောဂါ အတည်ပြု လူနာများနှင့် ထိတွေ့မှု မရှိဘဲ အသွားအလာ ကန့်သတ်ထားရှိသူများ ဖြစ်ကြကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 


ထို့အတူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များတွင် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၃၈) ဦးရှိလာကြောင်းလည်း သိရသည်။ 


COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် မေ ၃၁ ရက်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၁,၂၇၉)ခု၊ ဆေးသုတေသနဦးစီးဌာန မှ  ဓာတ်ခွဲနမူနာ (၁၇၈) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး  (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၀၃) ခု၊  စုစုပေါင်း (၁,၅၆၀)ခုအား စစ်ဆေးခဲ့ကြောင်း သိရသည်။ (Xinhua)

404 Not Found

404 Not Found


nginx