ကာတာနိုင်ငံမှ ပြန်လာသူ ၃ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ
2020-06-22 11:08 source:ဆင်ဟွာ


bl.jpg

ရန်ကုန်မြို့ရှိဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် နှာခေါင်းစည်း တပ်ဆင်၍ ဘတ်စ်ကားစောင့်ဆိုင်းနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)


ရန်ကုန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) 


ကာတာနိုင်ငံမှ ပြန်လာသူ ၃ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၉၀ဦး ရှိလာခဲ့ကြောင်း သိရသည်။


(ဓာတ်ခွဲအတည်ပြု လူနာဟောင်း များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၂၀၀) ဦးရှိလာခဲ့သည်။ 


၎င်းတို့အနက် (၁၈၃) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း၊ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

404 Not Found

404 Not Found


nginx