ကူးစက်မှုလှိုင်းအသစ်ဖြစ်ပေါ်နေစဉ်အတွင်း ထိုင်းနိုင်ငံ၏ နေ့စဉ် COVID-19 ကူးစက်မှုနှုန်းမြင့်တက်
2021-04-13 16:12 source:ဆင်ဟွာ


12b01.jpg

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးတစ်ခုအနီး သုံးဘီးကားဖြတ်သွားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)


ဘန်ကောက်၊ဧပြီ ၁၂ ရက်(ဆင်ဟွာ)


ထိုင်းနိုင်ငံဘန်ကောက်မြို့ နှင့် အခြားပြည်နယ်များတွင် အစုလိုက်အပြုံလိုက်ကူးစက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဧပြီ ၁၁ ရက်က COVID-19 အတည်ပြုလူနာသစ် ၉၆၇ ဦးတွေ့ရှိခဲ့ရာ နေ့စဉ်ကူးစက်မှုအရေအတွက် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ(CCSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။


အဆိုပါ လူနာသစ်များအနက် ၉၆၄ ဦးမှာ ပြည်တွင်းကူးစက်မှုများ ဖြစ်ပြီး အခြား ၃ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။ ယင်းတို့အနက် ၅၁၇ ဦးသည် လွန်ခဲ့သော ရက်အနည်းငယ်က ပြည်တွင်း၌ B.1.1.7 မျိုးစိပ်ကွဲ ပထမဆုံးတွေ့ရှိခဲ့ရာ ညဈေးမှ အစုအလိုက်အပြုံလိုက် ကူးစက်မှုနှင့် ဆက်နွယ်နေသည့် ပြည်တွင်းကူးစက်မှုများ ဖြစ်ကြောင်း CCSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် ကူးစက်ရောဂါဌာနမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက ယခုတွေ့ရှိသော မျိုးစိပ်ကွဲသည် ယခင်မျိုးစိပ်ထက် ကူးစက်မှုနှုန်း ၁ ဒသမ ၇ ဆ ပိုမိုမြန်ဆန်ကြောင်း နှင့် ပြည်သူများအနေဖြင့် ဖြစ်နိုင်သမျှ ရောဂါကာကွယ်ရေး အစီအစဉ်များကို ပိုမိုပြုမူဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။


ထိုင်းပြည်သူများ ရိုးရာဆွန်ခရမ် နှစ်သစ်ကူးအားလပ်ရက်ပွဲတော် ကျင်းပရန် အသင့်ဖြစ်နေချိန်တွင် ယခုကဲ့သို့ COVID-19 ရောဂါ လှိုင်းအသစ် ရိုက်ခတ်လာခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှု ဆက်လက် မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို တင်းကြပ်စွာ ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။


ထိုင်းနိုင်ငံတွင် ယခုအချိန်ထိ COVID-19 ရောဂါကူးစက်ခံရသူ ၃၂,၆၂၅ ဦးရှိပြီး အပြည့်အဝ ပြန်လည်သက်သာပျောက်ကင်းသူ ၂၈,၂၁၄ ဦး ၊ လက်ရှိဆေးရုံတက်ရောက်ကုသမှုခံယူနေသူ ၄,၃၁၄ ဦးနှင့် သေဆုံးသူ ၉၇ ဦးအသီးသီး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

404 Not Found

404 Not Found


nginx