စီချွမ်းပြည်နယ် ဆန်းရှင်းတွေး ရှေးဟောင်း အကြွင်းအကျန်နေရာတွင် အရေးကြီး ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်း ၅၀၀ ကျော်ကို တူးဖော်တွေ့ရှိ
2021-03-22 00:00 source:CRI


တရုတ်နိုင်ငံတော် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ဦးစီးဌာနမှ မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်သော သတင်းအရ စီချွမ်းပြည်နယ် ဆန်းရှင်းတွေး ရှေးဟောင်း အကြွင်းအကျန်နေရာတွင် အသစ်တွေ့ရှိခဲ့သော ရှေးဟောင်း ပူဇော် ချိုင့်နေရာ ၆ ခုတွင် ရွှေမျက်နှာဖုံးအစိတ်အပိုင်း၊ ငှက်ပုံအလှဆင်ရွှေပြားနှင့် ကြေးရုပ် စသော အရေးကြီး ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်း ၅၀၀ ကျော်ကို တူးဖော် တွေ့ရှိ၍ ဆန်းရှင်းတွေး ရှေးဟောင်းယဉ်ကျေးမှု သုတေသနလုပ်ငန်း နက်ရှိုင်းစွာ ဆောင်ရွက်ရန်ကို တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

ဆန်းရှင်းတွေး ရှေးဟောင်း ယဉ်ကျေးမှု အကြွင်းအကျန်နေရာသည် စီချွမ်းပြည်နယ် ကွမ်ဟန့်မြို့ ဆန်းရှင်းတွေး မြို့နယ်တွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၁၂ စတုရန်းကီလိုမီတာ ရှိပြီး လက်ရှိအချိန်အထိ  စီချွမ်း ချိုင့်ဝှမ်းဒေသတွင် တွေ့ရှိသော အတိုင်းအတာ အကြီးကျယ်ဆုံး၊ အဆင့် အမြင့်ဆုံးသော ရှနှင့် ရှမ်း မင်းဆက်ခေတ်က ဗဟိုချက်မ ရှေးဟောင်းအကြွင်းအကျန်နေရာ ဖြစ်ကြောင်း သတင်းရရှိပါသည်။


404 Not Found

404 Not Found


nginx