ဒေါ်လာ (၇၀.၇၂)ဘီလီယံ ကမ်းလှမ်းမှု သဘောတူညီချက် စာချုပ် ချုပ်ဆိုပြီး စတုတ္ထ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ပိတ်ထားသည်
2021-11-11 source:Mingala news


စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အား နိုဝင်ဘာ ၁၀ ရက်တွင် ပိတ်သိမ်းခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ တစ်နှစ်တာဝယ်ယူခြင်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀.၇၂ ဘီလီယံ တန်ဖိုးရှိသော ကမ်းလှမ်းမှုသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း CIIE ဗျူရို လက်ထောက်ညွှန်ကြားရေးမှူး Sun Chenghai က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ယခုနှစ်၏ CIIE သည် နိုင်ငံ ၅၈ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃ ခုမှ ဒစ်ဂျစ်တယ်ပြခန်းများ ဖွင့်လှစ်ပြသခြင်း ပါဝင်သည့် အွန်လိုင်းပြပွဲတစ်ခုကို ပထမဆုံး ထည့်သွင်းပြသခဲ့သည်။ အွန်လိုင်းပြပွဲသို့ ဝင်ရောက်လေ့လာသူ အရေအတွက် စုစုပေါင်း ၅၈ သန်းကျော်ရှိခဲ့ကြောင်း Sun က ဆိုသည်။ ပြပွဲ ဧရိယာ (၃၆.၆)သောင်း စတုရန်းမီတာ ရှိသည်။