မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၂၅ ဦးထိရှိလာ၊ ကယ်ဆယ်ရေးလုပ်ငန်းများ အန္တရာယ်ရှိလာသဖြင့် ခတ္တရပ်နားထားဟုဆို
2020-07-03 15:32 source:ဆင်ဟွာ


1.jpg

ယနေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့)


ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)


ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၂၅ ဦးထိရှိလာကြောင်း နှင့်  ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ အန္တရာယ်ရှိလာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ခတ္တရပ်နားထားကြောင်း ဖားကန့်မြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး ဒုဦးစီးမှူးက ဆင်ဟွာသို့ပြောကြားသည်။


" နိုင်ငံခြားသား မပါပါဘူး၊ ရေမဆေးကျောက်ရှာတဲ့ localတွေ သေကြတာ၊ ရာသီဥတုကတော့ မိုးရွာလိုက်တိတ်လိုက်နဲ့၊ ကယ်ဆယ်ရေးလုပ်တာ အန္တရာယ်များလာလို့ ခု ရှာဖွေကယ်ဆယ်ရေးကို ရပ်ထားတယ်၊ ကယ်ဆယ်ရေးသမားတွေ တော်တော်ခက်ခက်ခဲခဲ ရှာနေရတာ၊ ကယ်ဆယ်ရေးလုပ်တဲ့လူတွေတောင် အန္တရာယ်ရှိတဲ့ မြေပြင်အခြေအနေဖြစ်နေတယ်"၎င်းက ဆိုသည်။


2.jpg

ယနေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့)


အဆိုပါ မြေစာပုံပြိုကျသည့်နေရာ၌ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများစွာ ကယ်ဆယ်ရှာဖွေရေးပြုလုပ်လျက်ရှိပြီး မြေအနေအထားအရ ထပ်မံပြိုကျလာနိုင်သည့်အခြေအနေများရှိနေကြောင်းလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။


3.jpg

ယနေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့)


" မွန်းလွဲ ၁၂နာရီကျော်လောက်ထိ ၁၂၅ ဦးရဲ့ ရုပ်အလောင်းတွေ့ထားတယ်၊ အမျိုးသားတွေများပါတယ်၊ နွံ့တွေထဲရှာရတဲ့လူတွေလည်း တော်တော်ခက်ခက်ရှာဖွေရတာ၊ ဒီနေရာကို စက်ကြီးတွေနဲ့ လာရှာလို့ လည်း မလွယ်လှဘူး၊ သက်ဆိုင်ရာ လူကြီးတွေ အခု အခင်းဖြစ်တဲ့နေရာကို လာနေပါပြီ၊ လုံး၀ ကယ်ဆယ်ရေးရပ်နားလိုက်တာမဟုတ်သေးပါဘူး"ဟု ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော ရဲတပ်ကြပ်တစ်ဦးက ပြောသည်။


4.jpg

ယနေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့)


ရေမဆေးသမားများက ရေမဆေးကျောက်ဝင်ရောက်ရှာဖွေနေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာမှ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့အများအပြား နွံနစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ မြေစာပုံပြိုကျသည့်နေရာသည် နိုင်ငံတော်နှင့် အကျိုးတူ လုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းများယာယီရပ်နားထားသည့် ရတနာကြယ် ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဖြစ်ပြီးအမြင့် ၁,၀၀၀ ပေ အလျား ၇၀၀ ပေခန့် မြေသားများအပ်ကြောင်းဖြစ်ပြီး ပြိုကျကာ အောက်ခြေတွင်ရှိသော အကျယ် ၁,၀၀၀ x ၅၀၀ ပေခန့်ရှိ ရေကန်အတွင်းသို့ မြေသားများဝင်ရောက်ခဲ့ကြောင်း၊ ထိုအချိန်တွင် ရေကန်ပတ်လည်တွင် ရေမဆေး ကျောက်ရှာဖွေသူများသည် နွံလှိုင်းရိုက်ခတ်မှုများကြောင့် ရေကန်အတွင်းသို့ မြေသားများနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။


လက်ရှိ အချိန်ထိ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၂၅ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း သိရသည်။(Xinhua)


404 Not Found

404 Not Found


nginx