တရုတ်ပြည်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသူ ၆၄၉ သိန်း ၈ သောင်းကျော် ရှိ
2021-03-16 00:00 source:CRI



  ယခုလ ၁၅ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ ကိုဗစ်-၁၉ ပူးတွဲ ထိန်းချုပ်ကာကွယ်ရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ကျန်းမာရေး ကော်မရှင် ဒုဥက္ကဋ္ဌ လီပင်က မတ်လ ၁၄ ရက်နေ့အထိ တရုတ်ပြည်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသူ ၆၄၉ သိန်း ၈ သောင်းကျော် ရှိပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

  စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန အထွေထွေ မန်နေဂျာချုပ် ထျန်ယုလုံက မျက်မှောက်အချိန်တွင် ဈေးကွက်ဝင်ရန် စံချိန်စံနှုန်းမီ ကိုဗစ်-၁၉ ကာကွယ်ဆေး လေးမျိုးကို အတိုင်းအတာကြီးမားစွာ စတင် ထုတ်လုပ်နေပြီ ဖြစ်ပြီး ပြည်တွင်း ထိုးနှံမှုကို အာမခံ ပေးသည့် အခြေခံပေါ်တွင် ကမ္ဘာ့နိုင်ငံများနှင့်လည်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို ဆက်လက် ပူးတွဲ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

  တရုတ် နိုင်ငံတော် ဆေးဝါးကြီးကြပ်စီမံအုပ်ချုပ်ရေး ဌာနချုပ် ဆေးဝါးကြီးကြပ် စီမံအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ယွမ်လင်က တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ကာကွယ်ဆေး စီမံအုပ်ချုပ်ရေးဥပဒေကို သီးသန့်သတ်သတ် ချမှတ်ထားသည့် နိုင်ငံ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ရှေ့ပြေး ဆေးဝါး ထုတ်လုပ်မှု အရည်အသွေး စီမံအုပ်ချုပ်ရေး GMP စည်းမျဉ်းကို ကျင့်သုံးနေကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။


404 Not Found

404 Not Found


nginx