အမေရိကန်နိုင်ငံရှိ ကလေးငယ် ၅၅၀,၀၀၀ နီးပါး COVID-19 ကူးစက်ခံရ
2020-09-16 15:48 source:ဆင်ဟွာ


16e01.jpg

အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့ရှိအပန်းဖြေစင်တာတစ်ခုတွင်အွန်လိုင်းမှပညာသင်ကြားနေသောကျောင်းသားများကိုတွေ့ရစဉ် (ဆင်ဟွာ)


ဝါရှင်တန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)


အမေရိကန်နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွာစဉ်ကစ၍ COVID-19 ကူးစက်ခံရသည့် ကလေးငယ် ၅၅၀,၀၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း အမေရိကန် ကလေးအထူးကု အကယ်ဒမီနှင့် ကလေးဆေးရုံအသင်းတို့မှထုတ်ပြန်သော အစီရင်ခံစာသစ်အရသိရသည်။


ဩဂုတ်၂၇ ရက်မှ စက်တင်ဘာ ၁၀ ရက် အထိရောဂါကူးစက်ခံရသူ အသစ်စုစုပေါင်း ကလေးငယ် ၇၂,၉၉၃ဦး ရှိကြောင်း၊ သီတင်းပတ်နှစ်ပတ်အတွင်း ကလေးငယ်ရောဂါကူးစက်မှု ၁၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသည့် ကလေးငယ်အရေအတွက် စုစုပေါင်းမှာ ၅၄၉,၄၃၂ ဦး အထိရှိလာပြီဖြစ်ပြီး ရောဂါကူးစက်ခံရသူအားလုံး၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။


ခြုံငုံရေတွက်ကြည့်ပါက ကလေးဦးရေ ၁၀၀,၀၀၀လျှင် ၇၂၉ ဦး ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများ၏ ၀.၆ရာခိုင်နှုန်းမှ ၃.၆ ရာခိုင်နှုန်း၊ သေဆုံးသူများအားလုံး၏၀ရာခိုင်နှုန်းမှ၀.၃ရာခိုင်နှုန်းမှာကလေးများဖြစ်ကြောင်းအစီရင်ခံစာအရသိရသည်။“ဒါ့အပြင် COVID-19 ကြောင့်ပြင်းပြင်းထန်ထန်ဖျားနာမှု ခံစားရတဲ့ ကလေးငယ်တွေကတော့ ရှားရှားပါးပါးပါပဲ။ သို့သော်ပြည်နယ်တွေအနေနဲ့ COVID-19 ဖြစ်ပွားမှုတွေ၊ ဆေးရုံတက်တာတွေ၊ သေဆုံးမှုတွေကိုအသက်အရွယ်အလိုက်၊လူမျိုး/ မျိုးနွယ်စုအလိုက် အသေးစိတ်အစီရင်ခံစာတ ွေဆက်လက်ထောက်ပံ့သွားသင့်တယ်။ ဒါမှသာ ကလေးငယ်တွေရဲ့ကျန်းမာရေးအပေါ် COVID-19 သက်ရောက်မှုကို မှတ်တမ်းတင်ပြီး စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်”ဟုအစီရင်ခံစာ၌ ဖော်ပြထားသည်။  (Xinhua)

404 Not Found

404 Not Found


nginx