အိန္ဒိယ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းရေး အား ထိန်းသိမ်းသွားစေလိုကြောင်း တရုတ် နိုင်ငံ ပြောကြား
2020-06-22 11:08 source:ဆင်ဟွာ


yd.jpg

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)


ပေကျင်း ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)


တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ မှ တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ခေါင်းဆောင် တို့ ရရှိထားသည့် သဘောတူညီချက် အား မှန်ကန်စွာ လိုက်နာသွားပြီး နှစ်နိုင်ငံ အစိုးရ အကြား ချုပ်ဆိုထားသည့် သဘောတူညီချက် အား လေးနက်စွာ လိုက်နာစေလိုကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် နိုင်ငံခြားရေး တို့မှ တစ်ဆင့် လက်ရှိနယ်စပ်ဒေသ တွင် ဖြစ်ပွား နေသည့် အခြေအနေ နှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်မှု တိုးချဲ့ ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းသွားစေလိုကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က ဇွန်လ ၁၉ ရက် ၌ ပြောကြား ခဲ့သည်။


ကျောက်လိကျင်း က Gallowan မြစ်ဝှမ်း က တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် ၏ အနောက်ပိုင်း ဒေသ တွင် ရှိပြီး တရုတ် နိုင်ငံ မှ ထိန်းချုပ်ထားသည့် ဒေသ ဖြစ်ကြောင်း ၊ ကာလတစ်လျှောက် တရုတ် နိုင်ငံ နယ်စပ်ကာကွယ်ရေး တပ်ဖွဲ့ က ပုံမှန် ကင်းလှည့်မှု ပြုလုပ်ခဲ့ပြီး ယခုနှစ် ဧပြီလ မှ စတင်၍ အိန္ဒိယ နိုင်ငံ နယ်စပ် ကာကွယ်ရေး တပ်ဖွဲ့ က Gallowan မြစ်ဝှမ်း ဒေသ တွင် အဆက်မပြတ် လမ်းများ တည်ဆောက်ခြင်း နှင့် တံတားတည်ဆောက်ခြင်း များ ကို ပြုလုပ် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ က ယင်းဆောင်ရွက်မှုများ နှင့် ပတ်သက်၍ အကြိမ်ကြိမ် အကြောင်းကြား ကန့်ကွက် ခဲ့သော်လည်း အိန္ဒိယ နိုင်ငံ ၏ ဆောင်ရွက်မှုများ က ပိုမို ဆိုးရွားလာကြောင်း ၊ မေလ ၆ ရက် နံနက်ပိုင်း အချိန် တွင် အိန္ဒိယ နိုင်ငံ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ က တရုတ် နိုင်ငံ နယ်နိမိတ် အတွင်းဝင်ရောက်၍ အတားအဆီး များ တည်ဆောက်ခဲ့ပြီး တရုတ် နိုင်ငံ ၏ ပုံမှန်ကင်းလှည့်မှု ကို တားဆီး ခဲ့ကြောင်း ၊ အိန္ဒိယ နိုင်ငံ အနေဖြင့် ရည်ရွယ်ချက်ရှိရှိရန်စမှု ပြုလုပ်ခဲ့ပြီး လက်တွေ့ထိန်းချုပ်မှု အခြေအနေ အား ပြောင်းလဲရန် ဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ နယ်စပ် ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် မဖြစ်မနေ လိုအပ်သော ဆောင်ရွက်မှု ပြုလုပ်ခဲ့ရပြီး နယ်စပ်ဒေသ ထိန်းချုပ်မှု အား တိုးချဲ့ ဆောင်ရွက်ခဲ့ရကြောင်း ပြောကြား ခဲ့သည်။


