၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၀လ တာအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၁,၄၀၀ ဘီလီယံကျော်ရှိ
2020-09-02 00:00 source:ဆင်ဟွာ


2j1.jpg

အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)


ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) 


၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၀လ တာ ကာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏ ငွေကျပ် ၁,၄၀၀ ဘီလီယံကျော်ရှိကြောင်း၊ ၎င်းပမာဏ သည် ယခင်နှစ်ကာလ တူ နှင့် နှိုင်းယှဉ်ပါက ငွေကျပ် ၂၀၀ ဘီလီယံ ပိုမိုဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း  ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှသိရသည်။


ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်က “ အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့အတွက် အခုလိုရင်းနှီးမြှုပ်နှံမှု တိုးလာရခြင်းဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂ ရက်တွင် ပြောသည်။ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့သည့် ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်မှုဖွံ့ဖြိုးမှုကဏ္ဍ နှင့် ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍ တို့ဖြစ်ကြောင်း သိရသည်။ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊စက်မှုဇုန်တည် ဆောက်ရေးကဏ္ဍ၊ သတ္တုကဏ္ဍ နှင့် လျှပ်စစ်ကဏ္ဍ တို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။  (Xinhua)


404 Not Found

404 Not Found


nginx