အမေရိကန် နိုင်ငံက ဒေါ်လာ ၂ ဘီလီယံနီးပါး အသုံးပြု၍ COVID-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူရန် စီစဉ်နေ
2020-07-24 16:21 source:ဆင်ဟွာ


23r11.jpg

အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီ ရှိ သမ္မတ အိမ်ဖြူတော်အား ဇူလိုင်၂၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)


ပေကျင်း ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)


အမေရိကန် နိုင်ငံ Pfizer ကုမ္ပဏီ နှင့် ဂျာမဏီ နိုင်ငံ နည်းပညာသစ် ကုမ္ပဏီ တို့မှ ပူးပေါင်းတီထွင်ထုတ်လုပ်ထားသော  COVID-19 ရောဂါ ကာကွယ်ဆေးကို ဇူလိုင် ၂၂ ရက်တွင် လက်တွေ့စမ်းသပ် ခဲ့ရာ ထိရောက်လုံခြုံမှုရှိကြောင်း  ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်  အစိုးရ အနေဖြင့် ဒေါ်လာ ၁.၉၅ ဘီလီယံ အသုံးပြု၍ ယင်း ကာကွယ်ဆေး အခုရေ သန်း ၁၀၀ ဝယ်ယူပြီး လူပေါင်း သန်း ၅၀ ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


အစောပိုင်း ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အရ ကာကွယ်ဆေး ထိုးနှံခံယူသူများအနေဖြင့်  ဆေးနှစ်ချောင်း ထိုးသွင်းရန် လိုအပ်ကြောင်း ၊ ကုန်ကျစရိတ် အနေဖြင့် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၉ ဒေါ်လာ ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ ကျန်းမာရေး နှင့် အများပြည်သူ ဝန်ဆောင်မှု ဝန်ကြီးဌာန က COVID-19 ရောဂါ လက်တွေ့စမ်းသပ်မှု အောင်မြင်ခဲ့ပါက အမေရိကန် နိုင်ငံသားများကို အခမဲ့ ကာကွယ်ဆေး ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ၊ ကျန်းမာရေး အာမခံချက် အနေဖြင့် သင့်သင့်မျှတသော  ကုန်ကျစရိတ်ကို ပေးချေရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။


အမေရိကန် နိုင်ငံ အစိုးရ နှင့် ဆေးဝါ ကုမ္ပဏီ နှစ်ခု ချုပ်ဆိုထားသည့် သဘောတူညီချက် အရ အထက်ဖော်ပြပါ ကာကွယ်ဆေး အခုရေ သန်း ၁၀၀ အပြင် အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် ကာကွယ်ဆေး အခုရေ သန်း ၅၀၀ ထပ်မံဝယ်ယူသွားမည် ဖြစ်ပြီး ထပ်မံ ဝယ်ယူချိန်တွင် ဈေးနှုန်း အား ပြန်လည် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)


404 Not Found

404 Not Found


nginx