လီခေ့ချန်သည် ကန်စက်မှုနှင့်ကုန်သွယ်မှု လောကခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်
2021-04-14 14:14 source:CRI


  တရုတ်ဝန်ကြီးချုပ် လီခေ့ချန်သည် ဧပြီလ ၁၃ရက်နေ့က ပီကင်းမြို့၌ အမေရိကန် စက်မှုနှင့် ကုန်သွယ်မှု လောက ခေါင်းဆောင်များ ဗီဒီယိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အမေရိကန်-တရုတ်ကုန်သွယ်ရေးကောင်စီနှင့် အမေရိကန် နာမည်ကျော် နိုင်ငံ ဖြတ်ကျော် ကုမ္ပဏီ ၂၀ကျော်မှ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌနှင့် CEOများ တက်ရောက်ခဲ့ကြပါသည်။ လီခေ့ချန်သည် ၎င်းတို့နှင့် ကူးလူးဖလှယ်ပြီး မေးခွန်းများကို ဖြေကြားခဲ့ပါသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်း ပေါလ်ဆန်ရန်ပုံငွေအဖွဲ့ဥက္ကဋ္ဌ Henry Paulsonသည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  လီခေ့ချန်သည် အစည်းအဝေးသို့ တက်ရောက်သူများမှ တင်ပြသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရေး၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို နက်ရှိုင်းစေရေး စသောမေးခွန်းများကိုလည်း ဖြေကြားခဲ့ပါသည်။


404 Not Found

404 Not Found


nginx