ထိုနောက် ကျောက်လိကျင်း က နယ်စပ်ဒေသ အခြေအနေ အား ဖြေလျှော့ နိုင်ရန် အတွက် တရုတ် နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ တို့ က စစ်ဘက်ဆိုင်ရာ နှင့် နိုင်ငံခြားရေး တို့မှ တစ်ဆင့် အနီးကပ် ညှိနှိုင်းဆွေးနွေးမှု ဆောင်ရွက် ခဲ့ပြီး တရုတ် နိုင်ငံ ၏ တောင်းဆိုမှုအောက် တွင် အိန္ဒိယ နိုင်ငံ က ကျူးကျော်လာသည့် တပ်ဖွဲ့ဝင်များ အား နောက်ဆုတ်ရန် သဘောတူခဲ့ကာ အတားအဆီး များ ကို ဖယ်ရှားပေးခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဇွန်လ ၆ ရက် ၌ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အရာရှိ အစည်းအဝေး ကျင်းပ ပြုလုပ် ခဲ့ပြီး အိန္ဒိယ နိုင်ငံ အနေဖြင့် Gallowan မြစ်ဝှမ်း မကျော်လွန်ရန် နှင့် တည်ဆောင်မှုများ မပြုလုပ်ရန် သဘောတူညီခဲ့ပြီး တပ်ဖွဲ့ဝင်များ အား အသုတ်ခွဲ၍ ပြန်လည် ထွက်ခွာစေရန် သဘောတူညီခဲ့ကြောင်း ၊ သို့သော် ဇွန်လ ၁၅ ရက် ညပိုင်း အချိန်တွင် အိန္ဒိယ တပ်ဖွဲ့ဝင် များ အနေဖြင့် Gallowan မြစ်ဝှမ်း ကို ကျော်လွန်၍ ရန်စမှု ပြုလုပ်ခဲ့ကြောင်း ၊ အိန္ဒိယ နိုင်ငံ တပ်ဖွဲ့ဝင် များ အနေဖြင့် လာရောက်ညှိနှိုင်းမှု ဆောင်ရွက်သည့် တရုတ် နိုင်ငံ တပ်ဖွဲ့ဝင် အား တိုက်ခိုက်ခဲ့သဖြင့် နှစ်နိုင်ငံ တပ်ဖွဲ့ဝင် တို့မှ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း ၊ အိန္ဒိယ နိုင်ငံ တပ်ဖွဲ့ဝင် ၏ အရဲစွန့် ဆောင်ရွက်မှု သည် နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းမှု ကို ပျက်ပြား စေခဲ့ပြီး တရုတ် နိုင်ငံ တပ်ဖွဲ့ဝင် ၏ အသက်လုံခြုံမှု ကို ဆိုးရွားစွာ ခြိမ်းခြောက်မှု ဖြစ်ပွား စေခဲ့ကြောင်း ပြောကြား ခဲ့သည်။


ထို့ပြင် ကျောက်လိကျင်း က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အနေဖြင့် အိန္ဒိယ နိုင်ငံ မှ ယင်းကိစ္စရပ် နှင့် ပတ်သက်၍ အသေးစိတ်စစ်ဆေးသွားရန် တောင်းဆိုခဲ့ပြီး တာဝန်ရှိသူ အား ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုခဲ့ကြောင်း ၊ အိန္ဒိယ နိုင်ငံ အနေဖြင့် ရှေ့တန်းရှိ တပ်ဖွဲ့ဝင် အား တင်းကျပ်စွာ ထိန်းချုပ်သွားပြီး ရန်စသည့် အပြုအမူများ ချက်ခြင်း ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း ၊ ယခု ကဲ့သို့ ကိစ္စရပ်များ ထပ်မံမဖြစ်ပွားအောင် ဆောင်ရွက်သွားပြီး ဒုတိယ အကြိမ်မြောက် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိ အစည်းအဝေး အား အမြန်ဆုံးကျင်းပကာ သက်ဆိုင်ရာ ကိစ္စရပ်များ အား ဖြေရှင်းရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

404 Not Found

404 Not Found


nginx