တော်ဘယ်ရီသီးမှည့်သည့်ရာသီဖြစ်ပါသည်။ ကျောင်းထုန်းမြို့ယန်ကျင်းကောင်တီပူးအာမြို့နယ် သန်းချောင်ကျေးရွာရှိ စတော်ဘယ်ရီ ဥယျာဉ်တွင် စတော်ဘယ်ရီသီးတန်းများ ကြီးထွားနေပြီး ပတ်ဝန်းကျင်ဒေသများမှ ခရီးသွားအများအပြားကို ရွေးယူမြည်းစမ်းရန် ဆွဲဆောင်လျက်ရှိသည်။


စတော်ဘယ်ရီကောက်ချိန်သည် ယခုနှစ် မတ်လကုန်မှ ဧပြီလဆန်းအထိ ကြာမြင့်ပြီးအရသာမျိုးကွဲ ခြောက်မျိုးရှိပါသည်။ မကြာသေးမီနှစ်များအတွင်း သန်းချောင်ကျေးရွာသည် ကျေးရွာအတွင်းရှိ လယ်မြေများ လည်ပတ်မှုကို ညှိနှိုင်းကာ ဒေသအခြေအနေအလိုက် စတော်ဘယ်ရီ စိုက်ပျိုးခြင်းကို ဖော်ဆောင်ခဲ့ပါသည်။


လက်ရှိ ဖန်လုံအိမ် ၂၅ လုံးသည် နှစ်စဉ် လတ်ဆတ်သော စတော်ဘယ်ရီတန်ချိန် ၃၀ ကို ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် အထွက်တန်ဖိုး ယွမ် ၁.၈ သန်းနှင့် အမြတ်ငွေ ယွမ် ၉၀၀,၀၀၀ ရှိပါသည်။

commendatory