မူဆယ်(၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်တင်ယာဉ်အစီးရေ များပြား၍ ကုန်သွယ်ရေး ပုံမှန်ဖြစ်လာ
2020-07-06 14:55 source:ဆင်ဟွာ


3m1.jpg

တရုတ်-မြန်မာနယ်စပ်ဂိတ်မြင်ကွင်း (ဆင်ဟွာ)


ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)


မူဆယ်(၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့သည့်ကုန်တင်ယာဉ်အစီးရေ ဇူလိုင် ၁ ရက်မှ စ၍ များပြားလာကြောင်း၊ အစီးရေ ၁၇ဝဝ ကျော်အထိရှိလာပြီး ၊ ကုန်သွယ်ရေးများ ပုံမှန်ပြန်ဖြစ်လာကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း(မူဆယ်မြို့) မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇူလိုင် ၃ ရက် တွင်ပြောသည်။


ဟိန်းမဟာကုန်စည်ပို့ဆောင်ရေး မှ ပိုင်ရှင် ဦးအောင်လင်းက “COVID-19 ရောဂါကလည်း ငြိမ်သွားတော့ နယ်စပ်ကုန်သွယ်ရေးက ပုံမှန်ပြန်ဖြစ်နေပါပြီ။ ကုန်ကားတွေလည်း ပုံမှန်ပြန်ထွက်နေပြီ’’  ဟုဆင်ဟွာကို ဇူလိုင် ၃ ရက် တွင်ပြောသည်။ 


မြန်မာနိုင်ငံဒေသအသီးသီးမှ ထွက်ရှိ သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံ၊ ကြက်သွန်၊ ငရုတ်၊ ငါးပိ၊ ငါးခြောက် ကုန်စည်များအပြင် နွားနှင့်ဆိတ်များကိုပါ မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့  တင်ပို့လျက်ရှိရာ အဆိုပါ ပစ္စည်းများတင်ပို့သည့် ကုန်တင်ယာဉ်အစီး ရေမှာ ဇွန်လအတွင်း တစ်ရက်လျှင် ၁ဝဝဝ ကျော်သာရှိသော်လည်း ဇူလိုင် ၁ ရက်မှ စ၍  အစီးရေ ၁၇ဝဝ ကျော်အထိရှိလာ ကြောင်း သိရသည်။  (Xinhua) 

404 Not Found

404 Not Found


nginx