မြန်မာနိုင်ငံ၌သာတွေ့ရှိရသောရှားပါးငှက် ၉ မျိုးအနက် ၆ မျိုးကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရှိ ချပ်သင်းဘေးမဲ့တောတွင် တွေ့ရှိရ
2020-07-27 15:15 source:ဆင်ဟွာ


26i01.jpg

ငှက်မင်းသားဗိုက်ဖြူ ( Jerdon’s Minivet) ငှက်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)


ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) 


မြန်မာနိုင်ငံ၌သာ တွေ့ရှိရသောရှားပါး ငှက်မျိုးစိတ် (၉) မျိုးအနက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ချပ်သင်းဘေးမဲ့တောအတွင်း ရှားပါးငှက် (၆) မျိုး တွေ့ရှိရကြောင်း ချပ်သင်းဘေးမဲ့တော မှ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ဆင်ဟွာသို့ဇူလိုင် ၂၆ ရက်တွင် ပြောသည်။


အဆိုပါရှားပါးငှက်မျိုးစိတ် ၆ မျိုးမှာ နဖားကြူးမြီးဝိုင်း(Hooded Treepie)၊ ဗွတ်မွဲ (Ayeyarwaddy Bulbul)၊ မြန်မာဘီလုံး (Burmese Bushlark) ၊ စွေ့ (White-throated Babbler) ၊ ငှက်မင်းသားဗိုက်ဖြူ ( Jerdon’s Minivet) ၊ ချိုးလင်းပြာ ( Burmese-collared Dove) တို့ဖြစ်ကြောင်း သိရသည်။


“ဘေးမဲ့တောအတွင်း မှာ  ငှက်မျိုးစိတ်တွေ  ပေါများလာမှုတွေ၊  ရှားပါးလာမှုတွေကို  လအလိုက်၊နှစ်အလိုက် သိရှိနှိုင်းယှဉ်နိုင်ဖို့ အတွက်  ငှက်စာရင်းကောက်ယူခြင်းလုပ်ငန်းတွေကို  အင်တိုင်းတောနိမ့်၊ ရေလွှမ်း အင်တိုင်း၊ အင်တိုင်းတောမြင့်၊ ကျေးအင်းရေတိမ်ဒေသ တွေမှာ  တောအမျိုးအစားအလိုက် ဧရိယာခွဲခြားသတ်မှတ် ပြီး ဘေးမဲ့တောဝန်ထမ်းတွေက ကွင်းဆင်းကောက်ယူခြင်းတွေ ကိုဆောင်ရွက်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောရှိ အင်တိုင်းတောဂေဟစနစ်အတွင်း ကျရောက်ရှင်သန်ကျက်စားလျက်ရှိသော ဌာနေမျိုးစိတ်များ၊ဆောင်းခိုငှက်များ၊ရာသီအလိုက် ပြောင်းရွေ့ကျက်စားတတ်သော ငှက်မျိုးစိတ်များကို ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ ငှက်မျိုးစိတ်စာရင်းများအရ ၂၄၁ မျိုးရှိကြောင်း သိရသည်။ကောက်ယူရရှိသော စာရင်းများမပါ ယနေ့ထိ ငှက်မျိုးစိတ်သစ် ၂၁ မျိုး ထပ်မံမှတ်တမ်းတင်ပြုစုနိုင်ခဲ့ပြီး ငှက်မျိုးစိတ်ပေါင်း  ၂၆၂ မျိုးရှိကြောင်း သဘာဝပတ်ဝန်းကျင် နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မှ သိရသည်။  (Xinhua) 

404 Not Found

404 Not Found


nginx